အမျိုးသားညီညွတ်ရေး အစိုးရ ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအချို့ မိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ နှင့် မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွတ်ကူရန်အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ကာ ပြုပြင်ပေးနေကြောင်း ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ တော်လှန်ရေး လှုပ်ရှားမှုများ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဥ်မှ ပြန်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက […]
အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် နွေဦးဖွံဖြိုးရေးဘဏ် (SDB) က ရှယ်ယာ များကို ဒုတိယအကြိမ် စတင်ရောင်းချနေပြီး လေးနာရီအတွင်း တိုကင်ဝယ်ယူမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော်ရှိကြောင်း SDB က နိုဝင်ဘာလ ၁၅ ရက်နေ့ က ကြေညာသည်။ မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉) ဌာနချုပ် တိုက်ခိုက်ခံရမှု၌ လေကြောင်းရန် ကာကွယ်ရေးစနစ် ပေါ့လျော့မှုဖြင့် လေကြောင်းအရာရှိ ၂ ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တာဝန်ခံ ဦးနောင်ချို၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြ ထားသည်။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တစ်နှစ်ပြည့် […]
အမျိုးသားညီညွတ်ရေး အစိုးရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာ ထိုးစစ်ထိရောက် နိုင် ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်” တွင် ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း အားလုံးအတွက် ထောက်ပံ့မှု တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို […]