ylliX - Online Advertising Network

နောင်ချိုမြို့တောင်ဘက်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို TNLA နှင့် MDY-PDF ပူးပေါင်းခုခံနေ – Myanmar Now

စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး […]

ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး – BUR.MIZZIMA.COM

ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့​ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]

ပုလောတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို ပစ်သတ် – Dawei Watch

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သင်္ကန်းတောကျေးရွာသို့ရောက်လာပြီး‌ အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်္ကန်းတော‌ရွာနေ အသက်၃၀ ဝန်းကျင်အရွယ်အမျိုးသားနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ခေါ် ကိုကပ်ပကို အောက်တိုဘာလ ၂၆ ရက်နေ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သင်္ကန်းတောရွာနေ အမျိုးသားကို လမ်းတွင်တွေ့သဖြင့် ပစ်သတ်သွားခြင်းဖြစ်ပြီး ဦးမြင့်လွင်ကိုမူ သင်္ကန်းတောရွာရှိ ကွမ်းရွက်ခြံအတွင်း ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဦးမြင့်လွင်မှာ စစ်ဘေးရှောင်နေရာမှ ရွာအတွင်းဝင်ကာ ကွမ်းရွက်သွားခူးချိန် စစ်ကောင်စီတပ်သားများနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါနေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသေးသည့်အတွက် လက်ရှိအချိန်အထိ အလောင်းသွားယူ၍မရသေးကြောင်း ပစ်သတ်ခံရသည့် ဦးမြင့်လွင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “အလောင်းက သင်္ကန်းတောရွာထဲက ကွမ်းခြံထဲမှာ။ စစ်သားတွေရှိ‌နေလို့ […]