ylliX - Online Advertising Network
ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတပျော်ဖြေပွဲတွေကို ဒီနေ့ကစပြီး သုံးရက်တိုင်တိုင် ကျင်းပနေ

ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတပျော်ဖြေပွဲတွေကို ဒီနေ့ကစပြီး သုံးရက်တိုင်တိုင် ကျင်းပနေ


၁၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲ‌တွေကို ဒီနေ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါဈေးရောင်းပွဲတော်မှာ ဟင်းသီးဟင်းရွက်၊ စက်မှုထုတ်ကုန်၊ ရေထွက်ကုန်၊ Handmade ကုန်ပစ္စည်းတွေကို မနက် ၈ နာရီကနေ ည၈ နာရီအထိ ရောင်းချပေးမှာဖြစ်ပြီး တေးဂီတဖျော်ဖြေပွဲကိုတော့ ညနေ ၄ နာရီကနေ ည ၇ နာရီ ဖျော်ဖြေပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် အလှမီးတွေ ပြင်ဆင်ပေးထားသလို မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ ညမှာလည်း တေးဂီတဖျော်ဖြေပွဲအပြင် အလှမီးရှူးမီးပန်းတွေ ဖောက်သွားမှာဖြစ်လို့ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *