-နိုဝင်ဘာ ၁၉ ရက်နေ့ ၁၁၃၀ နာရီတွင် ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရိလမ်းတွင်နေထိုင်သော ဦးရွှေသောင်း(၆၉)နှစ်သည် ပလောက် မြို့၊ ပြည်ခြားကျေးရွာသို့ ဈေးရောင်းချ၍ နေအိမ်သို့ပြန်လာစဉ် ပလောက်မြို့နယ်၊ နန်းပရုပ်ကျေးရွာသို့ အရောက်၌ ခေတ္တရပ်တန့်၍ အပေါ့သွားစဉ် အကြမ်းဖက် PDF များထောင်ထားသည့် မိုင်း ၁ လုံးအား တိုက်မိ ပေါက်ကွဲခဲ့ရာ ဦးရွှေသောင်းတွင် ယာခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့။ -နိုဝင်ဘာ ၁၉ ရက် ၁၂၀၀ နာရီတွင် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ […]
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကို ရင်ဆိုင်ရန် အင်အားရာချီ ဖြည့်တင်းကာ စစ်ပြင်နေကြောင်း မြေပြင်စစ်ဘက်သတင်းရင်းမြစ်များကပြောသည်။ အင်အား ၇၀၀ ကျော်သည့် စစ်ကောင်စီတပ်သားများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပြည်သူ့စစ်များသည် လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ပင်လောင်းမြို့မှ ဖယ်ခုံမြို့သို့ ဦးတည်၍ ချီတက်လာနေသည်ဟု သိရသည်။ ဖယ်ခုံမြို့တွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းနှစ်ရင်းရှိသည်။ ဖယ်ခုံတောင်ဘက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဦးဆောင် ပြုလုပ်ခဲ့သည့် ၁ လေးလုံးစစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ရှိသည်။ သို့သော်လည်း မြို့မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) တပ်စခန်းကိုမူ […]
ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ကမမောင်း-မထော-ဖာပွန် လမ်းကြောင်း နယ်မြေရှင်းလင်းရန် လုံခြုံရေးတပ်ဖွဲ့များက ထွက်ခွာလာစဉ် ကမမောင်းမြို့၏ မြောက်ဘက် မီတာ ၁၅၀၀၀ ခန့်အကွာသို့ အရောက် နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅)၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ- KNLA -၁ လောင်းလက်နက် -၃ လက်ကျည် -၁၀၆ တောင့်ကျည်အိမ် -၉ ခု သိမ်းဆည်းမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ တိုက်ပွဲသတင်းစုံ […]
မတူပီတွင် မရာတပ်ဖွဲ့ အချင်းအချင်းတိုက်ပွဲဖြစ်ပွားရာတွင် ဒေသခံအမျိူးသမီး ၂ ဦးသေ ဆုံး၍ ၂ ဦးဒဏ်ရာပြင်းထန်ရရှိ – Ayeyarwaddy Times Source link
RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]
တော်လှန်ရေးတပ်ဖွဲ့ဝင်များ တည်းခိုခဲ့သည့်နေရာအနီး လက်နက်များ တွေ့ရှိသည်ဟုဆိုကာ လယ်တဲပိုင်ရှင် နှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရသည်။ Source link
အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထားသဖြင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေရသည်ဟု မိတ်ဆွေများက ပြောသည်။ သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ အင်းစိန်မြို့နယ် ဘူတာရုံလမ်း စော်ဘွားကြီးကုန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရအပြီး တစ်ပတ်အကြာ (ယနေ့ နိုဝင်ဘာ ၁၉) အထိ ဆရာတော်နှင့် အဆက်အသွယ်မရဟု နီးစပ်သူများက ပြောသည်။ ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်မှအပြန် လမ်းခုလတ်တွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ‘ခဏလိုက်ခဲ့ပါ’ ဟုပြောကာ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေသည့်ဆရာတော်အရှင်ဇဝနက မျက်မြင်သက်သေတချို့၏ ပြောကြားချက်ကို ကိုးကား၍ မိန့်ကြားသည်။ ဖမ်းဆီးနှိပ်စက်သည့်ကာလတွင် ပျံလွန်သွားနိုင်သဖြင့် ဆရာတော်အတွက် စိတ်ပူမိသည်ဟု […]
တပ်မတော်ရဲ့ ပြင်းထန်လှတဲ့ ဒရုန်းစစ်ဆင်မှုကြောင့် အချို့သောအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များ အလင်းဝင်တဲ့သူတွေကဝင်ကုန်ပြီ… အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဘဝအဆုံးခံမလား??? အလင်းထဲဝင်ပြီး မကောင်းမှုအညစ်အကြေးတွေကို ဆေးကြောမလား??? စဉ်းစားဖို့လိုပြီ.. ဒီလိုမှ မဟုတ်ရင်တော့ လေ့ကျင့်သားပြည့်ဝနေပြီဖြစ်တဲ့ တပ်မတော်ရဲ့ ဒရုန်းစစ်သည်တွေရဲ့ ချေမှုန်းမှုအောက်မှာ…မရှုမလှသေပွဲဝင်ဖို့သာ စဉ်စားထားကြတော့… တပ်မတော်ရဲ့ တရားသောစစ် အောင်နေပြီ.. Source link
ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံရာ စစ်ကိုင်းတိုင်း မူးမြစ်ကမ်းဝန်းကျင်တွင် အင်အားအများအပြားဖြင့် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။ ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၇၀ ကျော် ပါဝင်သည့် စစ်ကြောင်း၊ တန့်ဆည်မြို့နယ်မှထွက်လာသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတို့က နိုဝင်ဘာ ၁၆ ရက်နေ့က စပြီး ရွာများကို စီးနင်းနေခြင်းဖြစ်သည်။ ရေဦးမြို့နယ် ရွာပုကြီးရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး၊ ဗိုလ်ရုံရွာတွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ရွာပုကြီးရွာခံအများစု စစ်ဘေးရှောင်သော်လည်း […]
မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ အရှိုချင်းဒေသက တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်မည်နှင့် ပြည်သူလူထု၏ […]