(မိုမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၄ တချို့က အသက်ရှင်လျက် သေနေကြတယ်။ တချို့က အသက်သေလျက် ရှင်နေကြတယ်။ ရိုးမမှာ အသက်သေလျက် ရှင်နေသူတွေ တေးဆိုနေကြဆဲ။ ပန်းတပွင့်ရဲ့ ဒဏ္ဍာရီဟာ မြစ်တစင်းလို မကွေ့ကောက်ဘူး။ ရိုးမက ခြေရာတွေဟာ တိုးတိုးသက်သာ စကားနာ ထိုးနေကြလေရဲ့ လွမ်းလိုက်တာကွာ တဲ့။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၅) (မိုးမခ) နိုဝင်ဘာ ၁၆ ၊ ၂၀၂၄ “Injustice anywhere is a threat to justice everywhere.” “မတရားမှုဟာ နေရာတိုင်းမှာ တရားမျှတမှုကို ခြိမ်းခြောက်နေတယ်” ဒေါက်တာမာတင်လူသာကင်း ( ၁၉၂၉ -၁၉၆၈ ) ဒီနေ့ Sun Tzu ရဲ့ The Art of War ထဲက ခေါင်းဆောင်မှုဆိုင်ရာ ပြဿနာတွေကို ချဥ်းကပ် သုံးသပ် တင်ပြလိုပါတယ်။ ၉။ ခေါင်းဆောင်မှု Leading ဆိုတာ ဘာလဲ ခေါင်းဆောင်မှုဆိုတာ လူတဦးတယောက် အဖွဲ့တဖွဲ့၊ စစ်တပ်တတပ် ကုမ္ပဏီတခု စသဖြင့် စုဖွဲ့မှုတခု ကို ရည်မှန်းချက်အောင်မြင်စေဖို့ ဦးဆောင်လမ်းညွှန်ခြင်းတို့ […]
(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ ငါ့ ရင်ဘတ်ပေါ်မှာ ပန်းတွေ ဖူးပွင့်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ ကလေးတွေ ရှင်သန်နိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ ဓမ္မတရားတို့ အောင်ပွဲခံနိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ သေဆုံးသူတွေ နားခိုနိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ အလှတရားတို့ လာခြင်းကောင်းပါစေ။ ငါဟာ နေလို လလို မကျင့်လိုပါ လူသားတိုင်း နင်းခွင့်ရှိတဲ့ ကျေးဇူးတရားကို မေ့ခွင့်ပြုတဲ့ အနင်းခံမြေလို ခံနိုင်ရည်ရလိုပါတယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၄) (မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄ (နည်းလမ်းဆိုတာ ရှာမရရင် တည်ဆောက်ယူရမယ်) စစ်သူကြီး ဘာကာ ဟန်နီဘော ဘီစီ ၂၄၇ – ဘီစီ၁၈၃ (ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဥ်းစားခြင်းမပြုဘဲ ဖော်က်ထွက်ဖို့အတွက် လည်း စဥ်းစားစေချင်တယ် ) ဦးဝင်းတင် ဟံသာဝတီ ( ၁၉၃၀ – ၂၀၁၄ ) စစ်သူကြီးဆွန်ဇု Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းပါ မတူကွဲပြားတဲ့ ဗျူဟာများ Variation in Tactics အခန်းကို ကောက်နုတ် သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လူမျိုး ပေါင်းစုံပြည်သူလူထုကြီးအနေနဲ့ […]
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၃) (မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ (နည်းလမ်းဆိုတာ ရှာမရရင် တည်ဆောက်ယူရမယ်) စစ်သူကြီး ဘာကာ ဟန်နီဘော ဘီစီ ၂၄၇ – ဘီစီ၁၈၃ (ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဥ်းစားခြင်းမပြုဘဲ ဖော်က်ထွက်ဖို့အတွက် လည်း စဥ်းစားစေချင်တယ် ) ဦးဝင်းတင် ဟံသာဝတီ ( ၁၉၃၀ – ၂၀၁၄ ) စစ်သူကြီးဆွန်ဇု Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းပါ မတူကွဲပြားတဲ့ ဗျူဟာများ Variation in Tactics အခန်းကို ကောက်နုတ် သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးအနေနဲ့ […]
