“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ကုန်သွယ်ရေး အနေနဲ့ရော စစ်ရေးအခြေအနေနဲ့ရော အရပ်သားတွေရဲ့ အခြေအနေရော အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြောလို့ရလား။ ဒီကိစ္စ အခြေအနေကို သုံးသပ်ပေးပါအုံး။ ဖြေ။ ။ ဒီကိစ္စ အခြေအနေ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး၊ စစ်ရေး အခြေအနေရယ်၊ နောက်ပြီး လူမှုရေး အခြေအနေလို့ခေါ်တဲ့ အရပ်သားတွေရဲ့ အခြေအနေ အားလုံးဟာ အကျပ်အတည်းထဲ ဆိုက်ရောက်နေတယ်ဆိုတာ ဘာမှငြင်းစရာမလိုပါဘူး။ […]
သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ […]