(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄ 12/10/24 Diary in the darkness အန်ကယ် တူမီး အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။ တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။ မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ […]
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]
နေပြည်တော်၊ နိုဝင်ဘာ ၁၂ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ် ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ်အား ၁၂-၁၁-၂၀၂၄ ရက် (၁၃ ၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပနိုင်ရေး နှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်အလားလာရှိသော ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ Join – https://t.me/MyanmarNationalPost Source link
(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၄ မင်္ဂလာဆောင်မှာ နွားပြောက်ကြီးတရှဉ်း လက်ဖွဲ့တယ် ဆိုသလို ကြင်စိုးကတော့ တရုတ် သွားပြီး မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ ပေါရဲ၊ အဲ အဲ ဖောရဲတယ်။ အဲဒီလို ဖောတာဟာ မအလ ငကြင်စိုးရဲ့ ကနေကျ အရူးကွက် ဆိုတာ လူတိုင်း သိပါတယ်။ မင်္ဂလာလက်ဖွဲ့တဲ့ နွားနှစ်ကောင်က ရရစ်နဲ့ နွားပြောက်ကျား နွားနှစ်ကောင် မဟုတ်ဘဲ ယပင့်နဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် မဟုတ်လား။ အင်း ခုလည်း ကျောက်ဖြူလဲ သူ့လက်ထဲမရှိ၊ မူဆယ်လဲ မတွယ်သေးလို့သာ ဒါလဲ၊ တကယ်တမ်းက သူ့လက်ထဲမရှိ၊ မန္တလေးတောင် ဒေါက်တာ စိုးသူရဇော်လက်ထဲရောက်တော့မှာ။ အကြိမ်အကြိမ်အခါခါ လဲနေရတဲ့ လပခတိုင်းမှူးတောင် ကျုံးပြင် […]
နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄ နိုဝင်ဘာ ၅၊ ၂၀၂၄ အမေရိကန် အထွေထွေရွေးကောက်ပွဲကနေ စိန်ခေါ်သူ ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ ဒီမိုကရက်တွေကို သောင်ပြိုကမ်းပြို အနိုင်ရသွားပါပြီ။ အနိုင်ရလိုက်သမှ သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အားလုံး အသာစီးရသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်၏ ဗဟိုတရားရုံးတော်မှာလည်း ထရန့် ခန့်ခဲ့တဲ့ တရားသူကြီးများ ဦးရေ အသာစီးရနေတာမို့ ဘာလုပ်လုပ် ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လုပ်သမျှ အကုန်တင့်တယ်၊ ဂုဏ်တင့်တယ်တော့မယ်လို့ ဆိုနိုင်ပါတယ်။ ရှေးရိုးစွဲတွေ လက်ယာစွန်းတွေ လူမျိုးကြီးဝါဒီတွေကတော့ လက်ခမောင်းခတ်ကြပါတယ်။ အဲသည်ထဲမှာ ဘာမဆိုင် ညာမဆိုင် ဒီမိုကရက်တွေ လစ်ဘရယ်တွေကို မျက်မုန်းကျိုးနေသူတွေ ဂျန်းလီးတွေကလည်း တပြုံတမကြီး ဆွမ်းကြီးဝင်လောင်းကြပါတယ်။ သူတို့ ပြောချင်တာက ထရန့်နဲ့ လက်ယာစွန်းတွေ ရှေးရိုးစွဲတွေ […]
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄ တရစ်ပြီးတရစ် ကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ် ကုန်စည်ပိတ်ဆို့မှု တရုတ်နိုင်ငံအစိုးရ အနေနဲ့ ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်တာ၊ ကုန်ပစ္စည်းကန့်သတ်ချက်တွေ ထုတ်ပြန်တာတွေ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်ကစလို့ လုပ်ဆောင်လာရာမှာ တစထက်တစ ပိုမိုတင်းကြပ်လာတာ သတင်းတွေထဲမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့တဲ့ လက်နက်ကိုင်အဖွဲ့တွေက TNLA, MNDAA နဲ့ KIA တို့ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ရှိတဲ့အနက် AA ကတော့ တရုတ်-မြန်မာ […]
(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ အမေ ပြန်မလာသေးဘူးလား သားတို့ အိပ်ရေး၀၀အိပ်ချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ နွေးထွေးလုံခြုံချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ လွတ်လပ်ငြိမ်းချမ်းချင်ပြီ ။ အမေနဲ့ အိမ်နဲ့ ဝေးကွာနေသူက မေးတယ် အမေ ပြန်မလာသေးဘူးလား စစ်မီးလျှံကြား ပြာပုံထဲက အော်တယ် အမေ ပြန်မလာသေးဘူးလား တောထဲ တောင်ထဲ ပြေးလွှားပုန်းခိုရင်း ပြောတယ် အမေ ပြန်မလာသေးဘူးလား ကျွန်တော့်အမေ ကွယ်လွန်ခဲ့တာ ကြာပါပြီ ည အိပ်ရာ၀င်တိုင်း တိုင်တည်တယ် အမေ ပြန်မလာသေးဘူးလား ညက အမေ့ကို အိပ်မက်မက်တယ် အမေ ပြန်မလာသေးဘူးလား အခု တတိုင်းပြည်လုံးက မေးနေကြတယ် အမေ ပြန်မလာသေးဘူးလား အမေ ပြန်မလာသေးဘူးလား […]
(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ […]
ကျိုင်းတုံ ၊ နိုဝင်ဘာ ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၏ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် အသီးသီးနေရာယူကြကာ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက မိန့်ခွန်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိသူ ၃၃ ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၃ ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘွဲ့ရရှိသူ ၂၁ ဦးနှင့် စက်မှုအင်ဂျင်နီယာဘွဲ့ရရှိသူ ၁၅ ဦး စုစုပေါင်း ၈၂ ဦးအား ဘွဲ့လက်မှတ်များ တစ်ဦးချင်း အပ်နှင်းပေးသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အသီးသီးမှ […]
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]