ylliX - Online Advertising Network

အမေရိကန်ပြည်၊ ဝါရှင်တန်တွင် နေအိမ်ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မှ တကောက်ကောက်အလိုက်ခံနေရသဖြင့် အခက်ကြုံနေသူ အမျိုးသမီးတစ်ဦး – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ Kitsap ခရိုင်ရှိ Sheriff (ခရိုင်ရဲမှူး- ပြည်သူတို့ ရွေးကောက်မှုဖြင့် ခန့်အပ်လေ့ရှိ) ရုံးမှ လက်ထောက်အရာရှိတို့ထံ တိရ စ္ဆာန်များနှင့် စပ်လျဉ်းပြီး မကြာခဏ ဖုန်းဆက်တိုင်ကြားမှုများ ရှိသည်။ မွေးမြူရေးခြံများမှ လွတ်ထွက်လာသော တိရ စ္ဆာန်များကိစ္စ၊ ခွေးတို့၏ ပြဿနာရှာမှုများအကြောင်း ဖြစ်တတ်သည်။ သို့သော် 911 ထံ ဖုန်းဆက်လာမှုများအနက် Poulsbo မြို့အနီးတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက သူ၏ ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင်ရေများစွာ သွားလာနေပြီး မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကြောင်း အကြောင်းကြားလာမှုမှာ ထူးခြားနေသည်။ (မှတ်ချက်။ ရက်ကွန်းသည် ဝံမျိုးစိတ်ဝင်ဖြစ်ပြီး မြောက်အမေရိက မျိုးရင်းဖြစ်သည်။ ဝံမျိုးစိတ်ဆိုသော်လည်း အလျား ၁၆ လက်မမှ ၂၈ လက်မအထိသာရှိသည်။ […]

သင့်ဝန်ထမ်းများ လုပ်ငန်းခွင် ပျော်ရွှင်စေရန် နည်းလမ်းများ – iMyanmarHouse.com

[Unicode] လုပ်ငန်းခွင်က ပျော်စရာကောင်းမှသာ ကုမ္ပဏီအပေါ်မှာရော ဝန်ထမ်းတွေအပေါ်မှာပါ အောင်မြင်တိုးတက်ခြင်းတွေ အစစ်အမှန် ရှိနေမှာပါ။ ဒါကြောင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရရေး ဆိုတာ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ပျော်ရွှင်စေပြီး အလုပ်နဲ့ပတ်သက်တဲ့ အောင်မြင်တိုးတက်ခြင်းတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံး အကြံပြုချက်တွေပဲဖြစ်ပါတယ်။ – Flexible ဖြစ်သော (ပြင်လွယ်ပြောင်းလွယ်သော) လုပ်ငန်းခွင်မျိုး ဖန်တီးပါ ဥပမာ- ရုံးချိန်၊ ရုံးတက်ရက်၊ နားရက် စသည်တို့ကို လုပ်ငန်းသဘောသဘာဝနဲ့ ဝန်ထမ်း အခြေအနေကို ကြည့်ပြီး ပြင်လွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းခွင်မျိုးဖန်တီးပေးတာက ဝန်ထမ်းတွေကို အလွန်ထိရောက်စွာပင် စိတ်ကျေနပ် ပျော်ရွှင်စေပါတယ်။ – လုပ်ငန်းရည်ရွယ်ချက်၊ တန်ဖိုးထားမှု၊ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း နားလည်သိရှိနေပါစေ ဒီအချက်က သင့်လုပ်ငန်း၊ ကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ […]

