ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် ယနေ့လက်ဘနွန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ကာလထက် ပိုမိုခက်ခဲဆိုးရွားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုဝင်ဘာ ၂ ရက် နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများကြောင့် လက်ဘနွန်တွင် လူပေါင်း ၂,၈၆၇ ဦး သေဆုံးပြီး ၁၃,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အရွယ်မရောက်သေးသူ ၁၈၀ ခန့်နှင့် အမျိုးသမီး ၆၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
လက်ဘနွန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် လတ်တလောရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း၊ အစ္စရေးစစ်တပ်က လက်ဘနွန်အရှေ့ပိုင်းရှိ ဘားလ်ဘက်ခ်မြို့၊ တောင်ပိုင်းရှိ Nabaṭiyya မြို့နှင့် မြို့တော်ဘေရွတ် တောင်ပိုင်းဆင်ခြေဖုံး စသည့်နေရာများရှိ ပြည်သူများကို ဆုတ်ခွာရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး မကြာမီတွင် ယင်းဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများနှင့် အဓိကအခြေခံအဆောက်အအုံများစသည်တို့ ပျက်စီးသွားသဖြင့် ဆေးရုံအများအပြားသည် အလုပ်ဝန်ပိနေပြီး အချို့သော ဆေးရုံများရှိ သွေးဌာနတွင် သွေးအရေးတကြီး လိုအပ်နေပြီး ဒဏ်ရာရလူနာများ လျင်မြန်စွာများပြားလာမှုကို ကိုင်တွယ်ရန် သွေးအလှူရှင်များ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောကြားခဲ့သည်။
စဉ်ဆက်မပြတ် အရှိန်အဟုန် မြင့်တက်လာသော ပဋိပက္ခများသည် လက်ဘနွန်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၁,၀၀၀ ကျော်ကို ထိခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ ၁,၃၀၀ ခန့်သည် ဆေးကုသရေးဆိုင်ရာစနစ် ပြိုလဲခါနီး အခြေအနေတွင် ကလေးမွေးဖွားခဲ့ရကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
အောက်တိုဘာ ၄ ရက်မှစ၍ လက်ဘနွန်တွင် နေ့စဉ် အနည်းဆုံး ကလေးတစ်ဦး သေဆုံးပြီး ကလေးငယ် ၁၀ ဦး ဒဏ်ရာရရှိလျက်ရှိကြောင်း ယူနီဆက်ဖ်၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ပဋိပက္ခသည် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆက်တိုက် ဆိုးရွားစွာ ထိခိုက်စေကြောင်း ယင်းအဖွဲ့က သတိပေးခဲ့သည်။
လက်ဘနွန်ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Imran Riza က သာမာန်ပြည်သူလူထုများနှင့် အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး ပဋိပက္ခတွင် ပါဝင်သူအားလုံးသည် ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပြည်သူများအား ကာကွယ်ရန် တိုက်တွန်းခဲ့သည်။
အစ္စရေးစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခြင်းကြောင့် ဘားလ်ဘက်ခ်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း၊ လက်ဘနွန်သို့ အခြားနိုင်ငံများမှ ဆေးဝါးထောက်ပံ့မှုများသည်လည်း လေဆိပ်အနီးတွင် မကြာခဏ တိုက်ခိုက်ခံရမှုများကြောင့် ပို့ဆောင်မှု နှောင့်နှေးခဲ့ရကြောင်း Riza က ရိုက်တာ သတင်းထောက်အား အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
联合国:黎巴嫩人道状况比2006年黎以冲突时更糟
新华社北京11月4日电 联合国人道主义事务协调厅2日在最新一期报告中说,由于以色列持续空袭和轰炸,黎巴嫩如今的人道主义状况比2006年黎巴嫩与以色列爆发大规模冲突时更严峻。
本轮巴以冲突去年10月爆发以来,以军行动已导致黎方2867人死亡,超过1.3万人受伤。死者包括约180名未成年人、600名妇女。
报告说,黎巴嫩人道状况最近几天愈发恶化,以军多次要求黎巴嫩东部巴勒贝克、南部奈拜提耶和首都贝鲁特南郊等地的民众撤离,随后对这些区域展开空袭。
联合国人道主义事务协调厅说,由于医疗机构等关键基础设施遭空袭破坏,许多医院超负荷运转,有的医院血库告急,亟需人员献血以应对伤员激增状况。
联合国人口基金的数据显示,不断升级的冲突已经影响黎巴嫩超过1.1万名孕妇,其中约1300人不得不在医疗系统濒临崩溃的情况下分娩。
联合国儿童基金会的数据显示,10月4日以来,黎巴嫩每天至少有一名儿童丧生,10名儿童受伤。这一机构警告,冲突持续给儿童的身心健康造成严重创伤。
联合国派驻黎巴嫩的人道主义协调员伊姆兰·里扎谴责针对平民和基础设施的袭击,呼吁冲突方立即停止敌对行动、保护民众。
里扎早些时候告诉路透社记者,由于以军持续空袭,向巴勒贝克地区运送援助物资的安排被迫推迟,其他国家向黎巴嫩提供的医疗物资也因机场附近频繁遇袭被迫推迟运送。(包雪琳)
图说1:这是11月1日在黎巴嫩贝卡省拍摄的遭以色列空袭后的废墟。新华社发(马希尔·卡马尔摄)
图说2:这是10月29日在黎巴嫩贝卡谷地拍摄的遭受以色列空袭后的废墟。新华社发(马希尔·卡马尔摄)