ylliX - Online Advertising Network

မျောက်ကျောက်ရောဂါက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ရှိနေဆဲဟု WHO ပြော

ဂျီနီဗာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) မျောက်ကျောက်ရောဂါဖြစ်ပွားမှု တစ်ရှိန်ထိုးမြင့်တက်လာခြင်းက နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)……………………..(English Version)Mpox still public health emergency: WHOGENEVA, Nov. 22 (Xinhua) — The upsurge of mpox continues to constitute a public health emergency of international concern, the World Health Organization (WHO) said on Friday.Photo: A child caught […]

ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းရန် ဆန္ဒရှိသည့် တစ်ချိန်တည်းတွင်ပင် မည်သည့် အခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားကြောင်း ပူတင်က ပြောကြား

မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က အနောက်နိုင်ငံထုတ် ဒုံးကျည်များ အသုံးပြု၍ ရုရှားနိုင်ငံကို တိုက်ခိုက်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား ကမ္ဘာလုံးဆိုင်ရာ သဘော ဖြစ်စေကြောင်း၊ ရုရှားနိုင်ငံသည် အဆိုပါပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း၊ တစ်ချိန်တည်းတွင်ပင် မည်သည့်အခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရုပ်မြင်သံကြား မိန့်ခွန်း၌ ပြောကြားခဲ့သည်။ယင်းမတိုင်မီ အမေရိကန်နိုင်ငံနှင့် ၎င်း၏ NATO မဟာမိတ်များက ရုရှားနိုင်ငံ ပိုက်နက်တွင် ၎င်းတို့၏ တာဝေးပစ် တိကျသော ပဲ့ထိန်းလက်နက်များ အသုံးပြုခြင်းကို ခွင့်ပြုကြောင်း ကြေညာလိုက်ခြင်းသည် ပဋိပက္ခအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ပူတင်က မိန့်ခွန်း၌ပြောကြားခဲ့သည်။ ရုရှားနိုင်ငံဘက်က လက်နက်ထုတ်လုပ်သည့် နိုင်ငံများမှ ပညာရှင်များ […]

ဂျာမနီက ယူကရိန်းကို AI ဒရုန်းယာဉ်များ ပံ့ပိုး ၊ တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးခြင်းက တင်းမာမှုအရှိန်အဟုန်ကို မြင့်တက်စေမည်ဟု ရုရှားပြောကြား

ကိဗ်/မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ယူကရိန်းကို ဂျာမနီ လက်နက်ထုတ်လုပ်သူက AI နည်းပညာ တိုက်ခိုက်ရေး ဒရုန်းယာဉ် အစင်း ၄,၀၀၀ပံ့ပိုးမည် ဖြစ်သည်ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က အတည်ပြုပြီးဖြစ်ကြောင်း 《Ukrainska Pravda》က ဂျာမနီ《Bild》သတင်းအား ကိုးကား၍ နိုဝင်ဘာ ၁၈ ရက်က ဖော်ပြခဲ့သည်။အနောက်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပြီး ရုရှားပစ်မှတ်များကို တိုက်ခိုက်ခြင်းက တင်းမာမှု အရှိန်အဟုန်ကို မြင့်တက်စေမည် ဖြစ်ကြောင်း ရုရှားဘက်က သတိပေး ပြောကြားခဲ့သည်။ 《Bild》သတင်းတွင် ဂျာမနီ ပံ့ပိုးသည့် ဤအသုတ် ဒရုန်းယာဉ်များမှာ ဂျာမနီ AI လက်နက်ထုတ်လုပ်သူ Helsing ကုမ္ပဏီမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး ဒီဇင်ဘာလတွင် အသုတ်အလိုက် […]

ချွမ်းရှီးဒေသ၏ ပန်းချီကားသဖွယ် လှပသော ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အလှရှုခင်းများ

စီချွမ်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဆောင်းဦးရာသီနှင့် ဆောင်းရာသီ၌ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချွမ်းရှီးဒေသတွင် အရောင်အသွေးစုံလင်သော၊ ကဗျာဆန်၍ ပန်းချီကားသဖွယ် လှပသော နှင်းတောင်များ၊ ရောင်စုံသစ်တောများ၊ အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်များက လှပသော ရှုခင်းပန်းချီများသဖွယ် ဖြစ်ပေသည်။ (Xinhua) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၊ ကန်ကျီဇန့်လူမျိုးများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ခန်းတိန့်မြို့ ၊ ကျာကန်းပါ့မြို့နယ်တွင်  ကုန့်ကာ နှင်းတောင်အား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-CICPHOTO) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၊ ကန်ကျီဇန့်လူမျိုးများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တောက်ဖူခရိုင်တွင်  ရောင်စုံသစ်တောများနှင့် နှင်းတောင်များကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-CICPHOTO) ………………………. (Chinese Version) 川西秋冬美如画 秋冬时节,四川省川西地区色彩斑斓、如诗如画,雪山、彩林、蓝天、白云构成了一幅幅美丽的画卷。 图说1/2:2024年10月30日,在四川省甘孜藏族自治州康定市甲根坝镇拍摄的贡嘎雪山。CICPHOTO/磨桂宾 摄 图说3:2024年10月31日,在四川省甘孜藏族自治州道孚县拍摄的彩林和雪山。CICPHOTO/磨桂宾 摄 […]

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် လီမာမြို့၌ တွေ့ဆုံဆွေးနွေး

လီမာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် လီမာမြို့၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄ နှစ်ကြာကာလက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျအပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် နှစ်ဖက်အဖွဲ့ကို လမ်းညွှန်ကာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ လမ်းညွှန်အခြေခံမူအချို့ကို အတည်ပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် အတူတကွ တွန်းအားပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ၂၀ ကျော်ကို ပြန်လည်တည်ဆောက်မှုနှင့် အသစ်တည်ဆောက်မှုပြုနိုင်ခဲ့ကြောင်း၊ […]

သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တုကို Long March-4B Y53 သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၁၄ ရက် နံနက် ၆ နာရီ ၄၂ မိနစ်က ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) မှ သိရသည်။ သယ်ဆောင်ရေးဒုံးပျံ၏ ပျံသန်းမှုမှာ ပုံမှန်ဖြစ်ပြီး ဂြိုဟ်တုအား သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ရာ မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။ သမုဒ္ဒရာ ဆားအငန်ဓာတ် ထောက်လှမ်းရေး ဂြိုဟ်တုသည် တရုတ်နိုင်ငံ အရပ်ဘက်သုံး အာကာသ အခြေခံအဆောက်အဦများအနက် သိပ္ပံသုတေသနရေးရာဂြိုဟ်တု ဖြစ်ပြီး Haiyang 4-01 ဟု ခေါ်ပေသည်။ ဂြိုဟ်ပတ်လမ်းကြောင်းသို့ […]

ယူနန်ပြည်နယ်၊ လိကျန်းမြို့တွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက်အရှိန် ဆက်လက် မြင့်တက်လာ

လိကျန်း(ယူနန်)၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့သည် ကမ္ဘာ့ယဉ်ကျေးမှု ခရီးသွားလာရေးမြို့အဖြစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လိကျန်းရှေးဟောင်းမြို့၊ ယွိလုန်နှင်းတောင်စသည့် ရှုခင်းသာနေရာများ၏ အရည်အသွေးကို ဆက်လက်မြှင့်တင်ခြင်း၊ ဝန်ဆောင်မှု အာမခံချက် အစီအမံများ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လိကျန်းမြို့တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၆၈.၆၆၃ သန်းကို ကြိုဆိုလက်ခံခဲ့ပြီး ကာလတူထက် ၂၀.၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ (Xinhua) လိကျန်းရှေးဟောင်းမြို့၌ လာရောက်လည်ပတ်နေကြသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလ ၁၀ ရက်က […]

7th CIIE – “တရုတ်စီးပွားရေးအပေါ် ကျွန်တော်တို့ အပြည့်အဝ ယုံကြည်မှု ရှိတယ်”_____ CIIE ၌ ပါဝင်ပြသကြသည့် ပြင်သစ်ကုန်သည်လုပ်ငန်းရှင်များ၏ တူညီသော စကားသံ

ပဲရစ်/ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) “ကျွန်တော်တို့ တစ်ခါတလေ မီဒီယာတွေမှာ တွေ့ရတာက တရုတ်စီးပွားရေးနဲ့ပတ်သက်တဲ့ မကောင်းစကားတွေပေါ့။ ဒါပေမဲ့ တကယ် ဒီကို ရောက်လာတော့၊ ကျွန်တော်တို့ မြင်တွေ့ရတာတွေအားလုံးက စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲမှုတွေ၊ အသစ်အသစ်တွေ၊ ဒါက ကျွန်တော်တို့ကို တရုတ်စီးပွားရေးအပေါ် အပြည့်အဝ ယုံကြည်မှုရှိစေတယ်”CIIE ခရီးစဉ်တိုင်းက ပြင်သစ် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အသင်း ဥက္ကဋ္ဌ Daniel Sauvaitre ၏ တရုတ်နိုင်ငံအပေါ် ခံစားချက်ကို ပို၍ စစ်မှန်မှု၊ ပို၍ ပုံပေါ်မှု၊ ပို၍ပြည့်စုံမှု ရှိစေခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်သည် တရုတ်-ပြင်သစ် သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့်နှစ် ဖြစ်ပြီး ပြင်သစ်နိုင်ငံသည် သတ္တမမြောက် […]

ကဗျာဆန်သော တရုတ်နိုင်ငံ- စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ

ကွေ့လျင် (ကွမ်ရှီး)၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ” စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ” ဟု ထန်မင်းဆက် ကဗျာဆရာ ဟန်ယွိက ကွေ့လျင်မြို့ တောတောင်ရေမြေအသွင်သွင်၏ သာယာလှပေသော ရှုမြင်ကွင်းများအား သက်ဝင်စွာ တင်စားဖော်ကျူးရေးသားခဲ့သည်။ကွေ့လျင်မြို့သည် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ချင်ရှီဟွမ်က လျင်နန်ဒေသတွင် ကွေ့လျင် ၊ ရှန့်၊ နန်ဟိုင် ဟူ၍ ပြည်နယ် ၃ ခု သတ်မှတ်ခဲ့ရာမှ ကွေ့လျင်ဟု၍ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ယွိကွေ့ (ပင်လုံးကြိုင်) အပင်များ ပေါများခြင်းကြောင့် အမည်တွင်ရခြင်း ဖြစ်သည်။ ဤနေရာရှိ ရေမြေတောတောင်များက ပန်းချီကားသဖွယ် အလွန်သာယာလှပရာ […]

လက်ဘနွန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ၂၀၀၆ ခုနှစ် လက်ဘနွန်-အစ္စရေး ပဋိပက္ခဖြစ်စဉ်ကာလထက် ပိုဆိုးရွားကြောင်း ကုလသမဂ္ဂက ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် ယနေ့လက်ဘနွန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ကာလထက် ပိုမိုခက်ခဲဆိုးရွားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုဝင်ဘာ ၂ ရက် နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများကြောင့် လက်ဘနွန်တွင် လူပေါင်း ၂,၈၆၇ ဦး သေဆုံးပြီး ၁၃,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အရွယ်မရောက်သေးသူ ၁၈၀ ခန့်နှင့် အမျိုးသမီး ၆၀၀ ခန့် ပါဝင်ကြောင်း သိရသည်။လက်ဘနွန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် လတ်တလောရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း၊ အစ္စရေးစစ်တပ်က လက်ဘနွန်အရှေ့ပိုင်းရှိ […]