ylliX - Online Advertising Network

စစ်ကိုင်းမှအရပ်သားတို့ကို စစ်ရေးအတွက် ခိုင်းစေရန် ဒုစစ်ခေါင်းဆောင်အမိန့်ပေး – Myanmar Now

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုထံ လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်းမှအရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး စစ်တပ်အတွက် လုံခြုံရေးနှင့်သတင်းစုဆောင်းပေးသည့်တပ်ဖွဲ့ အမြန်ဖွဲ့ရန် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက အမိန့်ပေးလိုက်သည်။ ပင်လည်ဘူးကျသွားအပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၁၄ ရက်နေ့က ထိုစစ်ဆင်ရေးကို ကိုင်တွယ်သည့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)သို့ ဒုစစ်ခေါင်းဆောင် အရေးပေါ်သွားရောက်ခဲ့ပြီး ယင်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့” ဟုခေါင်းစဉ်တပ်ထားသည့် ထိုအဖွဲ့သည် အရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပို့ခြင်း၊ စစ်သားများအစား ကင်းစောင့်ခြင်း စသည့်လုပ်ငန်းများတွင် စေခိုင်းမည်ဟု စစ်တပ်က ကြေညာထားသည်။ အဆိုပါအရပ်သားများကို လက်နက်နှင့် လစာငွေ ပေး၊ မပေးကိုမူ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပြည်သူ ပူးပေါင်းပါဝင်မှ လုံခြုံရေး ခိုင်မာအားကောင်းမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့လုံခြုံနှင့် […]

The Emperor’s New Groove(2010) – Channel Myanmar

IMDb…7.3 ,,,,,Rotten 85 ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ.. အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်.. သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး… သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်.. ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး… တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။ အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။ လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ…ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။ Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။ ကိုင်း ခံစားကြည့်လိုက်ပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်။   File […]

စစ်တွေမှအကျဉ်းသား ၃၀၀ ကျော် ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရ – Myanmar Now

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားအများစု အပါအဝင် အကျဉ်းသား ၃၀၀ ကျော် အောက်တိုဘာ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ ရောက်ရှိလာပြီး စားသောက်ရေး ခက်ခဲနေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။ အောက်တိုဘာ ၈ ရက်နေ့ညက စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို  ပုသိမ်၊ ရန်ကုန်၊ သာယာဝတီရှိ ထောင်များသို့  စစ်ရေယာဉ်များဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု စစ်တွေ ဒေသခံများ နှင့် အကျဉ်းသားမိသားစုဝင်များက ဆိုကြသည်။ ထိုအထဲတွင်  မေလက  အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ကြရသည့် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။

  PPNM  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုသိမ်ထောင်သို့   ၃၅၁ ဦး ရောက်ရှိသည်ဟု ဆိုသည်။   […]

ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ် – iMyanmarHouse.com

[Unicode] အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမှ Al Yalayis 1 အရပ်ရှိ မြေကွက်ကြီးတစ်ခု အာရပ်ငွေ (AED)၂ ဒသမ ၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၇၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Dubai REST မှ အချက်အလက်များ အရ သိရကြောင်း gulfnews သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ၁ စတုရန်းပေလျှင် ၉၄ AED ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း ဒူဘိုင်း၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ဒူဘိုင်းအုပ်ချုပ်ရေးအဖွဲ့သည် အိမ်ခြံမြေ၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်မှန်းချက်ကြီးမားသော မာစတာ plan တစ်ခုကို မကြာသေးမီက ချပြခဲ့သည်။ […]

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။  PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်ထားနိုင်

#Local_NewsPublished 16 October 2024 ▪️ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များတွင်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်း  သိရသည်။   ▪️ ထိုသို့လျှောက်ထားရာတွင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း ၊သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း၊ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်းများအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။   ▪️ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့တက်ရောက်လိုသူ ရဟန်းတော်များသည်  အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါ အောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက် ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရသည်။   ▪️ […]

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကျင်းပနေ

#Local_NewsPublished 16 October 2024 ▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင်  သီတင်းကျွတ်ဈေးပွဲတော်ကိုယနေ့ စတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။   ▪️ အဆိုပါ သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိမနက် ၉ နာရီ မှ ည ၉ နာရီအထိ  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ၀န်ကြီးများရုံး  Heritage Market Indoor & Outdoor  တွင် ပြုလုပ်သွားမည်ဖြစ်သည်။   ▪️ ပွဲ‌တော်၌ လူသုံးကုန်ပစ္စည်း များ ၊Fashion များ၊ တားရော့ဆိုင်များ၊ အစားအသောက်များ၊ ရိုးရာ handmade များ၊ လက်၀တ်ရတနာများ၊ ၀န်ဆောင်မှုများ၊ ကလေးပစ္စည်းဆိုင်များနှင့် အခြားသောထုတ်ကုန်များစွာ ပါ၀င်ကြောင်း သိရသည်။   […]

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ငါန်းမြာကြီးမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင် – Myanmar Now

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းပစ်ကူအား ယူပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ  ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင်   တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ “စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို  ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ […]

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ – iMyanmarHouse.com

[Unicode] (KISS ဘာလဲ) Kiss သည် အမေရိကန် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် နယူးယောက်မြို့၌ အဆိုတော် ပေါလ် စတန်လေ (Paul Stanley) ၊ ဘေ့စ်ဂစ်တာသမား (Gene Simmons) ၊ ဂစ်တာသမား (Ace Frehley) နှင့် ဒရမ် (Peter Criss) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ Kiss အဖွဲ့ကြီးသည် ပါးစပ်တွင်းမှ မီးမှုတ်ထုတ်ခြင်း၊ သွေးများမှုတ်ထုတ်ခြင်း၊ မီးခိုးထွက်နေသော ဂစ်တာများ၊ ဒုံးများ ပစ်ခတ်ခြင်း၊ မီးရှုးမီးပန်းဖောက်ခြင်းများ အစရှိသည့် ထူးခြားသောတင်ဆက်ပုံများဖြင့် ၁၉၇၀ ပြည့်လွန် ကာလများအတွင်း စတင်ကျော်ကြားလာခဲ့သည်။ ရှေ့ထွက်အဆိုတော် ပေါလ်စတန်လေနှင့် ဘေ့စ်ဂစ်တာသမား Simmons တို့ ၂ ဦးမှလွဲပြီး အဖွဲ့သား အပြောင်းအလဲ မကြာခဏဖြစ်ပေါ်ခဲ့သည်။ […]

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။  PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]