ylliX - Online Advertising Network

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]

မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ( နိုဝင်ဘာ ၄ ရက်) CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ အမျိုးသား ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ […]

ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ကျောက်ဆည်တွင် ဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့သို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်းကို ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးတွင် တောင်ကြီးမှ ကျောက်ဆည်ဘက်သို့ ကိုကိုမောင် (ခ) ချမ်းပြည့်မောင် မောင်းနှင်ပြီး တင်ကို လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းမိတရားခံများကို ဥပဒေအရအရေးယူထားရှိပြီး […]

အိန္ဒိယရူပီး ၆၆ ဒသမ ၂၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့သူ ခုနစ်ဦးထဲတွင် မြန်မာနိုင်ငံသားနှစ်ဦးပါဝင်

အိန္ဒိယရူပီး ၆၆ ဒသမ ၂၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့သူ ခုနစ်ဦးထဲတွင် မြန်မာနိုင်ငံသားနှစ်ဦးပါဝင် – Myanmar Transparency News Source link

ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ် – iMyanmarHouse.com

[Unicode] အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမှ Al Yalayis 1 အရပ်ရှိ မြေကွက်ကြီးတစ်ခု အာရပ်ငွေ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၇၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Dubai REST မှ အချက်အလက်များ အရ သိရကြောင်း gulfnews သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ၁ စတုရန်းပေလျှင် ၉၄ AED ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း ဒူဘိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ဒူဘိုင်းအုပ်ချုပ်ရေးအဖွဲ့သည် အိမ်ခြံမြေ၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်မှန်းချက်ကြီးမားသော မာစတာ plan တစ်ခုကို မကြာသေးမီက ချပြခဲ့သည်။ […]

Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ် – iMyanmarHouse.com

[Unicode] ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ J.J.Abrams သည် သူနှစ်သက်မြတ်နိုးသော ကယ်လီဖိုးနီးယားပြည်နယ်မှ Pacific Palisades အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃၄၉၅၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၁၇၀၀ ရှိကာ ၁၉၂၈ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စံအိမ်တည်နေရာမှာ Palisades ကျေးရွာနှင့် နီးကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ Star Wars: The Rise of Skywalker ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူ J.J.Abrams သည် ခေါ်ဈေးဝန်းကျင်သာ ရခဲ့မည်ဆိုပါက ကောင်းစွာအမြတ်ရဖွယ် ရှိသည်။ J.J.Abrams က ယခုအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း […]