[Unicode] လုပ်ငန်းခွင်က ပျော်စရာကောင်းမှသာ ကုမ္ပဏီအပေါ်မှာရော ဝန်ထမ်းတွေအပေါ်မှာပါ အောင်မြင်တိုးတက်ခြင်းတွေ အစစ်အမှန် ရှိနေမှာပါ။ ဒါကြောင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရရေး ဆိုတာ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ပျော်ရွှင်စေပြီး အလုပ်နဲ့ပတ်သက်တဲ့ အောင်မြင်တိုးတက်ခြင်းတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံး အကြံပြုချက်တွေပဲဖြစ်ပါတယ်။
– Flexible ဖြစ်သော (ပြင်လွယ်ပြောင်းလွယ်သော) လုပ်ငန်းခွင်မျိုး ဖန်တီးပါ
ဥပမာ- ရုံးချိန်၊ ရုံးတက်ရက်၊ နားရက် စသည်တို့ကို လုပ်ငန်းသဘောသဘာဝနဲ့ ဝန်ထမ်း အခြေအနေကို ကြည့်ပြီး ပြင်လွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းခွင်မျိုးဖန်တီးပေးတာက ဝန်ထမ်းတွေကို အလွန်ထိရောက်စွာပင် စိတ်ကျေနပ် ပျော်ရွှင်စေပါတယ်။
– လုပ်ငန်းရည်ရွယ်ချက်၊ တန်ဖိုးထားမှု၊ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း နားလည်သိရှိနေပါစေ
ဒီအချက်က သင့်လုပ်ငန်း၊ ကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအားလုံးအတွက် အရေးကြီးသလို လုပ်ငန်းတိုးတက်အောင်မြင်မှုအတွက်လည်း အရေးပါအရာရောက်ပါတယ်။ လုပ်ငန်းသဘောသဘာဝကို သိရှိနားလည်ပြီးမှသာ ဘာကို ရည်ရွယ်တယ်။ ဘယ်လိုအောင်မြင်မှုကို ရချင်တာလဲဆိုတာ သိပြီး အလုပ်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ အလုပ်လိုအပ်ချက်အရ လိုအပ်လာခဲ့ရင် လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေ၊ အဖွဲ့အစည်းလိုက် ရှိသင့်တဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို ဖြည့်တင်းပေးခြင်းတွေ ရှိဖို့ကလည်း လိုအပ်ပါတယ်။ ဒါမှလည်း ဝန်ထမ်းရော အလုပ်ရှင်ပါ စိတ်ကျေနပ် ပျော်ရွှင်ရတဲ့ ရလဒ် အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။
– တိုးတက်မှုနှင့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးပါ
ပျော်ရွှင်ရတဲ့ လုပ်ငန်းခွင်ဆိုတာ မိမိတို့ရဲ့ လုပ်ငန်းလည်း ကြီးပွားအောင်မြင်သွားသလို၊ ဝန်ထမ်းတွေရဲ့ ဘဝ အခြေအနေတွေလည်း တိုးတက်အောင်မြင်သွားစေဖို့ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းတွေက သူတို့တွေရဲ့ ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကျောင်း အရည်အချင်းတွေကို ပြသပြီး လုပ်ငန်းခွင်ထဲ အောင်မြင်တဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ပေးတတ်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေရဲ့ လုပ်ငန်းခွင်ဘဝ တိုးတက် အောင်မြင်ဖို့၊ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲဖို့ဆိုတာလည်း သူတို့ကိုယ်တိုင်က ကြိုးစားတဲ့ ဝန်ထမ်းတွေ ဖြစ်ဖို့ လိုသလို လုပ်ငန်းခွင်ကပေးတဲ့ အခွင့်အလမ်း တိုးတက်မှုတွေကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ တိုးတက်မှုရှိတဲ့ လုပ်ငန်းခွင်လေးမှာ စိတ်ကျေနပ်ပျော်ရွှင်စွာနဲ့ အလုပ်လုပ်ကိုင်ကြမှာဖြစ်ပါတယ်။
– လုပ်ငန်းခွင်အတွင်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အားပေးပါ
ဒီအချက်ကတော့ အရေးအကြီးဆုံးလို့ ဆိုရမှာပါ။ ရင်းနှီးချစ်ခင်တဲ့ ပေါင်းသင်းဆက်ဆံရေးက နေရာတိုင်းမှာ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာဆို ပိုပြီးတောင် လိုအပ်ပါတယ်။ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးကြတာ။ အထက်အောက် လူကြီး လက်အောက်ငယ်သား လေးလေးစားစား ဆက်ဆံကြတာ၊ အချင်းချင်း ကူညီရိုင်းပင်း ကြတာ စတာတွေက ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ရဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်ကြပါတယ်။ အလုပ်ထဲမှာ အကြီးအကဲနဲ့ အထက်အောက်ဝန်ထမ်းတွေ အချင်းချင်း မရင်းနှီးကြတာ၊ အခေါ်အပြော မလုပ်ပဲ ဆက်ဆံရေး မကောင်းတာမျိုးတွေက အပျက်သဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်ကြပါတယ်။ဝန်ထမ်းတွေ စည်းလုံးပြီး တစ်ဦးနဲ့ တစ်ဦး ရင်းနှီးချစ်ခင်ကြတဲ့အခါ လုပ်ငန်းအပေါ် အကျိုးများပြီး အောင်မြင်တိုးတက်ခြင်း တွေကိုလည်း အလွယ်တကူဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ချစ်ခင်ရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိတဲ့ လုပ်ငန်းခွင်မျိုး ဖြစ်နေဖို့ လိုအပ်ပါတယ်။
– လုပ်ငန်းခွင်မှာ ရာထူး၊ လစာတိုးပေးခြင်းများ လုပ်ပေးပါ
ဘယ်ဝန်ထမ်းကမှတော့ တစ်နေရာတည်း၊ ရာထူးတစ်ခုတည်းမှာပဲ အချိန်အကြာကြီး မလုပ်ချင်ပါဘူး။ လုပ်သက်ရလာတာနဲ့အမျှ လုပ်ငန်းကျွမ်းကျင်မှုလည်းရှိလာသလို ရာထူးအားဖြင့်လည်း တဖြည်းဖြည်း အပေါ် ရောက်လာချင်ကြပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်၊ ကုမ္ပဏီရဲ့သဘောသဘာဝအရ လုပ်ငန်းတိုးချဲ့တာ၊ ဝန်ထမ်း အသစ်တွေခေါ်ဖို့ လိုအပ်တဲ့အခါ စီနီယာ၊ ဂျူနီယာရာထူးနဲ့ အထက်အောက် ဝန်ထမ်းတွေ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းအဟောင်းစီနီယာတွေကို သင့်တော်သလို ရာထူးအကြီးပေးပြီး လက်အောက် အငယ်တွေကို သင်ကြားပေးတာ၊ လက်တွဲခေါ်ပေးတာတွေ လုပ်နိုင်ကြပါတယ်။ ရာထူးကြီးလာတဲ့ အလျောက် တာဝန်တွေ၊ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်တွေ၊ လစာတိုးပေးတာမျိုးတွေလည်း ရလာကြတဲ့အခါ ဝန်ထမ်းတွေက လုပ်ငန်းခွင်ထဲမှာ စိတ်ကျေနပ်မှုရပြီး ပျော်ရွှင်ကြမှာဖြစ်ပါတယ်။
