ylliX - Online Advertising Network

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]

လားရှိုးမြို့ ယနေ့ညနေပိုင်း စစ်ကောင်စီ ဗုံးကြဲ၊ ဆိုင်ကယ်မောင်းနေသည့် အရပ်သား သေဆုံး – သျှမ်းသံတော်ဆင့်

သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၆ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီက နေ့စဥ် ဗုံးကြဲ တိုက်ခိုက်နေရာ ယနေ့ညနေ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကနဦး သိရှိရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ “နားမခေါ် ကားကြီးကွင်းနားက ရွှေတောင်ကြားဘက် ဗုံး ၃ လုံးကျတယ် ကြားတယ်။ ဆိုင်ကယ်စီးလာတာ ဗုံးထိလို့ တစ်ယောက်သေတယ်၊ တစ်ယောက် ဒဏ်ရာပြင်းတယ် ကြားတယ်။ လေယာဉ် ထပ်လာအုံးမလား မသိဘူး” ဟု […]

လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ သုံးဦးသေဆုံး – Myanmar Now

ကိုးကန့်တပ်(MNDAA)သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ယနေ့(အောက်တိုဘာ ၁၄) နံနက် ၁ နာရီ မထိုးမီတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးသွားသည်ဟု သိရသည်။ မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် ထိုရွာကို  ဗုံး ၇ လုံး ချခဲ့သည်၊  အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု MNDAA ဖွဲ့စည်းထားသည့် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ထံက သိရသည်။ ထိခိုက်သွားသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးပေ။လားရှိုးမြို့ကို မသိမ်းခင်က အီနိုင်းကျေးရွာတွင် MNDAA  တပ်စွဲခဲ့ဖူးသော်လည်းယခု  တပ်စွဲခြင်း မရှိဟု MNDAA အဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “တပ်တွေတော့ မရှိပါဘူး၊ ဒီအတိုင်း ပြည်သူကိုလာကြဲတာပဲဖြစ်နိုင်တယ်၊ ဒလန် (သတင်းပေး)ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီမှာကတော့ (ဖုန်း၊ အင်တာနက်) […]