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၄ “လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ… ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။” ဗန်းမော်တင်အောင် (၁၉၂၀ – ၁၉၇၈) “တိုင်းပြည်အပေါ် စစ်အာဏာရှင် ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး။” ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄) အောက်တိုဘာလ ၂၃ ရက် ၂၀၂၄ ခုနှစ်နေ့ဟာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တာ ၄၆ နှစ် ပြည့်ခဲ့ပါပြီ။ ဆရာနဲ့ ကျနော် တခါမှ မဆုံဖြစ်ခဲ့ပါ။ မန္တလေးတက္ကသိုလ်ကို ၁၉၇၃ ခုနှစ်ကစ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်ကစလို့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ် တဲ့ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ၁၉၆၉ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ […]
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၂) (မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄ (ကျူးဘားတော်လှန်ရေးက အခြေခံသင်ခန်းစာ ( ၃ ) ရပ်ကို အခိုင်အမာ ပြဋ္ဌာန်းပေးခဲ့တယ်။ ၁။ပြည်သူ့တော်လှန်ရေးအင်အားစုတွေက စစ်တပ်ကြီးတခုကို တိုက်ခိုက်အောင်ပွဲခံနိုင်တယ်။ ၂။ တော်လှန်ရေးလုပ်ဖို့ လိုအပ်တဲ့ အခြေအနေတွေ အပြည့်အစုံ ဖြစ်တည်လာချိန်ထိ စောင့်စရာ မလိုဘဲ တော်လှန်ရေးက အဲဒီအရာတွေကို ဖန်တီးနိုင်တယ်။ ၃။ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ အမေရိကတိုက်မှာ ကျေးလက်ဒေသဟာ လက်နက်ကိုင်တိုက်ပွဲ အတွက် အခြေခံဒေသ ဖြစ်တယ်။) ချေဂွေဗားရား ၁၉၂၈ – ၁၉၆၇ နံပါတ် ၁ နဲ့ နံပါတ် ၂ ကို အရေခြုံတော်လှန်ရေးသမားတွေ၊ အချောင်သမားအတွေးအခေါ်ရှိတဲ့သူတွေက ရန်သူကြေးစားစစ်တပ်ကို ဘယ်လိုမှ တိုက်ခိုက်ချေမှုန်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ စစ်အနိုင်တိုက်ရေးကို စေ့စပ်ရေးအဖြစ် […]
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၀) (မိုးမခ) အောက်တိုဘာ ၁၀ ၊ ၂၀၂၄ စစ်ရေးဆိုင်ရာ နေရာချထားမှုတိုင်းဟာ ရေစီးဆင်းသလိုပဲ။ ရေဟာ မြင့်ရာကို ရှောင်ပြီး နိမ့်ရာကို အရှိန်နဲ့ စီးလေ့ရှိတယ်။ အင်အားကြီးတဲ့ရန်သူကို ရှောင်ပြီး အင်အားနည်းတဲ့ ရန်သူကို တိုက်ခိုက်ရတယ်။ ဒီလိုပဲ ရေဟာ စီးဆင်းရာ မြေအနေအထားကိုလိုက်ပြီး ပုံစံချတယ်။ စစ်သူကြီးဟာ ရန်သူရဲ့ လှုပ်ရှားမှုကိုလိုက်ပြီး အောင်ပွဲကို ပုံစံချတယ်။ စစ်ရေးဟာ ရေစီးသလို အဆက်မပြတ် လှုပ်ရှားမှု ဖြစ်တယ်။ ဆွန်ဇု SUN TZU ( ဘီစီ ၅၄၄ – ၄၆၉ ) ၄။ ပြောင်းလွယ် ပြင်လွယ်ဖြစ်ခြင်း ( Flexibility ) ပြောင်းလွယ် ပြင်လွယ်ဖြစ်ခြင်း (Flexibility) ဟာ Sun […]