ylliX - Online Advertising Network

အာတီတာကို ပါးစပ်ပိတ်ထားလို့ ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင် – Official Arsenal Myanmar

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးက အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ လူစာရင်းထဲ ကစားသမားသစ်ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက် လှုပ်ရှားမှုဟာ ထင်သလောက် မသွက်လက်ခဲ့ဘဲ ဒေးဗစ် ရာယာ ဘရန့်တ်ဖို့ဒ်ကနေ အပြီးသတ်ပြောင်းလာတာ၊ ကာလာဖီအိုရီကို ဘိုလော့ဂ်ညာကနေ ခေါ်ယူနိုင်ခဲ့တာရယ်သာ ရှိသေးတာပါ။ ဘိုလော့ဂ်ညာကနေ ကာလာဖီအိုရီကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်လို့ အာဆင်နယ်က နွေရာသီစျေးကွက်မပိတ်ခင် လက်ကျန်အချိန်တွေမှာ နောက်ထပ် တိုးတက်မှုရှိလာဖို့ လိုအပ်နေတဲ့ နေရာအများအပြားအတွက် အင်အားဖြည့်တင်းဖို့ ကြိုးစားသွားရဦးမှာပါ။ အာတီတာက ရာသီကြိုခရီးစဉ်အတွင်း “ဒီလိဂ်မှာ ပြီးပြည့်စုံမှုရှိဖို့က မတူညီတဲ့ စံနှုန်းတွေလိုအပ်ပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်အောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့က ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ကျွန်တော်တို့ တိုးတက်အောင် လုပ်ချင်တဲ့နေရာတွေရှိနေပြီး အထူးသဖြင့် ကျွန်တော်တို့ […]

ဆံပင်ပန်းရောင်နဲ့ကောင် ဂေးနေတာလားလို့ ဒဲ့မေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင် – Official Arsenal Myanmar

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ယန်း လေမန်းက စပိန်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ အိမ်ရှင် ဂျာမနီတို့ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ် အန်းဒရစ်ချ်ရဲ့ ဆံပင်ပုံစံအသစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေကို ပန်းရောင်ဆံပင်အရောင်ထားတာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ လေဗာကူဆင်ကြယ်ပွင့် အန်းဒရစ်ချ်က စပိန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ သောကြာနေ့ညပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ပန်းရောင်ဆိုးထားတဲ့ ဆံပင်ပုံစံသစ်ကို ပြသခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ဆံပင်ပုံစံဟာ ဘောလုံးဝေဖန်သူ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအစောပိုင်းမှာ လေဗာကူဆင်ကြယ်ပွင့်က ပလက်တီနမ်ရွှေအိုရောင်ရင့်ရင့် ဆံပင်အရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အန်းဒရစ်ချ်က သောကြာနေ့ည ပွဲမတိုင်ခင် ဂျာမနီအသင်းကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း နာဂယ်စ်မန်းရဲ့အသင်းက ကိုယ့်မြေကိုယ့်ရေမှာ အသည်းကွဲခဲ့ရတဲ့ပွဲမှာတော့ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း […]

ဘလိုင်းကြီး ဖောင်းထုတဲ့အသင်းဖော်ဟောင်းကို တုံ့ပြန်ခဲ့တဲ့ ရိုက် – Official Arsenal Myanmar

ဒီကလန် ရိုက်ဟာ ဒိန်းမတ်နဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အိုင်ယာလန်အသင်းဖော်ဟောင်း ဂျိမ်းစ် မက်ကလင်းက ပြစ်တင်ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂန်းနားတွေရဲ့ ပေါင်သန်း ၁၀၀ တန် စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့အတူ ကောင်းမွန်တဲ့ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကို နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲက ဒီကလန် ရိုက်ရဲ့ စွမ်းဆောင်ရည်ဟာ ဂန်းနားတွေအတွက် ပြသခဲ့တဲ့ခြေစွမ်းလောက် ကောင်းမွန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒိန်းမတ်နဲ့ တစ်ဖက် ၁ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ကွင်းလယ်မှာ အလက်ဇန်းဒါး-အာနိုးနဲ့ ချိတ်ဆက်ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်က […]

အာဆင်နယ်ကို ပြောင်းချင်တဲ့အသင်းစာရင်းထဲထည့်ထားတဲ့ ဂျာမန်ကြယ်ပွင့် – Official Arsenal Myanmar

ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ချ်ဟာ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ စဉ်းစားမယ့်အသင်းစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ဒီနွေရာသီမှာ ကင်းမစ်ချ်ကို စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့်နှစ် အလွတ်နဲ့ ထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။ ကင်းမစ်ချ်ဟာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးခြင်းမရှိသေးဘဲ ဥရောပတလွှားက အသင်းတွေက နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ Sky Germany ရဲ့ သတင်းအရ ကင်းမစ်ချ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖွယ်မရှိဖို့များနေပြီး ဘွန်ဒက်စ်လီဂါအသင်းက ဂျာမန်ကွင်းလယ်လူကို ဒီနွေရာသီမှာ […]