ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ချ်ဟာ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ စဉ်းစားမယ့်အသင်းစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ဒီနွေရာသီမှာ ကင်းမစ်ချ်ကို စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့်နှစ် အလွတ်နဲ့ ထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။
ကင်းမစ်ချ်ဟာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးခြင်းမရှိသေးဘဲ ဥရောပတလွှားက အသင်းတွေက နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
Sky Germany ရဲ့ သတင်းအရ ကင်းမစ်ချ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖွယ်မရှိဖို့များနေပြီး ဘွန်ဒက်စ်လီဂါအသင်းက ဂျာမန်ကွင်းလယ်လူကို ဒီနွေရာသီမှာ ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။
ဂျိုရွှာ ကင်းမစ်ချ်က အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့အပါအဝင် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကိုလည်း ပြောင်းရွှေ့ဖို့ ထည့်သွင်းစဉ်းစားမယ့်အသင်းစာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ခ်ျဟာ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ စဉ်းစားမယ့်အသင်းစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ဒီနွေရာသီမှာ ကင်းမစ်ခ်ျကို စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့်နှစ် အလွတ်နဲ့ ထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။
ကင်းမစ်ခ်ျဟာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးခြင်းမရှိသေးဘဲ ဥရောပတလွှားက အသင်းတွေက နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
Sky Germany ရဲ့ သတင်းအရ ကင်းမစ်ခ်ျဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖွယ်မရှိဖို့များနေပြီး ဘွန်ဒက်စ်လီဂါအသင်းက ဂျာမန်ကွင်းလယ်လူကို ဒီနွေရာသီမှာ ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။
ဂျိုရွှာ ကင်းမစ်ခ်ျက အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့အပါအဝင် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကိုလည်း ပြောင်းရွှေ့ဖို့ ထည့်သွင်းစဉ်းစားမယ့်အသင်းစာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet