ylliX - Online Advertising Network

မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အင်အားချိန်ခွင်လျှာ အပြောင်းအလဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ သို့မဟုတ် ဖိအားပေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ၊ အုပ်ချုပ်ရေး ထူထောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်သူ၊ အရပ်သားသေဆုံးမှု၊ လက်နက်ကိုင် အဖွဲ့များ အချင်းချင်းအကြားက ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့များရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းနဲ့ အကျိုးစီးပွား အစရှိတဲ့ သော့ချက် စကားလုံးတွေ က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအနာဂတ် ဘယ်လို ဖြစ်လာမလဲ ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်အဆုံးသတ်ရေး၊  ဖက်ဒရယ် […]

နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့  တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက် စစ်ကေောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံကကို ယခုလဆန်းမှာ သွားရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့ လက္ခဏာအချို့ တွေ့လာရပါတယ်။ ရှမ်းမြောက်ဒေသက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ပိတ်ပင်လာတာတွေ တွေ့ ရသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသက ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့တွေထဲက ဗျူဟာအရ အရေးပါဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ပြင်ဆင်မှုတွေ လုပ်လာနေတာ တွေ့ရပါတယ်။  မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်းကြောင်းအပြောင်းအလဲ ဖြစ်လာတဲ့ လက္ခဏာတွေကို ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က […]

တရစ်ပြီးတရစ် ကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ် ကုန်စည်ပိတ်ဆို့မှု

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တရစ်ပြီးတရစ် ကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ် ကုန်စည်ပိတ်ဆို့မှု  တရုတ်နိုင်ငံအစိုးရ အနေနဲ့ ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်တာ၊ ကုန်ပစ္စည်းကန့်သတ်ချက်တွေ ထုတ်ပြန်တာတွေ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်ကစလို့ လုပ်ဆောင်လာရာမှာ တစထက်တစ ပိုမိုတင်းကြပ်လာတာ သတင်းတွေထဲမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့တဲ့ လက်နက်ကိုင်အဖွဲ့တွေက TNLA, MNDAA နဲ့ KIA တို့ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ရှိတဲ့အနက် AA ကတော့ တရုတ်-မြန်မာ […]

နိုင်ငံတော်ဝန်ကြီးချုပ် တရုတ်နိုင်ငံရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ –  PCT NEWS HOMEPAGE

Adore News Pro theme is a complete magazine theme, excellent for news, magazines, publishing and review sites. Amazing, fast-loading modern magazines theme for personal or editorial use. You’ve literally never seen or used a magazine that looks or works like this before. Source link