၂၂.၁၁.၂၀၂၄Photo by Ye Kyaw ကိုဗစ်ကပ်ရောဂါကြောင့် လေးနှစ်တာရပ်နားခဲ့ရတဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က ရေကျော်ဈေးပွဲတော်ကို ဒီနေ့ညကစလို့ ငါးရက်တိုင်တိုင် ပြန်လည်ကျင်းပနေပြီး ရန်ကုန်မြို့နယ်ပေါင်းစုံက လာရောက်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်။ ရေကျော်စျေးပွဲတော်ကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၆ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ဖျော်ဖြေပွဲနဲ့ နိုဝင်ဘာ ၂၄ ရက်မှာ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော်တွေ သီဆိုမှာဖြစ်သလို နိုဝင်ဘာ ၂၅ ရက်မှာ State Show အပါအဝင် နိုဝင်ဘာ ၂၆ ရက်မှာ အငြိမ့်အဖွဲ့က ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ရေကျော်ဈေးပွဲတော်ဟာဆိုရင် NLD ထောက်ခံသူတချို့အနေနဲ့ ရန်ကုန်မြို့ကြီး အေးချမ်းစွာရှိစဉ်အချိန်ကလို့ လူမှုကွန်ရက်ပေါ်မှာ […]
၁၆. ၁၀. ၂၀၂၄Written by Nyein Kyaw ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲတွေကို ဒီနေ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါဈေးရောင်းပွဲတော်မှာ ဟင်းသီးဟင်းရွက်၊ စက်မှုထုတ်ကုန်၊ ရေထွက်ကုန်၊ Handmade ကုန်ပစ္စည်းတွေကို မနက် ၈ နာရီကနေ ည၈ နာရီအထိ ရောင်းချပေးမှာဖြစ်ပြီး တေးဂီတဖျော်ဖြေပွဲကိုတော့ ညနေ ၄ နာရီကနေ ည ၇ နာရီ ဖျော်ဖြေပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အလှမီးတွေ ပြင်ဆင်ပေးထားသလို မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ ညမှာလည်း တေးဂီတဖျော်ဖြေပွဲအပြင် အလှမီးရှူးမီးပန်းတွေ ဖောက်သွားမှာဖြစ်လို့ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Source link