ylliX - Online Advertising Network
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ် – iMyanmarHouse.com


[Unicode]

ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ J.J.Abrams သည် သူနှစ်သက်မြတ်နိုးသော ကယ်လီဖိုးနီးယားပြည်နယ်မှ Pacific Palisades အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃၄၉၅၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၁၇၀၀ ရှိကာ ၁၉၂၈ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်တည်နေရာမှာ Palisades ကျေးရွာနှင့် နီးကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

Star Wars: The Rise of Skywalker ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူ J.J.Abrams သည် ခေါ်ဈေးဝန်းကျင်သာ ရခဲ့မည်ဆိုပါက ကောင်းစွာအမြတ်ရဖွယ် ရှိသည်။

J.J.Abrams က ယခုအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုဒေသတွင် J.J.Abrams ပိုင်ဆိုင်ထားသည်မှာ ယခုအိမ်တစ်လုံးတည်းသာ မဟုတ်။

၂၀၁၄ ခုနှစ်တွင်း J.J.Abrams နှင့် ဇနီးဖြစ်သူ Katie McGrath တို့သည် ထိုဒေသတွင် ယခုအိမ်ထက် ပိုမိုကြီးမားကျယ်ဝန်းသော အိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၄ သန်းကျော်ဖြင့် ဝယ်ယူထားသေးသည်။

ထိုစံအိမ်မှာ စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းပါသည်။

J.J.Abrams က အဆိုပါစံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၂ သန်းဈေးခေါ်ကာ အရောင်းဈေးကွက် တင်ခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ကန်ဒေါ်လာ ၂၀ ဒသမ ၄ သန်းဖြင့် ရောင်းထွက်သွားသည်။

J.J.Abrams သည် အနီးရှိ Santa Monica တွင်လည်း ၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၆၂၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့သေးသည်။

 

(အိမ်သက်တမ်းမှာ ရာစုနှစ် တစ်ခုနီးပါးရှိပြီဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(အုတ်မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်း။ ဓာတ်ပုံ-Realtor)

 

(မီးဖိုဆောင်ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး ယခုအခါတွင် နံနက်စာစားရန်နေရာတစ်ခု ထည့်သွင်းထားသည်။ ဓာတ်ပုံ-Realtor)

 

နှစ်ထပ်အိမ်တစ်လုံးဖြစ်ပြီး အုတ်မီးလင်းဖိုပါသော ဧည့်ခန်း၊ သစ်မာသားကြမ်းခင်း၊ ပြင်သစ်တံခါးများ တပ်ဆင်ထားသော ညစာစားခန်း၊ Built-in desk နှင့် စာအုပ်စင်များပါသော သီးခြားရုံးခန်းတစ်ခုတို့ ပါဝင်သည်။

မိသားစုနားနေခန်းမှတဆင့် အိမ်နောက်ဘက် အုတ်ခင်း နားနေ နေရာသို့ ပေါက်သည်။ ခြံဝန်းအတွင်း ပန်းစိုက်ခုံများနှင့် တကိုယ်ရေ လုံခြုံမှုအတွက် ပန်းခြုံ စည်းရိုးတို့ရှိသည် ပင်မအိပ်ခန်းတွင် အဝတ်အစားထားသိုရာနေရာ ၂ ခုပါပြီး ပန်းခြံကို စီးမိုးတွေ့မြင်ရသည့် ဆင်ဝင်သို့ ပေါက်သည်။

J.J.Abrams သည် အောင်မြင်သည့် ရုပ်သံအစီအစဉ်များဖြစ်သော Lost, Felicity နှင့် Alias တို့ကို စီစဉ်ခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ကားများဖြစ်သော Mission Impossible III , Armageddon နှင့် Star Wars: The Force Awakens တို့ကိုလည်း ရိုက်ကူးခဲ့ပြီး The Force Awakens သည် ရုပ်ရှင်ရာဇဝင်တွင် ဝင်ငွေအကောင်းဆုံးများထဲ၌ ပါဝင်ခဲ့သည်အထိ အောင်မြင်မှုရခဲ့သည်။

(သဘာဝအလင်းကောင်းသော အိပ်ခန်း။ ဓာတ်ပုံ-Realtor)

 

(အိမ်နောက်ဘက် အုတ်ခင်း နားနေ နေရာ။ ဓာတ်ပုံ-Realtor)

 

(အိမ်နောက်ဘက်မှ ပန်းစိုက်ခုံများ။ ဓာတ်ပုံ-Realtor)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Director J.J. Abrams Lists His Pacific Palisades Property for $3.5 Million (realtor) Photo Credit-Realtor

 

[Zawgyi]

Star War ႏွင့္ Armageddon ရုပ္ရွင္မ်ား ရိုက္ကူးခဲ့ေသာ ဒါရိုက္တာ J.J.Abrams က သူ၏ ကယ္လီဖိုးနီးယား စံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ရန္ စီစဥ္

ေဟာလိဝုဒ္ ရုပ္ရွင္ဒါရိုက္တာ၊ ရုပ္ရွင္ထုတ္လုပ္သူ J.J.Abrams သည္ သူႏွစ္သက္ျမတ္ႏိုးေသာ ကယ္လီဖိုးနီးယားျပည္နယ္မွ Pacific Palisades အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၃၄၉၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္ျပီး အက်ယ္အဝန္း စတုရန္းေပ ၁၇၀၀ ရွိကာ ၁၉၂၈ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္တည္ေနရာမွာ Palisades ေက်းရြာႏွင့္ နီးေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

Star Wars: The Rise of Skywalker ရုပ္ရွင္ဇာတ္ကားကို ရိုက္ကူးခဲ့သူ J.J.Abrams သည္ ေခၚေစ်းဝန္းက်င္သာ ရခဲ့မည္ဆိုပါက ေကာင္းစြာအျမတ္ရဖြယ္ ရွိသည္။

J.J.Abrams က ယခုအိမ္ကို ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထိုေဒသတြင္ J.J.Abrams ပိုင္ဆိုင္ထားသည္မွာ ယခုအိမ္တစ္လံုးတည္းသာ မဟုတ္။

၂၀၁၄ ခုႏွစ္တြင္း J.J.Abrams ႏွင့္ ဇနီးျဖစ္သူ Katie McGrath တို႔သည္ ထိုေဒသတြင္ ယခုအိမ္ထက္ ပိုမိုၾကီးမားက်ယ္ဝန္းေသာ အိမ္တစ္လံုးကို ကန္ေဒၚလာ ၁၄ သန္းေက်ာ္ျဖင့္ ဝယ္ယူထားေသးသည္။

ထိုစံအိမ္မွာ စတုရန္းေပ ၇၀၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၅ ခန္းပါသည္။

J.J.Abrams က အဆိုပါစံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၂ သန္းေစ်းေခၚကာ အေရာင္းေစ်းကြက္ တင္ခဲ့ျပီး ေနာက္တစ္ႏွစ္အၾကာတြင္ ကန္ေဒၚလာ ၂၀ ဒသမ ၄ သန္းျဖင့္ ေရာင္းထြက္သြားသည္။

J.J.Abrams သည္ အနီးရွိ Santa Monica တြင္လည္း ၁၉၂၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့သည့္ ေနအိမ္တစ္လံုးကို ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၆၂၇၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ေသးသည္။

(အိမ္သက္တမ္းမွာ ရာစုႏွစ္ တစ္ခုနီးပါးရွိျပီျဖစ္သည္။ ဓာတ္ပံု-Realtor)

(အုတ္မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္း။ ဓာတ္ပံု-Realtor)

(မီးဖိုေဆာင္ကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားျပီး ယခုအခါတြင္ နံနက္စာစားရန္ေနရာတစ္ခု ထည့္သြင္းထားသည္။ ဓာတ္ပံု-Realtor)

ႏွစ္ထပ္အိမ္တစ္လံုးျဖစ္ျပီး အုတ္မီးလင္းဖိုပါေသာ ဧည့္ခန္း၊ သစ္မာသားၾကမ္းခင္း၊ ျပင္သစ္တံခါးမ်ား တပ္ဆင္ထားေသာ ညစာစားခန္း၊ Built-in desk ႏွင့္ စာအုပ္စင္မ်ားပါေသာ သီးျခားရံုးခန္းတစ္ခုတို႔ ပါဝင္သည္။

မိသားစုနားေနခန္းမွတဆင့္ အိမ္ေနာက္ဘက္ အုတ္ခင္း နားေန ေနရာသို႔ ေပါက္သည္။ ျခံဝန္းအတြင္း ပန္းစိုက္ခံုမ်ားႏွင့္ တကိုယ္ေရ လံုျခံဳမႈအတြက္ ပန္းျခံဳ စည္းရိုးတို႔ရွိသည္ ပင္မအိပ္ခန္းတြင္ အဝတ္အစားထားသိုရာေနရာ ၂ ခုပါျပီး ပန္းျခံကို စီးမိုးေတြ႔ျမင္ရသည့္ ဆင္ဝင္သို႔ ေပါက္သည္။

J.J.Abrams သည္ ေအာင္ျမင္သည့္ ရုပ္သံအစီအစဥ္မ်ားျဖစ္ေသာ Lost, Felicity ႏွင့္ Alias တို႔ကို စီစဥ္ခဲ့သူလည္း ျဖစ္သည္။

ထို႔အျပင္ ဒိတ္ဒိတ္ၾကဲ ရုပ္ရွင္ကားမ်ားျဖစ္ေသာ Mission Impossible III , Armageddon ႏွင့္ Star Wars: The Force Awakens တို႔ကိုလည္း ရိုက္ကူးခဲ့ျပီး The Force Awakens သည္ ရုပ္ရွင္ရာဇဝင္တြင္ ဝင္ေငြအေကာင္းဆံုးမ်ားထဲ၌ ပါဝင္ခဲ့သည္အထိ ေအာင္ျမင္မႈရခဲ့သည္။

(သဘာဝအလင္းေကာင္းေသာ အိပ္ခန္း။ ဓာတ္ပံု-Realtor)

(အိမ္ေနာက္ဘက္ အုတ္ခင္း နားေန ေနရာ။ ဓာတ္ပံု-Realtor)

(အိမ္ေနာက္ဘက္မွ ပန္းစိုက္ခံုမ်ား။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Director J.J. Abrams Lists His Pacific Palisades Property for $3.5 Million (realtor) Photo Credit-Realtor



Source link

Leave a Reply

Your email address will not be published. Required fields are marked *