စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်သည့် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည့် အပြင် လေယာဉ်များဖြင့် စစ်ကူများ ပို့ခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပုလဲမြို့ပေါ်သို့ စစ်ကောင်စီက အင်အား ၈၀ နီးပါး ဖြည့်တင်းခဲ့သည်ဟု ယူဆရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ “မနက် ၁၁ နာရီလောက်က ၄ ခေါက် ချသွားတယ်။ အင်အား ၈၀ လောက်ရှိမယ်။ တစ်စီးကို အများဆုံး ဆန့်တာက ၂၅ ယောက်ဆိုတော့ လက်နက်ခဲယမ်းတင်လိုက်ရင်တော့ အပြည့်တင်လို့မရဘူးပေါ့။ အဲ့ဒီ တော့ ၂၂၊ […]
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၈ တွင် အမ်းမြို့ဟောင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က မကွေးဘက် မှ စစ်ကူပို့ရန် ကြိုးပမ်းနေသည်ဟု သိရသည်။ အမ်းလေယာဉ်ကွင်းအနီးရှိ မြို့ဟောင်းကို ရပြီးနောက် မြို့တောင်ဘက်ရှိ တိုင်းစစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၇ တွင် လေတပ်က လက်နက်ခဲယမ်းများကို လေထီးနှင့်ချပေးရသော်လည်း စခန်းထဲသို့ ရောက်မသွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ “မြို့ဟောင်းကို သိမ်းပြီးပြီ။ လေထီးနဲ့ချတဲ့ ပစ္စည်းတွေက နပခဝန်းထဲ မရောက်ဘူး။ ဖရိုဖရဲပါပဲ” ဟု ၎င်းက ဆိုသည်။ ကျလုနီးပါးဖြစ်နေသော တိုင်းစစ်ဌာနချုပ်ကို […]
ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ မြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းစခန်းကို ယမန်နေ့(အောက်တိုဘာ ၂၀) တွင် စစ်တပ်က စစ်သည် နှင့် လက်နက်ခဲယမ်းရိက္ခာများ လေကြောင်းမှ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။ နှစ်ဆန်းပိုင်းက မြဝတီမြို့နယ်အတွင်း အနိမ့်ပျံလာသော ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး အင်အားစု ပစ်ခတ်သဖြင့် တပ်မမှူးတစ်ဦးနှင့် စစ်အရာရှိတချို့ သေဆုံးခဲ့ဖူးသည့် သင်ခန်းစာကြောင့် ထောက်ပံ့ပို့ဆောင်ရေးလေယာဉ် Y8 သည် ဝေဟင်အမြင့်မှသာ စစ်ကူ နှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြ၀တီ မြို့ဒေသခံ တစ်ဦးက Myanmar Now သို့ ပြောသည်။ “စစ်ကူ နဲ့ စစ်လက်နက်ပစ္စည်းတွေပေါ့၊ လေယာဉ်က မြို့ပေါ်မှာ ဝဲပျံသန်းနေပြီး လေထီးတွေနဲ့ ချပေးတာ တစ်ခါ၊ […]