ylliX - Online Advertising Network

တရုတ်၏ မြန်မာမူဝါဒ မျှခြေပျက်ယွင်းခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ – Myanmar Now

ယနေ့ မြန်မာ့အရေးတွင် အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ပထဝီနိုင်ငံရေး နှင့် စီးပွားရေး၊ ဒေသတွင်း တရုတ်၏ဩဇာချဲ့ထွင်ရေးနှင့် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများကို ၎င်း၏လောင်းရိပ်အောက်တွက်သာ ရှင်သန်စေရေး စသည့် အကြောင်းချင်းရာများက လွှမ်းမိုးထားသည်။  အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရ ချိန်၊ ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်း၏ ပြစ်ပယ်ထားခြင်း ခံထားရချိန်၊ တရုတ်နိုင်ငံ၏ အကူအညီနှင့် အကာအကွယ်ကို အရေးတကြီးရှာဖွေလာခြင်းအပေါ် တရုတ်အစိုးရသည် “မြန်မာအခက်၊ တရုတ်အချက်” ဟု ကောင်းစွာတွက်ချက် အသုံးချပြီး၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ အတားအဆီးမဲ့ကုန်သွယ်နိုင်ခွင့်၊ မြန်မာ့သယံဇာတများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်ခွင့် နှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းမှ အကျိုးစီးပွား များကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် စစ်ရေးအရ စွက်ဖက်နိုင်သော မဟာအခွင်အလမ်းကြီး ရရှိသွားပြီ […]