ylliX - Online Advertising Network

Samsung Myanmar မှ မြင်သာမြို့ဦး ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း | Myanmar Tech Press

Samsung Myanmar Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား မြင်သာမြို့ဦး ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သွားရောက်လှုူဒါန်းခဲ့သည်။ Image: Samsung အဆိုပါ လှူဒါန်းမှုအခမ်းအနားအား Samsung Myanmar အဖွဲ့သားများနှင့်အတူ နိုင်ငံကျော် အနုပညာရှင် မေတိုးခိုင်လည်း တက်ရောက်ခဲ့ပြီး ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးပျော်ရွှင်စွာ အမှတ်တရများကို ဖန်တီးခဲ့ကြသည်။ ထို့နောက်တွင်မှ Samsung Myanmar အဖွဲ့သားများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာများကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။ […]

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား – iMyanmarHouse.com

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk သည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်မှ မာရာလာဂိုစံအိမ်ကြီးတွင်သာ နေ့တိုင်းလိုလို ထရမ့်နှင့် အတူနေထိုင်လျက်ရှိသည်။ ထရမ့်ကလည်း သူ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ပြောသည်။ နိုဝင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီတွင် ရီပတ်ဘလီကန် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထရမ့်က ပြောခဲ့သည်မှာ “Elon က အိမ်ပြန်လိမ့်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို မစွန့်လွှတ်နိုင်ဘူး။ အနည်းဆုံးပြောရရင်တော့ ကျွန်တော်သူ့ကို သဘောမကျတော့တဲ့ အချိန်အထိပေါ့” ဟု ဆိုသည်။ မာရာလာဂိုစံအိမ်ကြီးတွင် Elon Musk ကို နေ့တိုင်းနီးပါး တွေ့နေရခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ မကြာမီရောက်လာတော့မည့် ထရမ့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် […]

Facebook မှာ Elon Musk အယောင်ဆောင်ပြီး ဒေါ်လာ ၂၅၀,၀၀၀ လိမ်တဲ့ အမျိုးသားကို ဖမ်းဆီး – MyTech Myanmar

Skip to content အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှ အမျိုးသား တစ်ယောက်ဟာ Facebook မှာ Elon Musk အယောင်ဆောင်ပြီး အသက် ၇၄ နှစ်အရွယ် အဖွားအို ထံကနေ ဒေါ်လာ ၂၅၀,၀၀၀ လိမ်လည်ခဲ့တဲ့အတွက် ရဲက ဖမ်းဆီးလိုက်ပါတယ်။ လိမ်လည်သူဟာ အသက် ၅၆ နှစ်အရွယ် Jeffrey Moynihan, Jr ဖြစ်ပြီး Bradenton မှ စီးပွားရေးလုပ်ငန်းပိုင်ရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လိမ်လည်မှုနဲ့ အခုတော့ ဖမ်းဆီးထားပါတယ်။ Jeffrey ဟာ ၂၀၂၃ ခုနှစ်မှာ အဖွားအိုကို Facebook မှာ Elon Musk အယောင်ဆောင်ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ သူဟာ လပေါင်းများစွာ Facebook မှာ […]

ကိုးဒစ်ခြောက်အိမ်စုအနီးတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

နိုဝင်ဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကိုးဒစ်ခြောက်အိမ်စု ကျေးရွာအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာဘုန်းကြီးကျောင်း တောင်ကုန်းအနီးမှ အမ်(၁၆) -၁ လက်ကျည်အိမ် -၂ ခုကျည် -၂၀ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link

အကြမ်းဖက် PDF များ၏ မိုင်းထောင်ဖောက်ခွဲမှုသတင်းများ – PCT NEWS HOMEPAGE

-နိုဝင်ဘာ ၁၉ ရက်နေ့ ၁၁၃၀ နာရီတွင် ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရိလမ်းတွင်နေထိုင်သော ဦးရွှေသောင်း(၆၉)နှစ်သည် ပလောက် မြို့၊ ပြည်ခြားကျေးရွာသို့ ဈေးရောင်းချ၍ နေအိမ်သို့ပြန်လာစဉ် ပလောက်မြို့နယ်၊ နန်းပရုပ်ကျေးရွာသို့ အရောက်၌ ခေတ္တရပ်တန့်၍ အပေါ့သွားစဉ် အကြမ်းဖက် PDF များထောင်ထားသည့် မိုင်း ၁ လုံးအား တိုက်မိ ပေါက်ကွဲခဲ့ရာ ဦးရွှေသောင်းတွင် ယာခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့။ -နိုဝင်ဘာ ၁၉ ရက် ၁၂၀၀ နာရီတွင် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ […]

BTS အဖွဲ့၀င် Jin ၏ အယ်လ်ဘမ်အသစ်ကို ဂုဏ်ပြုရန်အတွက် TikTok မှ #HappyProject ကို မိတ်ဆက် | Myanmar Tech Press

