ယခုနှစ် သြဂုတ်လက ဗင်းနစ်မြို့တွင် မိတ်ဆက်ပြသခဲ့ပြီး လာမည့် ဒီဇင်ဘာတွင် အမေရိကန်ပြည်ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်တော့မည့် Babygirl ရုပ်ရှင်တွင် ထက်မြက်သော စီအီးအိုတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ နစ်ကိုးကစ်မင်း၏ ဇာတ်ကောင်နေထိုင်ရာ နေရာအဖြစ် ရိုက်ကူးပြသခဲ့သော နယူးယောက်မြို့မှ duplex Penthouse ခန်း လျှော့ဈေးဖြင့် ရောင်းချရန် ရှိနေသည်။ Babygirl ရုပ်ရှင်မှာ iMDb rating 6.0 ရရှိထားပြီး စွမ်းအား၊ ရမ္မက်ပြင်းပြမှုတို့အပေါ် အခြေခံထားသော ရုပ်ရှင်ဖြစ်ကာ လာမည့် ခရစ္စမတ်နေ့တွင် အမေရိကန်ပြည်တဝန်း ရုံတင်ပြသရန် စီစဉ်ထားသည်။ နစ်ကိုးကစ်မင်းသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အဖြစ် Volpi Cup ရရှိထားသည်။ Penthouse ခန်းတည်နေရာမှာ နယူးယောက်မြို့မှ 200 Amsterdam အမည်ရှိ ကွန်ဒိုအဆောက်အအုံတွင် […]
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ပူချယ်ရွာမှ အရပ်သား ၂၀၀ နီးပါး ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။ ပူချယ်ရွာသည် ဖယ်ခုံမြို့မြောက်ဘက် နှစ်မိုင်အကွာတွင်တည်ရှိပြီး ဖယ်ခုံ – ပင်လောင်း ကားလမ်းဘေးတွင်ရှိသည်။ ပင်လောင်းမြို့နယ်ဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကောက်ရိတ်သိမ်းရာမှ ပြန်လာသော ဒေသခံ ၂၀၀ ကို ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ဘက်သို့ ကားဖြင့် ဖမ်းသွားခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက Myanmar Now ကို ပြောသည်။ KNDF သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ […]
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]