ylliX - Online Advertising Network
လေးနှစ်တာ ရပ်နားခဲ့ရတဲ့ ရေကျော်ဈေးပွဲတော်ကို ဒီနေ့ညကစလို့ ငါးရက်တိုင် ကျင်းပနေ

လေးနှစ်တာ ရပ်နားခဲ့ရတဲ့ ရေကျော်ဈေးပွဲတော်ကို ဒီနေ့ညကစလို့ ငါးရက်တိုင် ကျင်းပနေ


၂၂.၁၁.၂၀၂၄
Photo by Ye Kyaw

ကိုဗစ်ကပ်ရောဂါကြောင့် လေးနှစ်တာရပ်နားခဲ့ရတဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က ရေကျော်ဈေးပွဲတော်ကို ဒီနေ့ညကစလို့ ငါးရက်တိုင်တိုင် ပြန်လည်ကျင်းပ‌နေပြီး ရန်ကုန်မြို့နယ်ပေါင်းစုံက လာရောက်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်။

ရေကျော်စျေးပွဲတော်ကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၆ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ‌ဖျော်ဖြေပွဲနဲ့ နိုဝင်ဘာ ၂၄ ရက်မှာ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော်တွေ‌ သီဆိုမှာဖြစ်သလို နိုဝင်ဘာ ၂၅ ရက်မှာ State Show အပါအဝင် နိုဝင်ဘာ ၂၆ ရက်မှာ အငြိမ့်အဖွဲ့က ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ရေကျော်ဈေးပွဲတော်ဟာဆိုရင် NLD ထောက်ခံသူတချို့အနေနဲ့ ‌ရန်ကုန်မြို့ကြီး အေးချမ်းစွာရှိစဉ်အချိန်ကလို့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြနေတဲ့ ဓာတ်ပုံတွေထဲမှာ အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင် ရေကျော်ဈေးပွဲတော်ကြီးကို ပြန်ကျင်းပလိုက်တာကလည်း အေးချမ်းစွာနေထိုင်လိုတဲ့ ရန်ကုန်မြို့က ပြည်သူတွေက ရန်ကုန်မြို့အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဖော်ဆောင်နေတာ ဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *