ylliX - Online Advertising Network

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအချို့ မိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့ သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အု​ပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။  စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ နှင့် မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွတ်ကူရန်အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ကာ ပြုပြင်ပေးနေကြောင်း ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ တော်လှန်ရေး လှုပ်ရှားမှုများ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဥ်မှ ပြန်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက […]

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၂ နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာ ထိုးစစ်ထိရောက် နိုင် ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်” တွင် ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း အားလုံးအတွက် ထောက်ပံ့မှု တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို […]

တိုင်းရင်းသားတွေမျှော်မှန်းတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု(ဆောင်းပါး) – BUR.MIZZIMA.COM

မူဖိလစ်စတာ စစ်အာဏာရှင်ပြုတ်ကျမဲ့တနေ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် Bottom up federalism လို့ခေါ်တဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး စနစ်ဖော်ဆောင်ဖို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ က စုပေါင်းလုပ်‌ဆောင်နေကြပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF )၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊မွန်ပြည်သစ်ပါတီ, စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) စတဲ့ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောကြတဲ့အခါ အခြေခံတွေခိုင်ဖို့လိုတယ်။ ပြည်နယ်အားကောင်းရေးလုပ်ဆောင်တာသည် ကျမတို့ ဖက်ဒရယ်ပြည်ထောင်စုကြီး အခြေခိုင်ဖို့သွားတာဖြစ်တယ်” လို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) အထွေထွေအတွင်းရေးမှူး […]