ဒီတစ်ပတ် (နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ)အတွင်း တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူ တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်ခဲ့ပါတယ်။ ကထိန်ရာသီဖြစ်တာကြောင့် အလှူခံမဏ္ဍပ်တွေကဖွင့်တဲ့ ဆောင်းဘောက်နဲ့ လော်စပီကာအသံတွေနဲ့ ပဒေသာပင်လှည့်တဲ့ ကားပေါ်က အသံကျယ်ကျယ်တွေကြောင့် ဒေသခံတွေ အတိဒုက္ခတွေ့ခဲ့ကြရတာတွေ အပြောများခဲ့ကြပါတယ်။ သတင်းတွေဘက်မှာဆိုရင် ထူးထူးခြားခြားနဲ့ အမှတ်ရစရာအနေနဲ့ ရခိုင်ပြည်က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ တစ်နှစ်ပြည့်သွားပါတယ်။ နောက်ပြီး လူငယ်ယောကျ်ားလေးချင်း ချစ်နှစ်သက်တဲ့အကြောင်းရေးတဲ့ ဝတ္ထုထုတ်ဝေသူတွေ စစ်ကောင်စီရဲ့ အရေးယူခံရမယ့်သတင်း၊ ကြက်ပျံမကျ စည်ကားနေတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသတင်းတွေ၊ အညာဒေသ ပုလဲမြို့နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ရှမ်းမြောက် တအာင်းဒေသ ဗုံးကြဲခံရလို့ ဒေသခံတွေ အထိနာရတဲ့သတင်းတွေနဲ့အတူ အထူးခြားဆုံးသတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ “မြို့ ၁၂ ခုသိမ်းပြီး တစ်နှစ်ပြည့်သွားတဲ့ AA” ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)ရဲ့ […]
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ နပခရှိတဲ့ အမ်းအပါအဝင် မြို့လေးမြို့ကို သိမ်းယူနိုင်တော့မယ်လို့ AA ပြော ပုံစာ – အမ်းမြို့မှာ ဗျူဟာကုန်းတွေအပြင် တပ်ရင်း၊ တပ်ခွဲတွေ ရှစ်ခုကို AA က သိမ်းယူထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ အမ်းမြို့နယ်အပါအဝင် မြို့နယ်လေးခုကို သိမ်းယူနိုင်တော့မယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ရခိုင်မှာ တစ်ကျော့ပြန်စစ်ရေးဟာ နိုဝင်ဘာလ ၁၃ ရက်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး အဲဒီတစ်နှစ်တာကာလအတွင်းမှာ ပြည်နယ်အတွင်းက မြို့နယ် ၁၀ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA […]
We gebruiken cookies en gegevens voor het volgende: Google-services leveren en onderhouden Uitval bijhouden en bescherming bieden tegen spam, fraude en misbruik Doelgroepbetrokkenheid en sitestatistieken meten om inzicht te krijgen in hoe onze services worden gebruikt en de kwaliteit van die services te verbeteren Als je Alles accepteren kiest, gebruiken we cookies en gegevens ook […]
ဒီတစ်ပတ် (နိုဝင်ဘာ ၄ ကနေ ၉ ရက်နေ့အထိ) အတွင်း စစ်ခေါင်းဆောင် တရုတ်ရောက်နေခဲ့ပါတယ်။ စစ်ကောင်စီတင်တဲ့ မြန်မာ့အတာသင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်သွားပါတယ်။ တော်လှန်ရေးတိုက်ပွဲသတင်းတွေဘက်မှာတော့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော် AA တပ်တွေ အောင်ပွဲအလီလီ ဆက်ရနေပါတယ်။ တဖန် ကချင်က မြေရှားထွက်ဒေသတွေကို KIA/PDF သိမ်းလိုက်နိုင်လို့ ကမ္ဘာမှာ မြေရှားဈေးဆက်တက်လာတဲ့ သတင်းတွေကလည်း ထူးပါတယ်။ NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွယ်သွားတဲ့သတင်းတွေအပါအဝင် တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။ “စစ်ခေါင်းဆောင် တရုတ်ပြည်သွား တောလား” ၂၀၂၁ အာဏာသိမ်းအပြီး လေးနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ကို ဒီတစ်ပတ်ထဲမှာ ပထမဆုံး သွားခဲ့ပါတယ်။ အဲဒီကို […]
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး ပုံစာ – KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ၂၀၂၃ခုနှစ် အောက်တိုဘာလ ၉ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး […]