ylliX - Online Advertising Network

ပုလော ဇရပ်ဆိပ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီးမြေမြှုပ် – Dawei Watch

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်‌ ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့‌လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်‌ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အ‌လောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်‌ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သား‌တွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်‌ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီး‌ကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။   ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]

မူးမြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ် သောင်းကျန်းနေ – Myanmar Now

ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံရာ စစ်ကိုင်းတိုင်း မူးမြစ်ကမ်းဝန်းကျင်တွင် အင်အားအများအပြားဖြင့် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။  ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၇၀ ကျော် ပါဝင်သည့် စစ်ကြောင်း၊ တန့်ဆည်မြို့နယ်မှထွက်လာသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတို့က နိုဝင်ဘာ ၁၆ ရက်နေ့က စပြီး ရွာများကို စီးနင်းနေခြင်းဖြစ်သည်။  ရေဦးမြို့နယ် ရွာပုကြီးရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး၊ ဗိုလ်ရုံရွာတွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု  ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။  ရွာပုကြီးရွာခံအများစု စစ်ဘေးရှောင်သော်လည်း […]

သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားခွင့် စစ်ကောင်စီတပ် ရက်အကန့်အသတ်မရှိ ပိတ်ပင် – သျှမ်းသံတော်ဆင့်

သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ယာဥ်မောင်းများက ယမန်နေ့ (နိုဝင်ဘာလ ၁၂) တွင် ပြောသည်။ သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် နံနက် အစောပိုင်းတွင် ပိတ်ဆို့လိုက်သဖြင့် မြောက်ပိုင်းသွားမည့် ကားများ ပြန်လှည့်လာရသည်ဟု ယာဉ်မောင်း တဦးက ဆိုသည်။ “ရပ်စောက် အထွက် စစ်တပ် စစ်ဆေးရေးဂိတ်က မြောက်ပိုင်းသွားမယ့်ကားတွေ လုံးဝ ပေးမဖြတ်တော့ဘူး။ မြောက်ပိုင်းကလာတဲ့ ကားတွေကတော့ (တောင်ပိုင်း) လာလို့ရတယ်။ မြောက်ပိုင်းဘက် ပေးမသွားတော့တာ။ ဘယ်လောက်ကြာမလဲ ဆိုတာတော့ ဂိတ်က စစ်သားတွေလည်း မသိဘူး ပြောတယ်” ဟ ၎င်းကရှင်းပြသည်။ သျှမ်းတောင်-မြောက်ကို […]

မင်းတပ်မှာ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ချင်းပြည်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ကွင်းမရှင်းတဲ့ အရပ်သား နေအိမ်တွေကို ဒီကနေ့ မနက်ပိုင်းမှာ လိုက်လံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။   မင်းတပ် မြို့မရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတဝိုက်ရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက် ၉ နာရီခန့်မှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။   “ဒီနေ့မနက် နှင်းတွေကလည်း အရမ်းကျနေတယ်။ ရဲနဲ့ စစ်သားတွေ မီးရှို့တာက တွေ့လိုက်တယ်။ ဒါပေမဲ့ ဘယ်နှအိမ်လောက် မီးလောင်သွားလဲဆိုတာ သွားမကြည့်ရဲလို့ မသိရဘူး။ မနက် ၁၁ နာရီအချိန်ထိ မီးခိုးတွေ ထွက်နေသေးပါတယ်” လို့ အသက် ၃၀ ဝန်းကျင် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။ မင်းတပ်မြို့မှာ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ – Dawei Watch

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက […]

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ […]

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ […]

AA ထိုးစစ်ကြောင့် ဂွ၊ ကြွေချိုင်ရွာက စစ်ကောင်စီတပ် ထွက်ပြေး

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်က ကြွေချိုင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် တပ်ဆုတ်ထွက်ပြေးသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။   ကြွေချိုင်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆုတ်ခွာသွားကြပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   “သူတို့တိုက်ပွဲမှာ အကျအဆုံးများလို့ စစ်ကားတွေနဲ့ ထွက်ပြေးသွားကြတာ။ ဂွမြို့ဘက်ကို ဆုတ်တယ်လို့တော့ ထင်ရတယ်။ သူတို့တပ်ဆုတ်ပြီးတော့ လေယာဉ်တွေနဲ့လည်း ကြွေချိုင်ဘက်ကို ဗုံးလာကြဲသေးတယ်” လို့ သူက ပြောပါတယ်။   အဲဒီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။   […]

ဒရုန်းကို စစ်ကောင်စီတပ် ပိုသုံးလာခြင်းနှင့် အရပ်သား ထိခိုက်မှု – Myanmar Now

စက်တင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်စဉ် ထိခိုက်သွားသူများထဲတွင် အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးရဲဘော် သီလဝ ဆိုသူလည်း ပါဝင်သည်။ ၃၅ ရက် အကြာတွင်  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ် ၃၅၀၁ တပ်ရင်းမှ  ရဲဘော် သီလဝ  သေဆုံးသွားသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်သားတစ်ဦးက  ပြောသည်။ နောက် ၂ ရက် အကြာတွင် ရုပ်အလောင်း သင်္ဂြိုဟ်သည့် အစီအစဉ်မှာ အွန်လိုင်းသတင်းစာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွ တက်လာသည်။ “ဒဏ်ရာ ကုသနေရင်း ဆုံးသွားခဲ့တာ” ဟု အထက်ပါ တော်လှန်ရေးတပ်သားက  ပြောသည်။ စစ်တောင်းမြစ်အရှေ့ကမ်း ကဲလင်းဆိပ်ရွာနှင့်  ရှားတောရွာ တို့ကို ဒရုန်းဖြင့် ဗုံးချစဉ်  […]