၂၁. ၁၁. ၂၀၂၄Translated by Thettant ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ဖုဖရမြို့နယ်အတွင်း တရားမဝင် ခိုးဝင်အလုပ်လာရှာတဲ့ မြန်မာ ၉ ဦးကို မူးယစ်ဆေးတွေနဲ့အတူ မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ ကနဦး သိရပါတယ်။ ခိုးဝင် မြန်မာလုပ်သားတွေကို ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၀) မနက် ၄ နာရီအချိန်က ဖမ်းဆီးရခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၂ ပါဝင်တယ်လို့ လည်း သိရပါတယ်။ ဖမ်းမိတရားခံ ၉ ဦးအနက် အမျိုးသားတစ်ဦးရဲ့ လက်ထဲမှာ စိတ်ကြွမူးယစ်ဆေး မက်သာဖက်တမင်းဆေးပြား ၁၄ ပြားကို စက္ကူနဲ့ထုပ်လျက်သား ဖမ်းမိခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod က ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ခိုးဝင်မြန်မာ […]
ဒုသမ္မတ ဖြစ်လာမယ့် ဗန့်က ပြောလိုက်ပါပြီ။ (၆) လအတွင်းက တရားမဝင် ဝင်ရောက်လာသူတွေ အထုပ်အပိုးပြင်ထားတော့တဲ့နော်။ ခိုးလှုံနေတဲ့သူတွေလဲ အချိုးမပြင်ရင်၊ ရာဇဝတ် ပြစ်မှု ကျူးလွန်ရင် ပြန်လွှတ်လိမ့်မယ်။ ဒီမိုကရက်တွေက ခိုလှုံခွင့်ပေးထားပြီး နိုင်ငံသားဖြစ်လာမယ့်သူတွေကို ထရမ့်တို့က မျက်စိ ဆံပင်မွှေးစူးနေပါတယ်။ ခိုလှုံခွင့်ပေးထားသူတွေ နိုင်ငံသား ဖြစ်လာပြီး ဒီမိုကရက်ပါတီကို မဲပေးမှာကို ချေမှုန်းချင်နေကြပါတယ်။ ထရမ့်လက်ထက်မှာ အပြီးချေမှုန်းပါလိမ့်မယ်။ ရိုးရိုးတော့ ချေမှုန်းလို့မရဘူး။ ရာဇဝတ်ပြစ်မှု ကျူးလွန်နေကြောင်း မှတ်တမ်းသက်သေပြနိုင်ရပါမယ်။ ပန်ဆယ်လိုတို့ မိသားစုတွေ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံဆာ်စေခိုင်းနေတာကို ထရမ့်တို့ပါတီက သိအောင် လုပ်နိုင်ရင် အပျံမ အမေရိကားကနေ ပြေးရပါလိမ့်မယ်။ ကျော်မိုးထွန်း နဲ့ […]
ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ဦးကို နိုဝင်ဘာလ ၁ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗဟိုဌာနက ထုတ်ပြန်သည်။ ကောက်လယိုဒေသက အဝေးပြေးလမ်းမပေါ် မောင်းနှင်လာသော ဗန်ကားသုံးစီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ပြီး အထောက်အထားစာရွက်များ မရှိကြကြောင်း ဖော်ပြသည်။ ကြားခံပွဲစားမှတစ်ဆင့် မဲဆောက်မြို့မှ ချင်းရိုင်မြို့သို့ ရောက်ရှိလာကြပြီး ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီခရိုင်သို့ ကားများဖြင့် သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုထားကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားသုံးဦးကိုလည်း ဖမ်းမိခဲ့ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင်ဘတ် ငါးထောင် မှ တစ်သောင်းအထိ ရရှိသဖြင့် သွားရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း […]