ylliX - Online Advertising Network
ဆံပင်ပန်းရောင်နဲ့ကောင် ဂေးနေတာလားလို့ ဒဲ့မေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင် - Official Arsenal Myanmar
ဆံပင်ပန်းရောင်နဲ့ကောင် ဂေးနေတာလားလို့ ဒဲ့မေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင် – Official Arsenal Myanmar
အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ယန်း လေမန်းက စပိန်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ အိမ်ရှင် ဂျာမနီတို့ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ် အန်းဒရစ်ချ်ရဲ့ ဆံပင်ပုံစံအသစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေကို ပန်းရောင်ဆံပင်အရောင်ထားတာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။
လေဗာကူဆင်ကြယ်ပွင့် အန်းဒရစ်ချ်က စပိန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ သောကြာနေ့ညပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ပန်းရောင်ဆိုးထားတဲ့ ဆံပင်ပုံစံသစ်ကို ပြသခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ဆံပင်ပုံစံဟာ ဘောလုံးဝေဖန်သူ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲအစောပိုင်းမှာ လေဗာကူဆင်ကြယ်ပွင့်က ပလက်တီနမ်ရွှေအိုရောင်ရင့်ရင့် ဆံပင်အရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အန်းဒရစ်ချ်က သောကြာနေ့ည ပွဲမတိုင်ခင် ဂျာမနီအသင်းကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း နာဂယ်စ်မန်းရဲ့အသင်းက ကိုယ့်မြေကိုယ့်ရေမှာ အသည်းကွဲခဲ့ရတဲ့ပွဲမှာတော့ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အန်းဒရစ်ချ်ဟာ ပထမပိုင်းအပြီးမှာ ကွင်းထဲမှာ ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ လီရွိုင်း ဆာနေးရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီး ဒါနီ အိုမိုရဲ့ သွင်းဂိုးကို ဖလိုရီယန် ဗာ့ဇ်က ချေပခဲ့ပြီး အချိန်ပိုအထိ ဆက်သွားခဲ့ရတာဖြစ်ပါတယ်။
မီခေးလ် မယ်ရီနိုဟာ ၁၁၉ မိနစ်မှာ စပိန်အသင်းအတွက် ခေါင်းတိုက်သွင်းဂိုးနဲ့ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး အိမ်ရှင် ဂျာမနီတို့ ရင်ကွဲပက်လက်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာ အဓိက ပြောစရာဖြစ်ခဲ့တဲ့အချက်တွေထဲက တစ်ချက်က အာဆင်နယ်နဲ့ ဂျာမနီလက်ရွေးစင်ဂိုးသမားဟောင်း လေမန်းက အန်းဒရစ်ချ်ရဲ့ ဆံပင်ပုံစံကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ကိစ္စဖြစ်ခဲ့တာဖြစ်ပါတယ်။
“ဒီနေ့ခေတ်မှာ ခင်ဗျား တော်တော်လေး သတိထားပြီးနေမှရမယ်။ ဘာလို့လဲဆိုတော့ သူ(အန်းဒရစ်ချ်)က သူ့ကိုယ်သူ မိန်းမလိုလို ဘာလိုလို ခံစားနေရတာဖြစ်ရင် ဖြစ်နေနိုင်လို့ပါ။ ခင်ဗျား အရမ်းကို သည်းညည်းခံမှရမယ်။ ထိပ်တန်းအဆင့်ဖြစ်တဲ့ လက်ရွေးစင်ဘောလုံးအသင်းမှာ ရှိနေတဲ့ အခါမှာ တစ်ခါတရံကျရင် အဲဒီလို လုပ်တာက အရမ်းကို လွန်လွန်းသလို ဖြစ်လာနိုင်ပါတယ်။ ပထမဆုံးကတော့ ရွှေရောင်ဆံပင်။ အခုကျတော့ ပန်းရောင်ဆံပင်။ သူ ကျွန်တော်တို့ကို ဘာပြချင်နေတာလဲ။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးပြဿနာတစ်ခုခု ရှိနေလို့ ဒီလိုပုံစံမျိုး ဖြစ်နေတာလား။
အသင်းဖော်တစ်ယောက်အနေနဲ့ဆိုရင် ကျွန်တော် သူ့ဆံပင်အရောင်မြင်တာနဲ့ အရမ်းကို အထူးအဆန်းဖြစ်ခဲ့ပါလိမ့်မယ်။ လက်ရွေးစင်နည်းပြကလည်း အရမ်း သဘောကျမယ်လို့ ကျွန်တော် မထင်ပါဘူး။ ပြိုင်ဘက်ဂိုးသမားသာ ဒီနေ့ ပန်းရောင်ရှပ်ဝတ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ။ ပန်းရောင်ဆိုတာက အရမ်းကို တောက်တဲ့အရောင်ပါ။ ကွင်းထဲမှာ လုံးဝကို စိတ်အနှောင့်အယှက်ဖြစ်စရာအရောင်ပါ။ ယူအီးအက်ဖ်အေအနေနဲ့ အန်းဒရစ်ချ်ရဲ့ ဆံပင်အရောင်လိုမျိုး အရောင်တွေကို ပိတ်ပင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရောင်တွေက ပြိုင်ဘက်ကစားသမားတွေကြားမှာ စိတ်ရှုပ်ထွေးစရာတွေကို ဖြစ်လာစေနိုင်လို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ယန်း လေမန်းက စပိန်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ အိမ်ရှင် ဂျာမနီတို့ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ် အန်းဒရစ်ခ်ျရဲ့ ဆံပင်ပုံစံအသစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေကို ပန်းရောင်ဆံပင်အရောင်ထားတာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။
လေဗာကူဆင်ကြယ်ပွင့် အန်းဒရစ်ခ်ျက စပိန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ သောကြာနေ့ညပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ပန်းရောင်ဆိုးထားတဲ့ ဆံပင်ပုံစံသစ်ကို ပြသခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ဆံပင်ပုံစံဟာ ဘောလုံးဝေဖန်သူ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲအစောပိုင်းမှာ လေဗာကူဆင်ကြယ်ပွင့်က ပလက်တီနမ်ရွှေအိုရောင်ရင့်ရင့် ဆံပင်အရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အန်းဒရစ်ခ်ျက သောကြာနေ့ည ပွဲမတိုင်ခင် ဂျာမနီအသင်းကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း နာဂယ်စ်မန်းရဲ့အသင်းက ကိုယ့်မြေကိုယ့်ရေမှာ အသည်းကွဲခဲ့ရတဲ့ပွဲမှာတော့ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အန်းဒရစ်ခ်ျဟာ ပထမပိုင်းအပြီးမှာ ကွင်းထဲမှာ ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ လီရွိုင်း ဆာနေးရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီး ဒါနီ အိုမိုရဲ့ သွင်းဂိုးကို ဖလိုရီယန် ဗာ့ဇ်က ချေပခဲ့ပြီး အချိန်ပိုအထိ ဆက်သွားခဲ့ရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
Source link
Leave a Reply
Your email address will not be published. Required fields are marked *