၂. ၁၁. ၂၀၂၄Written by Tha Doe နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမတစ်ဦးအား ယနေ့နံနက်ပိုင်းတွင် သတ်ဖြတ်လုယက်မှုကျူးလွန်သူ အထက်ပါကျောင်းမှ ဒုတိယနှစ်ကျောင်းသားတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်း အတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ(၆၁)နှစ် (ဘ)ဦးညွန့်မောင်၏နေအိမ်၌ အဆိုပါ ကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်သူ မျိုးမင်းသူ(၁၉)နှစ်သည် နေအိမ် အတွင်း ဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့်အတူနေ ကျောင်းဆရာမ ဒေါ်အွန်စော(၂၂)နှစ် (ဘ)ဦးကျော်စွာထွန်းတို့အား ဓားဖြင့် ထိုးခုတ်၍ နေအိမ်အတွင်းရှိ […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း Source link
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း – ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဦးစီးအရာရှိအဆင့် အရာရှိသင်တန်းသား (၂၀)နှင့် တွေ့ဆုံ moiuser Mon, 10/28/2024 – 19:04 iFrame is not supported! Source link
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်၌ ယနေ့ ကျင်းပ – Myanmar Transparency News Source link
စက်တင်ဘာလမှစတင်ကာ နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားပြန် အသက် ၄၀ ကျော် စစ်အရာရှိများက ရုရှားဘာသာစကား သုံးလကြာ သင်တန်းပေးနေသည်ဟု သိရသည်။ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာနတို့မှ အရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်ဟု ဆိုသည်။ ၂ နာရီကြာသည့် သင်တန်းများကို တစ်ပတ်လျှင် ၅ ရက် တက်ရသည်၊ ဌာနတစ်ခုလျှင် လူဦးရေ ၅၀ ခန့် တက်ရောက်ရလေ့ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။ “ပထမ ရုရှားစကားကိုစသင်တာ ဟိုတယ်နဲ့ခရီးသွား။ ပြီးတော့ ခု ဥပဒေရေးရာဝန်ကြီးဌာနကို ထပ်သင်တာ၊ အခြားဝန်ကြီးဌာနတွေလည်း ထပ်သင်ဖို့ ချိတ်နေတယ်” ဟု သူက ပြောသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန် […]
MT News၁၃. ၁၀. ၂၀၂၃ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီးကြီး ၁ ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သတ်ဖြတ်သူ ၃ ဦးစလုံးမှာ အဆိုပါအိမ်ရာတွင် ဆေးသုတ်သူများဖြစ်နေကြောင်း သိရသည်။ ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ)ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်း ကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် […]
(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ နိုင်ငံတကာ စစ်ပွဲတွေမှာ မြေအောက်ဥမင် ခုခံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ကြုံတွေ့ ကြရပါတယ်။ ထောက်လှမ်းရေး အချက်အလက်တွေသာ အတိအကျ မရရှိခဲ့ရင် ဂြိုဟ်တုကနေတောင် တည်နေရာ အတိအကျရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ ဥမင်ဝတွေ ထားရှိတဲ့အမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရင်တော့၊ ရေဒါနဲ့ တန်ပြန် ရှာဖွေရာကနေလည်း ဥမင်နေရာကို သိရှိနိုင်ပါတယ်။ မြေအောက်နက်နက်ထဲမှာ ခိုင်မာစွာ တည်ဆောက်ထားတဲ့အတွက် ဘန်ကာဖြိုဖျက်နိုင်ဖို့ ဗုံးကြဲလေယာဉ်တွေပေါ် က ကြဲချရတဲ့ ဖျက်အားပြင်းဗုံးတွေ ထုတ်လုပ်ကြပါတယ်။ တကယ့်နိုင်ငံတကာ စစ်ပွဲကြီးတွေမှာ စစ်အင်အားကြီးနိုင်ငံတွေကသာ အသုံးပြုနိုင်ကြတဲ့၊ တော်ရုံ လက်လှမ်းမမီကြတဲ့ ဗုံးအမျိုးအစားတွေ ဖြစ်လို့ ဒီနေရာမှာ အကျဉ်းရုံးပြီးပဲ ဖော်ပြလိုက်ပါတယ်။ အခုနောက်ပိုင်းကျမှသာ ဒီလိုဗုံးအမျိုးအစားကို တီထွင်ထုတ်လုပ်လာကြတာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက အခိုင်အမာတည် ဆောက်ထားတဲ့ ဂျာမန်ရေငုပ်သင်္ဘော ယူဘုတ်စခန်းတွေကို ကြဲချတဲ့ Disney Bomb ဆိုတာကလည်း ဆင်တူတဲ့ […]