နို၀င်ဘာလ ၁၅ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ဖြန့်ချိခဲ့သည့် ၂၁ရာစု၏ ပေါ့ပ်အိုင်ကွန်ဖြစ်သည့် BTS အဖွဲ့၀င် Jin ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် Happy ကို ဂုဏ်ပြုရန်အတွက် TikTok သည် Jin နှင့်အတူ ပူးပေါင်းပြီး multimedia ကမ်ပိန်းအသစ်ဖြစ်သည့် #HappyProject ကို မိတ်ဆက်ခဲ့ပါသည်။ သီချင်းများရှာဖွေတွေ့ရှိမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်သည့် TikTok ၏ immersive hub အသစ်သည် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် ပရိသတ်များ အပြန်အလှန်တွေ့ဆုံဆက်ဆံနိုင်ပြီး TikTok အက်ပ်အတွင်း၌သာရရှိနိုင်သည့် အထူးသီးသန့်အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။ #HappyProject ကမ်ပိန်းတွင် Jin ၏ အသစ်ထွက်ရှိမည့်အယ်လ်ဘမ်ကို ဂုဏ်ပြုရင်း ကြည့်ရှုခံစားနိုင်မည့် အထူးသီးသန့်အတွေ့အကြုံအသစ်များစွာပါဝင်သည်။ TikTok တွင် ‘Jin’ သို့မဟုတ် ‘BTS’ ကို ရှာဖွေခြင်းဖြင့်တွေ့ရှိနိုင်သည့် Happy ထွက်ရှိမှုကို ဂုဏ်ပြုရန် […]

သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ တော်လှန် ရေးတပ် တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၇ မြို့ရှိပြီလို့ သတင်းများက ဆိုကြပါတယ်။  People’s Spring က ယနေ့သတင်းမှာ  အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်ထားတယ်လို့ နိုဝင်ဘာ ၁၄ ရက် မနက်အ စောပိုင်းက ထုတ်ပြန်တဲ့ “အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်”မှာ ဖော်ပြထားပါတယ်လို့ ရေးပါတယ်။  လတ်တ လော ကချင်ပြည်နယ်ဘက်မှာ နောက်ဆုံးမြို့ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြန်မာ-တရုတ်နယ်စပ်က မြို့ငယ် လေးဖြစ်တဲ့ ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် […]

“မြို့ ၁၂ ခုသိမ်းပြီး တစ်နှစ်ပြည့်သွားတဲ့ AA”

Author CJ Platform Categories Published on Nov 17, 2024 “မြို့ ၁၂ ခုသိမ်းပြီး တစ်နှစ်ပြည့်သွားတဲ့ AA” Source link

vivo ရဲ့ Y series မှာ “Y So Powerful, Y So Cool “ဆိုတဲ့ ဆောင်ပုဒ်နဲ့ အသစ်ထွက်ရှိလာတဲ့ Y19s – MyTech Myanmar

Skip to content vivo ကတော့ အကြမ်းခံပြီး ဒီဇိုင်းလှပတဲ့ Y19s ကိုစျေးနှုန်း ၅၉၉၈၀၀ ကျပ်နဲ့ စတင်ကြေငြာရောင်းချခဲ့ပါပြီ။ ဒီနေ့ခေတ်စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးလိုတဲ့ရည်ရွယ်ချက်နဲ့ တိုးတက်သောနည်းပညာများကို vivo ရဲ့ ဖုန်းအမျိုးမျိုးမှာ မြင်တွေ့ရနိုင်မှာပါ။ vivo Y19s မှာ ရေခဲတောင်တန်းတွေရဲ့ လှပတဲ့ သဘာဝတရားကိုဖော်ပြတဲ့ Glacier Blue နဲ့ စိန်ပွင့်လေးများသဖွယ်တောက်ပရွှန်းလက်ပြီး ကျက်သရေရှိတဲ့ Glossy Black ဆိုတဲ့ အရောင်နှစ်မျိုးရွေးချယ်နိုင်မှာပါ။ ၁၉၈ ဂရမ်သာလေးပြီး ၈.၁ မီလီမီတာသာထူတဲ့  ပါးလွှာပေါ့ပါးတဲ့ဖုန်းထဲမှာ 5500 mAh ကိုထည့်သွင်းပေးထားတာကြောင့် တနေ့တာဖုန်းအသုံးပြုမှုမှာ လုံလောက်တဲ့ စွမ်းအင်ပမာဏကိုပေါ့ပါးသွက်လက်စွာသယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ လှပတဲ့ အမှတ်တရများကိုဖမ်းယူနိုင်စေရန် ကျောဖက်တွင် 50MP HD main Camera နှင့်ယင်းကိုကူညီထောက်ပံ့ပေးသောကင်မရာတစ်လုံး […]

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြို့ ၄ မြို့ ထပ်သိမ်းတော့မည်ဟု AA ဆို  – Myanmar Now

တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် မြို့နယ် ၄ ခုကိုလည်း  ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် ယမန်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  “ တစ်နှစ်တာကာလအတွင်းမှာ ULA/AA က သိမ်းပိုက်ခဲ့တဲ့ မြို့နယ်စာရင်းကတော့ အားလုံးပေါင်း ၁၁ ခု ပေါ့နော်။ အဲ့ဒီ ၁၁မြို့နယ်ကတော့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။  AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား ၊ […]