– အသိမှတ်ပြုချီးကျူးပေးပါ
လူတိုင်းက အသိမှတ်ပြုချီးကျူးခံချင်ကြတာချည်းပါပဲ။ လုပ်ငန်းခွင်မှာလည်းပဲ ဝန်ထမ်းကောင်းတွေရဲ့ ချီးကျူးစရာ၊ ဂုဏ်ယူစရာတွေကို တစ်ဦးချင်း အသိမှတ်ပြုပေးတာမျိုး၊ လူအများရှေ့ အဖွဲ့လိုက် ဂုဏ်ပြုချီးကျူးတာမျိုးတွေက လုပ်ငန်းခွင်မှာ စိတ်ကျေနပ် ပျော်ရွှင်မှုကို ခံစားရစေပြီး ရှေ့လျှောက် အလုပ်တွေ ပိုမို ကြိုးစားလုပ်ကိုင်ချင်တဲ့ စိတ်တွေ၊ လုပ်ငန်းခွင်လေးကို ချစ်မြတ်နိုးတဲ့ စိတ်လေးကို ဖြစ်စေပါတယ်။ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့အခါ၊ လုပ်ငန်းခွင်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုလေးတွေ ရှိသွားတဲ့အခါမျိုးတွေမှာ ကုမ္ပဏီလူကြီးကဖြစ်စေ၊ အဖွဲ့ခေါင်းဆောင်ကဖြစ်စေ ဝန်ထမ်းအချင်းချင်းက ချီးကျူး ဂုဏ်ပြုပေးတဲ့ အစဉ်အလာလေးက မဖြစ်မနေရှိသင့်ပါတယ်နော်။
ဒီတော့ အထက်ဖော်ပြပါ အချက်တွေကိုလုပ်ဆောင်ခြင်းဖြင့် ပိုမိုပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးပြီး ဝန်ထမ်းတွေရော အလုပ်ရှင်တွေပါ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေကို ရရှိစံစားနိုင်ကြပါစေလို့ iMyanmarHouse မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သင့္ဝန္ထမ္းမ်ား လုပ္ငန္းခြင္ ေပ်ာ္႐ႊင္ေစရန္ နည္းလမ္းမ်ား
လုပ္ငန္းခြင္က ေပ်ာ္စရာေကာင္းမွသာ ကုမၸဏီအေပၚမွာေရာ ဝန္ထမ္းေတြအေပၚမွာပါ ေအာင္ျမင္တိုးတက္ျခင္းေတြ အစစ္အမွန္ ႐ွိေနမွာပါ။ ဒါေၾကာင့္ ဝန္ထမ္းေတြ လုပ္ငန္းခြင္မွာ ေပ်ာ္႐ႊင္ရေရး ဆိုတာ အေရးႀကီးပါတယ္။ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြကေတာ့ လုပ္ငန္းခြင္မွာ ဝန္ထမ္းေတြကို ေပ်ာ္႐ႊင္ေစၿပီး အလုပ္နဲ႔ပတ္သက္တဲ့ ေအာင္ျမင္တိုးတက္ျခင္းေတြ ဖန္တီးႏိုင္ဖို႔ အေကာင္းဆုံး အၾကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။
– Flexible ျဖစ္ေသာ (ျပင္လြယ္ေျပာင္းလြယ္ေသာ) လုပ္ငန္းခြင္မ်ိဳး ဖန္တီးပါ ဥပမာ- ႐ုံးခ်ိန္၊ ႐ုံးတက္ရက္၊ နားရက္ စသည္တို႔ကို လုပ္ငန္းသေဘာသဘာဝနဲ႔ ဝန္ထမ္း အေျခအေနကို ၾကည့္ၿပီး ျပင္လြယ္ေျပာင္းလြယ္တဲ့ လုပ္ငန္းခြင္မ်ိဳးဖန္တီးေပးတာက ဝန္ထမ္းေတြကို အလြန္ထိေရာက္စြာပင္ စိတ္ေက်နပ္ ေပ်ာ္႐ႊင္ေစပါတယ္။
– လုပ္ငန္းရည္႐ြယ္ခ်က္၊ တန္ဖိုးထားမႈ၊ သေဘာသဘာဝကို ႐ွင္း႐ွင္းလင္းလင္း နားလည္သိ႐ွိေနပါေစ
ဒီအခ်က္က သင့္လုပ္ငန္း၊ ကုမၸဏီမွာ ဝင္ေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ဝန္ထမ္းေတြအားလုံးအတြက္ အေရးႀကီးသလို လုပ္ငန္းတိုးတက္ေအာင္ျမင္မႈအတြက္လည္း အေရးပါအရာေရာက္ပါတယ္။ လုပ္ငန္းသေဘာသဘာဝကို သိ႐ွိနားလည္ၿပီးမွသာ ဘာကို ရည္႐ြယ္တယ္။ ဘယ္လိုေအာင္ျမင္မႈကို ရခ်င္တာလဲဆိုတာ သိၿပီး အလုပ္တာဝန္ေတြကို ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္မွာပဲ ျဖစ္ပါတယ္။ အလုပ္လိုအပ္ခ်က္အရ လိုအပ္လာခဲ့ရင္ လုပ္ငန္းခြင္မွာ လိုအပ္တဲ့ အရည္အခ်င္းေတြ၊ အဖြဲ႕အစည္းလိုက္ ႐ွိသင့္တဲ့ ဝန္ထမ္းေတြရဲ႕ အရည္အခ်င္းေတြကို ျဖည့္တင္းေပးျခင္းေတြ ႐ွိဖို႔ကလည္း လိုအပ္ပါတယ္။ ဒါမွလည္း ဝန္ထမ္းေရာ အလုပ္႐ွင္ပါ စိတ္ေက်နပ္ ေပ်ာ္႐ႊင္ရတဲ့ ရလဒ္ ေအာင္ျမင္မႈမ်ိဳးကို ပိုင္ဆိုင္ႏိုင္မွာပါ။
– တိုးတက္မႈႏွင့္ အခြင့္အလမ္းမ်ားကိုလည္း ဖန္တီးေပးပါ
ေပ်ာ္႐ႊင္ရတဲ့ လုပ္ငန္းခြင္ဆိုတာ မိမိတို႔ရဲ႕ လုပ္ငန္းလည္း ႀကီးပြားေအာင္ျမင္သြားသလို၊ ဝန္ထမ္းေတြရဲ႕ ဘဝ အေျခအေနေတြလည္း တိုးတက္ေအာင္ျမင္သြားေစဖို႔ပဲ ျဖစ္ပါတယ္။ ဝန္ထမ္းေကာင္းေတြက သူတို႔ေတြရဲ႕ ကြၽမ္းက်င္မႈနဲ႔ အသက္ေမြးဝမ္းေက်ာင္း အရည္အခ်င္းေတြကို ျပသၿပီး လုပ္ငန္းခြင္ထဲ ေအာင္ျမင္တဲ့ အလုပ္တာဝန္ေတြကို ထမ္းေဆာင္ေပးတတ္ၾကပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူတို႔ေတြရဲ႕ လုပ္ငန္းခြင္ဘဝ တိုးတက္ ေအာင္ျမင္ဖို႔၊ တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္းလဲဖို႔ဆိုတာလည္း သူတို႔ကိုယ္တိုင္က ႀကိဳးစားတဲ့ ဝန္ထမ္းေတြ ျဖစ္ဖို႔ လိုသလို လုပ္ငန္းခြင္ကေပးတဲ့ အခြင့္အလမ္း တိုးတက္မႈေတြကလည္း မျဖစ္မေနလိုအပ္ပါတယ္။ ဒါမွသာ သူတို႔ရဲ႕ တိုးတက္မႈ႐ွိတဲ့ လုပ္ငန္းခြင္ေလးမွာ စိတ္ေက်နပ္ေပ်ာ္႐ႊင္စြာနဲ႔ အလုပ္လုပ္ကိုင္ၾကမွာျဖစ္ပါတယ္။
– လုပ္ငန္းခြင္အတြင္း ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးကို အားေပးပါ
ဒီအခ်က္ကေတာ့ အေရးအႀကီးဆုံးလို႔ ဆိုရမွာပါ။ ရင္းႏွီးခ်စ္ခင္တဲ့ ေပါင္းသင္းဆက္ဆံေရးက ေနရာတိုင္းမွာ လိုအပ္ပါတယ္။ လုပ္ငန္းခြင္မွာဆို ပိုၿပီးေတာင္ လိုအပ္ပါတယ္။ ဝန္ထမ္းအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးၾကတာ။ အထက္ေအာက္ လူႀကီး လက္ေအာက္ငယ္သား ေလးေလးစားစား ဆက္ဆံၾကတာ၊ အခ်င္းခ်င္း ကူညီ႐ိုင္းပင္း ၾကတာ စတာေတြက ေပ်ာ္႐ႊင္တဲ့ လုပ္ငန္းခြင္ရဲ႕ အျပဳသေဘာေဆာင္တဲ့ လကၡဏာေတြ ျဖစ္ၾကပါတယ္။ အလုပ္ထဲမွာ အႀကီးအကဲနဲ႔ အထက္ေအာက္ဝန္ထမ္းေတြ အခ်င္းခ်င္း မရင္းႏွီးၾကတာ၊ အေခၚအေျပာ မလုပ္ပဲ ဆက္ဆံေရး မေကာင္းတာမ်ိဳးေတြက အပ်က္သေဘာေဆာင္တဲ့ လကၡဏာေတြ ျဖစ္ၾကပါတယ္။ဝန္ထမ္းေတြ စည္းလုံးၿပီး တစ္ဦးနဲ႔ တစ္ဦး ရင္းႏွီးခ်စ္ခင္ၾကတဲ့အခါ လုပ္ငန္းအေပၚ အက်ိဳးမ်ားၿပီး ေအာင္ျမင္တိုးတက္ျခင္း ေတြကိုလည္း အလြယ္တကူဖန္တီးႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်စ္ခင္ရင္းႏွီးတဲ့ ေပါင္းသင္းဆက္ဆံေရးေတြ ႐ွိတဲ့ လုပ္ငန္းခြင္မ်ိဳး ျဖစ္ေနဖို႔ လိုအပ္ပါတယ္။
– လုပ္ငန္းခြင္မွာ ရာထူး၊ လစာတိုးေပးျခင္းမ်ား လုပ္ေပးပါ
ဘယ္ဝန္ထမ္းကမွေတာ့ တစ္ေနရာတည္း၊ ရာထူးတစ္ခုတည္းမွာပဲ အခ်ိန္အၾကာႀကီး မလုပ္ခ်င္ပါဘူး။ လုပ္သက္ရလာတာနဲ႔အမွ် လုပ္ငန္းကြၽမ္းက်င္မႈလည္း႐ွိလာသလို ရာထူးအားျဖင့္လည္း တျဖည္းျဖည္း အေပၚ ေရာက္လာခ်င္ၾကပါတယ္။ မိမိရဲ႕ လုပ္ငန္းခြင္၊ ကုမၸဏီရဲ႕သေဘာသဘာဝအရ လုပ္ငန္းတိုးခ်ဲ႕တာ၊ ဝန္ထမ္း အသစ္ေတြေခၚဖို႔ လိုအပ္တဲ့အခါ စီနီယာ၊ ဂ်ဴနီယာရာထူးနဲ႔ အထက္ေအာက္ ဝန္ထမ္းေတြ သတ္မွတ္ထားဖို႔ လိုအပ္ပါတယ္။ ဝန္ထမ္းအေဟာင္းစီနီယာေတြကို သင့္ေတာ္သလို ရာထူးအႀကီးေပးၿပီး လက္ေအာက္ အငယ္ေတြကို သင္ၾကားေပးတာ၊ လက္တြဲေခၚေပးတာေတြ လုပ္ႏိုင္ၾကပါတယ္။ ရာထူးႀကီးလာတဲ့ အေလ်ာက္ တာဝန္ေတြ၊ လုပ္ပိုင္ခြင့္နဲ႔ ခံစားခြင့္ေတြ၊ လစာတိုးေပးတာမ်ိဳးေတြလည္း ရလာၾကတဲ့အခါ ဝန္ထမ္းေတြက လုပ္ငန္းခြင္ထဲမွာ စိတ္ေက်နပ္မႈရၿပီး ေပ်ာ္႐ႊင္ၾကမွာျဖစ္ပါတယ္။
– အသိမွတ္ျပဳခ်ီးက်ဴးေပးပါ
လူတိုင္းက အသိမွတ္ျပဳခ်ီးက်ဴးခံခ်င္ၾကတာခ်ည္းပါပဲ။ လုပ္ငန္းခြင္မွာလည္းပဲ ဝန္ထမ္းေကာင္းေတြရဲ႕ ခ်ီးက်ဴးစရာ၊ ဂုဏ္ယူစရာေတြကို တစ္ဦးခ်င္း အသိမွတ္ျပဳေပးတာမ်ိဳး၊ လူအမ်ားေ႐ွ႕ အဖြဲ႕လိုက္ ဂုဏ္ျပဳခ်ီးက်ဴးတာမ်ိဳးေတြက လုပ္ငန္းခြင္မွာ စိတ္ေက်နပ္ ေပ်ာ္႐ႊင္မႈကို ခံစားရေစၿပီး ေ႐ွ႕ေလွ်ာက္ အလုပ္ေတြ ပိုမို ႀကိဳးစားလုပ္ကိုင္ခ်င္တဲ့ စိတ္ေတြ၊ လုပ္ငန္းခြင္ေလးကို ခ်စ္ျမတ္ႏိုးတဲ့ စိတ္ေလးကို ျဖစ္ေစပါတယ္။ ေပးအပ္တဲ့တာဝန္ေတြကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္တဲ့အခါ၊ လုပ္ငန္းခြင္အေပၚ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေလးေတြ ႐ွိသြားတဲ့အခါမ်ိဳးေတြမွာ ကုမၸဏီလူႀကီးကျဖစ္ေစ၊ အဖြဲ႕ေခါင္းေဆာင္ကျဖစ္ေစ ဝန္ထမ္းအခ်င္းခ်င္းက ခ်ီးက်ဴး ဂုဏ္ျပဳေပးတဲ့ အစဥ္အလာေလးက မျဖစ္မေန႐ွိသင့္ပါတယ္ေနာ္။
ဒီေတာ့ အထက္ေဖာ္ျပပါ အခ်က္ေတြကိုလုပ္ေဆာင္ျခင္းျဖင့္ ပိုမိုေပ်ာ္႐ႊင္တဲ့ လုပ္ငန္းခြင္ကို ဖန္တီးၿပီး ဝန္ထမ္းေတြေရာ အလုပ္႐ွင္ေတြပါ ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္း၊ ကုမၸဏီေတြကို ရ႐ွိစံစားႏိုင္ၾကပါေစလို႔ iMyanmarHouse မိသားစုမွ ဆုေတာင္းေပးလိုက္ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com