ylliX - Online Advertising Network

ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့်  စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့်  တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။  စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။ သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။ တော်လှန်ရေးတပ်များသည်  ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ  ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း  ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု   ရုပ်သံမှတ်တမ်းတွင်  ဒဏ်ရာရ […]

ဘားအံပစ်ခတ်မှုတွင် သန်းခေါင်စာရင်းအတွက်လာသည့် စစ်သား ၃ ဦးသေဆုံး – Myanmar Now

ကရင်ပြည်နယ်၊ ဘားအံမြို့အရှေ့တောင်ဘက် ဝင်းစိန်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်သူများ အတွက် လုံခြုံရေးယူပေးသည့် စစ်သားများ ယမန်နေ့ (အောက်တိုဘာ ၁၀) နံနက်က ပခုံးထမ်းဗုံးပစ် လောင်ချာ (RPG) ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး  ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော Hijet အဖြူရောင် မော်တော်ယာဉ်ကို ဝင်းစိန်ရွာ၊ ဇေယျာသီရိ ရပ်ကွက်၊ ၀င်းစိန်ဘုန်းကြီးကျောင်းမုခ်၀အနီး ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။  အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၁) နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  “ဘားအံမှာဖြစ်တာက ကျွန်တော်တို့အဖွဲ့ဘက်က ဝင်ပြီး ပစ်လိုက်တာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ မဖြစ်ပါဘူး။ ကားပေါက်ကွဲသွားတဲ့အထဲမှာ […]