မှတ်သားဖွယ် ဥပဒေအမေးအဖြေများ – iMyanmarHouse.com

[Unicode]   ဒီတစ်ပတ်မှာတော့ ကြိုပွိုင့်တိုက်ခန်း ဝယ်ယူရာတွင် သိထားသင့်သော အချက်များအပြင် အခြားစိတ်ဝင်စားဖွယ်ရာမေးခွန်းများကိုလဲ ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။ မေးခွန်း (၁) – ကွယ်လွန်သူပိုင် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက မည်သို့ဆောင်ရွက်နိုင်ပါသလဲ။ မိခင်ဖခင်နှစ်ဦးစလုံး သေဆုံးချိန်တွင် သားသမီးများမှ အမွေဆက်ခံခွင့် အခွင့်အရေး ရရှိလာမည်ဖြစ်ရာ သားသမီးစုံလင်စွာဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူနိုင်ပါသည်။ သားသမီးများမှာ အမွေပစ္စည်း အပေါ်တွင် အငြင်းပွှားမှုများ ပေါ်ပေါက်ပါကလဲ တရားရုံးတွင် အမွေပုံစ္စည်း စီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။ ကွန်လွန်သူပိုင် အိမ်၊ ခြံ၊ မြေအား အမွေဆိုင်များမှ ရောင်းချပြီး အမွေခွဲဝေခြင်း ပြုသည့်အခါများ၌ သားရင်း သမီးရင်းများအပြင် အမွေစားအမွေခံမှတ်ပုံတင်စာချုပ်ဖြင့် မွေးစားမှုပြုထားသူများပါ ပါဝင်ခွဲဝေမှုပြုရမည် ဖြစ်ပါသည်။ အမွေဆိုင်များမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ […]

မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ အကြောင်း – iMyanmarHouse.com

[Unicode] မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို ၁၉၆၀ ခုနှစ်တွင် ထွက်ရှိထားပြီး အဆိုပါဥပဒေ၏ ပုဒ်မ – ၂(က) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ကိုလဲ ခန့်အပ်ထားပေးပါသည်။ အိမ်ငှားဆိုသည်မှာ မိမိကိုယ်တိုင် အတွက်ဖြစ်စေ၊ အခြားသူတစ်ဦး တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အဆောက်အအုံအား ငှားရမ်းသူ၊ ငှားရမ်းခ ပေးအပ်ရသူကို ဆိုလိုပါသည်။ ထို့ပြင် အိမ်ငှားဆိုသော စကားရပ်၌ တရားဝင် ကိုယ်စားလှယ်များ၊ အိမ်ငှားထံမှ တဆင့် အဆောက်အအုံအတွင်း နေထိုင်သူ သက်ဆိုင်သူများ အသီးသီး၊ လက်ရှိနေထိုင်သူများ အားလုံးပါဝင်ပါ သည်။ အဆောက်အအုံ၊ အဆောက်အအုံရှိနှင့်နေသော မြေအားအငှားချထားခြင်း၊ အဆောက်အဦ အစိတ်အပိုင်း အား ငှားရမ်းခြင်း၊ ဈေးဆိုင်များ ဥပစာ ငှားရမ်းခြင်းများအား ငှားရမ်းခ ကြီးကြပ်ရေးဝန်မှ ငှားရမ်းခနှုန်းထား သတ်မှတ်ပေးနိုင်ပါသည်။ ငှားရမ်းခကြီးကြပ်ရေးဝန်မှ ရန်ကုန်မြို့တော် တရားမရုံးတရားသူကြီးချုပ်၏ […]

အသည်းတယားယား တောင်ကမ်းပါးစွန်းမှ တွဲလဲထားတဲ့ ဖန်ပေါင်းချောင်ထဲ အိပ်ရဲတဲ့လူရှိသလား – iMyanmarHouse.com

[Unicode] သက်စွန့်စံဖျားခရီးသွားလာချင်သူတိုင်းအတွက် ပီရူးမှ Peruvian တောင်ကမ်းပါးနား အိပ်ခန်းပမာဏအရွယ်အစား ဖန်ပေါင်းချောင်လေးများ တွဲလဲချည်ထားလျက် ခရီးသွားများအား ဆွဲဆောင်လာပါတယ်။ ဖန်ပေါင်းချောင် အိပ်ခန်းလေးများဖြစ်ပြီး ကြမ်းပြင်ကိုတော့ သစ်သားနဲ့ခင်းထားပါတယ်။ တောင်ကမ်းပါးအပေါ်မှာလည်းမဟုတ် အောက်လည်းမနိမ့်ဘဲ တောင်အောက်ခြေမှ ပေ ၁၃၀၀ ခန့် တောင်ပေါ်သို့ တက်ပြီးမှသာ တည်းခိုလို့ရနိုင်တာမို့ တောင်တက်ကျွမ်းသူများ အကြိုက်ပါပဲ။ တစ်ညတာတည်းခိုရုံနဲ့ ရင်သပ်ရှုမောဖွယ် ပေ ၁၃၀၀ ကျော်အမြင့်က တောင်တန်းချိုင့်ဝှမ်းအလှကို လှမ်းတွေ့နိုင်ပြီး ညဘက်မှာဆိုရင်တော့ နဂါးငွေ့တန်း တစ်စိတ်တစ်ပိုင်းရဲ့အလှကိုပါ ညရှုခင်းအဖြစ်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၈ ပေအထိသာ အရှည်ရှိတဲ့ ဖန်ပေါင်းချောင်အိပ်ခန်းလေးများဖြစ်ပြီး တစ်ညတည်းခိုရန်အတွက် ဒေါ်လာ ၄၀၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဖန်ပေါင်းချောင်ကိုယ်ထည်ကို အလူမီနီယံသတ္တုနဲ့ ဆောက်လုပ်ထားပြီး ကြမ်းတမ်းတဲ့ရာသီဥတုအလယ်မှာတောင် ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းဖြစ်တဲ့အတွက် ခရီးသွားများ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရတယ်လို့ဆိုပါတယ်။   […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=I7Qml5imBz8 #Daily_NewsPublished 26 October 2024 ၁။ ရန်ကုန်၊ အရှေ့ဒဂုံရှိ ရေနစ်မြုပ်ခဲ့သည့်နေရာအချို့သို့ ထမင်းထုတ်များဆက်ဝေပေးနေရဆဲဖြစ်ဟုဆို ၂။ ‌ရွှေဈေးနှုန်းတည်ငြိမ်စေရန် ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း ၃။ နိုင်ငံတကာယာဉ်မတော်တမဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်မှ Best Team Leader ဆုရရှိ ၄။ တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် လမ်းကြောင်းမှန်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရှီနှင့်မိုဒီ ခေါင်းဆောင်နှစ်ဦးဆွေးနွေး … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား – iMyanmarHouse.com

[Unicode] နေအိမ်အောက်မှာ တောင်ပို့ပေါက်တဲ့အခါ လူတွေက အိမ်ကို ဖျက်ဆီးမယ်ဆိုပြီး တူးထုတ်ပစ်တတ်ကြပါတယ်။ အချို့လူတွေကတော့ ကောင်းတဲ့နိမိတ်လို့ ယူဆကြပါတယ်။ ရာဇမတ်လေးဖက်လေးတန်ကာပြီး တံခွန်၊ ကုက္ကား၊ မုလေးပွားစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြတာလည်း ရှိပါသေးတယ်။ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်တတ်ကြပါတယ်။ အချို့ဆိုရင် အိမ်က ဆင့်တန်းဖြုတ်၊ ခင်းထားတဲ့ပျဉ်ခွာပြီးတဲ့အထိ ယုံယုံကြည်ကြည် ကိုးစားကြတာ တွေ့ရတယ်။ တစ်ခါက မိတ်ဆွေတစ်ယောက်က သူ့အိမ်အောက်မှာ တောင်ပို့ပေါက်လာလို့ ဖယ်ရမလား၊ ထားရမလား မေးဖူးပါတယ်။ လူတော်တော်များများက တောင်ပို့ပေါက်တာ ကောင်းတယ် ကြီးပွားတိုးတက်လိမ့်မယ်လို့ ယူဆကြတာ များပါတယ်။ ဒါပေမယ့် ရှေးလူကြီးတွေ ပြောခဲ့တာကတော့ တောင်ပို့ပေါက်တယ်ဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှေးလူကြီးတွေဟာ အကြားအမြင် ဗဟုသုတများတာကြောင့် ကဗျာလင်္ကာနဲ့ စပ်ဆိုထားခဲ့တာမို့ […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=Al-MSbhys_s #Daily_NewsPublished 25 October 2024 ၁။ တရုတ်နယ်စပ်ဂိတ်ပိတ်၍ ရွှေဈေးတက်လာခြင်းမရှိဟု YGEA ထုတ်ပြန်   ၂။ ‌စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျဆင်းလာသော်လည်း ဈေးအမြင့်တန်း၌သာဆက်ရှိနေ   ၃။ ဆင်မကြီး မိုမို (၇၁)နှစ်ပြည့် မွေးနေ့ပွဲ(၃)ရက်တိုင်တိုင်ကျင်းပမည်   ၄။ နီပေါတွင်အဆက်မပြတ်မိုးရွာသွန်းသဖြင့် စိုက်ကွင်းများရေကြီးကာ ခရမ်းချဉ်သီးဈေးနှုန်းအဆမတန်မြင့်တက် … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။   #YMG #Yangon_Times #Yangon_Media_Group Source link

တွမ်ခရုစ်၏ ဖလော်ရီဒါပြည်နယ်မှ Penthouse ခန်း Milton ဟာရီကိန်းမုန်တိုင်းအတွင်း ထိခိုက်မှု မရှိဘဲ ရှင်သန်ရပ်တည်နိုင်ခဲ့ – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် Milton ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဟောလိဝုဒ် ကြယ်ပွင့် တွမ်ခရုစ်၏ Clearwater မြို့ရှိ Penthouse ခန်းမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့မှုကြောင့် တွမ်ခရုစ်မှာ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင်တို့က Milton မုန်တိုင်းကြီးမှာ Category 5 အဆင့်အထိ အားပြင်းသော မုန်တိုင်းကြီး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ Milton မုန်တိုင်းသည် တွမ်ခရုစ်၏ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိအခန်းကို ချန်လှပ်ခဲ့ဟန် ရသည်။ မုန်တိုင်းကြောင့် မြို့မှာ အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကသောင်းကနင်းဖြစ်မည်ဟု ခန့်မှန်းခဲ့ပြီး အကြီးအကျယ်ရေလွှမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၏ ပြောကြားချက်အရ မုန်တိုင်းသည် မြို့ကိုမဝင်မီတွင် အားပျော့သွားခဲ့ကြောင်း၊ ပြည်သူတို့၏ စိုးရိမ်မှုများ လျော့ကျသွားခဲ့ကြောင်း ပြောသည်။ […]

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲအား ဝင်ဆာရဲတိုက်ရှိ စံအိမ်ကို တရားဝင်စွန့်လွှတ်ရန် ပြောခဲ့ရာ ဟယ်ရီတို့စုံတွဲက ပေါ်တူဂီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူ – iMyanmarHouse.com

[Unicode] ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့စုံတွဲကို ခမည်းတော် ချားလ်စ်ဘုရင်က ဝင်ဆာရဲတိုက်ဝန်းရှိ အိမ်တော်မှ နှင်ထုတ်ခဲ့သောကြောင့် ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် အခြေချရန် နေအိမ် မရှိတော့ချေ။ မင်းသားဟယ်ရီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် တော်ဝင်မိသားစု၏ အတွင်းရေးများကို ဖွင့်ချခဲ့မှုကြောင့် ချားလ်စ်ဘုရင်က အမျက်ရှကာ သူ၏ နန်းတက်ပွဲမတိုင်မီကတည်းက ဟယ်ရီတို့ စုံတွဲကို နှင်ထုတ်ထားခြင်း ဖြစ်သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ https://www.imyanmarhouse.com/news/read/1056943   သို့သော် နန်းတက်ပွဲကာလတွင်မူ ဟယ်ရီတို့စုံတွဲကို ချားလ်စ်ဘုရင်က ပွဲတက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်းခဲ့သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ် […]