(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]
ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် နိုင်ငံအလယ်ပိုင်းဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ အင်အားထောင်ဂဏန်းရှိသော BPLA သည် တပ်များကို အပြောင်းအရွှေ့ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀ ခေါ်ယူရန် စီစဉ်ထားရာ ၄၀၀ ခန့်ကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည်အလယ်ပိုင်းသို့ စစ်ရေးလှုပ်ရှားတော့မည့်အကြောင်း BPLAခေါင်းဆောင်ဖြစ်သူ မောင်ဆောင်းခက Facebook တွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်မှု တစ်နှစ်ပြည့်သည့် ယမန်နေ့က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA) တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့၏ ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များထဲတွင် BPLAလည်း ပါဝင်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် […]
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]