ylliX - Online Advertising Network
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ - Dawei Watch

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ – Dawei Watch


ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ဦးကို နိုဝင်ဘာလ ၁ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗဟိုဌာနက ထုတ်ပြန်သည်။

ကောက်လယိုဒေသက အဝေးပြေးလမ်းမပေါ် မောင်းနှင်လာသော ဗန်ကားသုံးစီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ပြီး အထောက်အထားစာရွက်များ မရှိကြကြောင်း ဖော်ပြသည်။

ကြားခံပွဲစားမှတစ်ဆင့် မဲဆောက်မြို့မှ ချင်းရိုင်မြို့သို့ ရောက်ရှိလာကြပြီး ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီခရိုင်သို့ ကားများဖြင့် သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုထားကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားသုံးဦးကိုလည်း ဖမ်းမိခဲ့ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင်ဘတ် ငါးထောင် မှ တစ်သောင်းအထိ ရရှိသဖြင့် သွားရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားများက ဝန်ခံထားသည်။

အထက်ပါ မြန်မာနိုင်ငံသားများနှင့် ကားသမားများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ကောက်လယိုရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *