၂၄.၁၁.၂၀၂၄Written by Zun AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်း အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရကာ သတိမေ့နေ၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသမီးသည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဟင်းစားရှာရန် နေအိမ်မှ ထွက်ခွာပြီးနောက် ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည့်အတွက် ဝိုင်းဝန်းရှာဖွေကြရာ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တွေ့ရှိခဲ့သောနေရာမှာ ဆမီးမြို့အနီး စောချောင်းဝတွင် ဖြစ်ပြီး ၎င်းအား မြက်ပင်များဖြင့် ဖုံးထားကြောင်း၊ ယင်းအမျိုးသမီးအား မြက်ပင်များဖြင့် ဖုံးထားရာ အနီးတွင်လည်း AA လက်မောင်းဘက်တံဆိပ်ပါ ယူနီဖောင်း အင်္ကျီတစ်ထည် တွေ့ရှိထားကြောင်း သိရသည်။ “ငါတို့မြို့မှာ ဒီလို ရာဇဝင်သမိုင်းမရှိခဲ့ဘူး။ […]
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက လေကြောင်းပစ်ကူအား ယူပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ “စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ […]