ylliX - Online Advertising Network

အကြောက်တရားအောက်တွင် ရန်ကုန်မှ မန္တလေးသို့ ခရီးသွားခြင်း – Myanmar Now

ရန်ကုန်မှ မန္တလေးမြို့သို့ သွားမည့် အဝေးပြေးကားထဲတွင် ခရီးသည်တို့အတွက် ဝန်ဆောင်မှုများ၊  တားမြစ်ချက်များကို ယာဉ်လိုင်းဝန်ထမ်းက ဖတ်ပြနေသည်။ မှတ်ပုံတင်များ ကြိုတင်ထုတ်ထားရန်၊ စစ်ဆေးရေးဂိတ်များတွင် ဖုန်းမသုံးရန်၊ ဖုန်းမပြောရန်၊ ဓာတ်ပုံ၊ ဗီဒီယို မရိုက် ကူးရန် သတိပေးပြီးသည်နှင့် ကားသည် အောင်မင်္ဂလာဝင်းမှ စတင်ထွက်ခွာလာခဲ့သည်။ စစ်တပ် အာဏာမသိမ်းခင်က မိုင် ၃၀၀ ကျော်ရှည်လျားသည့် ဤခရီးလမ်းကို လစဉ် သွားလာဖူးသည့် ကျွန်တော့်အတွက် ဤလမ်း၏ အဓိက ပြောင်းလဲမှုမှာ လမ်းတလျှောက်  စစ်ယူနီဖောင်းဝတ်များနှင့် ယာဉ်ထိန်းရဲများ ပါဝင်သော အဖွဲ့  ၁၀ ဖွဲ့ထက်မနည်းကို  ကျော်ဖြတ်ရခြင်းပင်။   ကားထွက်ပြီး ဇီးရိုးမိုင် မရောက်ခင်တွင် ယာဉ်အကူ၏ သတိပေးသံကို ကြားလိုက်ရသည်။ “စစ်ဆေးရေးဂိတ် ဖြတ်ပါတော့မယ်။ ဖုန်းမသုံးပါနဲ့၊ ဖုန်းများ ချထားပါ၊ မှတ်ပုံတင်များ အဆင်သင့် […]

Slackers (2002) – Channel Myanmar

Imdb rating – 5.3/10 ဒီကားလေးကတော့ ၂၀၀၂ခုနှစ်တုန်းကထွက်ထားတဲ့ အချစ်ဟာသကားလေးပါ။ high school movie တွေ Campus movie တွေ ကြိုက်တတ်ရင် ကြည့်သင့်တဲ့ကား။လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ – ဒေ့ဗ်တို့သူငယ်ချင်းသုံးယောက်က ပထမနှစ်ကတည်းက သူမတူတဲ့နည်းလမ်းတွေနဲ့ စာခိုးချတဲ့သူတွေပါ။ နောက်ဆုံးနှစ် နှစ်၀က်စာမေးပွဲမှာ ဒေ့ဗ် သူငယ်ချင်းဖြစ်သူဆမ်အတွက် မေးခွန်းခိုးပေးရင်း ကောင်မလေးတစ်ယာက်ကိုဖွန်ကြောင်လိုက်ရာမှစပြီး ပြဿနာတက်ပါတော့တယ်။ ကောင်မလေးကို ကြိုက်နေတဲ့ ဆိုက်ကိုဂိခ်ကောင် အီသန်က အငြိုးထားပြီးခြိမ်းခြောက်လို့ အီသန် စော်လိုက်တာကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဒေ့ဗ်က ကောင်မလေးကို တကယ်ချစ်သွားတဲ့အခါ တဖက်ကလည်း ကျောင်းထုတ်ခံရမယ့်အကွက် တဖက်ကလည်းချစ်သူပစ်ခံရမယ့်အကွက်နဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကမလဲ ရီရီမောမောကြည့်ရှုနိုင်မှာပါ။ ( အ၀တ်ဗလာဇာတ်၀င်ခန်းတချို့ပါပြီးစကားလုံးအချို့ သုံးနှုန်းမှုကြမ်းတမ်းပါသည်။) File size…(1.5 GB)/(943 MB)Quality….Webrip HEVC 1080p / […]

Canola (2016) – Channel Myanmar

Canola (2016) *************** IMDb… 7.4   CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေးဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာမိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာစောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာအရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေးမဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ..ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ…မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ […]

Maan Karate (2014) – Channel Myanmar

Maan Karate (2014)“ကံစေရာ”IMDb – 5.2/10 တမီးလ်မင်းသမီးချော ဟန်ဆီကာ၊ တမီးလ်အဆိုတော်သရုပ်ဆောင်မင်းသားဆီဗာကာသီယန်နဲ့ ဟာသသရုပ်ဆောင်ယိုဂီဘာဘူတို့ရဲ့ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သူငယ်ချင်းငါးယောက် တောထဲကို အပျော်ခရီးထွက်ရင်းသူတော်စင်ကြီးတစ်ဦးနဲ့တွေ့ပါတယ်။ ဝန်ထမ်းတွေဖြစ်တာမို့ငွေရေးကြေးရေးကြပ်တည်းတဲ့အတွက် သန်းကြွယ်သူဌေးကြီးတွေဖြစ်အောင်လုပ်ပေးဖို့တောင်းဆိုကြပါတယ်။ သူတော်စင်ကြီးက ဆုတစ်ခုကိုပဲ ဖြည့်ပေးမယ်ဆိုတော့ မယုံတဲ့ကောင်ကအနာဂတ်ကာလ သတင်းစာတိုက်ပိတ်တဲ့နေ့က သတင်းစာတစ်စောင်ကိုတောင်းဆိုလိုက်တယ်။သတင်းစာတကယ်ရလာပြီး အဲဒီသတင်းစာထဲကအတိုင်း အကုန်ဖြစ်ပျက်နေတဲ့အပြင်သူတို့ငါးယောက်နာမည်ပါ သတင်းထဲမှာပါလာတဲ့အခါမှာတော့…။သတင်းစာကျေးဇူးနဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်။) File size… 3.58 GB / 1.7 GBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….2h 33mSubtitle….Myanmar Subtitle (Hard Sub)Encoder….YKTranslated by CM BOLLYWOOD TEAM ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App […]

နယ်စပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့ပြော – Myanmar Now

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။ ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။ “ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။ ၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ […]

တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့် – Myanmar Now

ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးစိုက်ပျိုးထားသော ကြံနှင့်ပြောင်း သယ်ယူနိုင်ရန် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်ရှိ ဂိတ်တစ်ခုကို  တရုတ်အစိုးရက နိုဝင်ဘာ ၂၁ တွင်  ပြန်ဖွင့်ပေးလိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက MNDAA ထိန်းချုပ်လိုက်သည့် ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်းဆိုင်)နှင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်း စသည့် မြို့များရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို  ၂၀၂၄ ဇူလိုင် ၉ တွင် တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပင်ထားခြင်း ဖြစ်သည်။ ယင်းနောက် ကြံနှင့်ပြောင်းသီးနှံ ရိတ်သိမ်းရာသီ ရောက်လာချိန်တွင်  ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်၊ ကုန်ပစ္စည်း သယ်ယူမှုကိုလည်း ကန့်သတ်ထားသည်ဟု အမည်မဖော်လိုသည့် တရုတ်နယ်စပ်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တရုတ်ကဖွင့်တာက ကြံနဲ့ပြောင်းလိုချင်လို့ပါ။ သူတို့ဘက်က ဘာမှသယ်လို့မရဘူး။ […]

Kali Jotta (2023) – Channel Myanmar

Kali Jotta 2023 (ဆရာမလေး ရာဘီယာ) IMDb- 7.4/10 ရှေ့နေဖြစ်ဖို့အတွက် ကျောင်းတက်နေဆဲဖြစ်တဲ့ အာနန့်သ်ဆိုတဲ့ ကောင်မလေး၊သူဟာ ဒေါသကို မထိန်းနိုင်လို့ ဒေါသကြီးလေးအဖြစ် အကုန်လုံးက လန့်နေရသူတစ်ယောက်ပါ။ တစ်နေ့တော့ ကျောင်းကနေ အပြန် သုံးဘီးစီးရင်း ငယ်ငယ်တုန်းကတက်ခဲ့တဲ့ကျောင်းက အစ်ကိုကြီးမာ့ခ်ခမ်းနဲ့ တွေ့ပါတော့တယ်။ အဲဒီမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ငယ်ငယ်က စာသင်ကြားပေးတဲ့အင်္ဂလိပ်ဆရာမ ရာဘီယာကို သတိရပြီး မေးဖြစ်တဲ့အခါမှာတော့ဆရာမဟာ ကျောင်းမှာ စာမသင်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီထက်ပိုပြီးတော့ သိလိုက်ရတာက ဆရာမရာဘီယာဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ပြီးတော့လူအများက ရူးသွားတယ်လို့ပြောနေကြတာကိုပါ။ အဲဒီမှာပဲ သူ့အရင်ဆရာမအကြောင်းကိုပိုသိချင်လာတဲ့ အာနန့်သ်တစ်ယောက် လိုက်ပြီးတော့ စုံစမ်းခဲ့ပါတော့တယ်။ ထူးဆန်းတာက အစ်ကိုကြီးမာ့ခ်ခမ်းကလည်း ဆရာမရာဘီယာအကြောင်းကို သေချာမပြောပြခဲ့သလိုဆရာမရဲ့ အရင်အိမ်နေရာနားမှာ သွားစုံစမ်းတော့လည်း သူ့အိမ်ကတောင်မရှိဘူး မသိဘူးဆိုတာမျိုးကိုပဲ ပြောလွှတ်လိုက်တာပါပဲ။ ဒီလိုနဲ့ အစ်ကိုကြီးမာ့ခ်ခမ်းကို […]

ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့

  သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်အတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ခန့်လာရောက်လည်ပတ် ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရပါတယ်။#Local_NewsPublished 25 November 2024#ငွေဆောင်ကမ်းခြေ #သီတင်းကျွတ်နှင့်တန်ဆောင်တိုင်#YMG/NN #Yangon_Times Source link

Tesla ဟာ ကား Brand တွေထဲမှာ လူသေမှု အများဆုံး မတော်တဆမှုတွေ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြ – MyTech Myanmar

Skip to content iSeeCars ရဲ့ သုတေသန စစ်တမ်းအရ Tesla ဟာ အမေရိကန်မှာ လူသေမှုအများဆုံး မတော်တဆမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၇ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဒေတာတွေကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပြီး Model S နဲ့ Model Y ဟာ အန္တရာယ် အရှိဆုံး ကားမော်ဒယ်တွေ ဖြစ်ပါတယ်။ Model S ဟာ ပျမ်းမျှ ကားတွေထက် ကားတိုက်မှု ၃.၇ ဆ ၊ ပျမ်းမျှ SUV ကားတွေထက် ၄.၈ ဆ ပိုများပါတယ်။ Autopilot နဲ့ Full Self Driving လို Tesla ရဲ့ […]

၆ ရက်တာ ထိုးစစ်ဆင်ပြီး မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီ ပြန်သိမ်း – Myanmar Now

၆ ရက်တာ ထိုးစစ်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စခန်း ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ် များက ပြောကြသည်။ ထိုးစစ်တွင် စစ်ကောင်စီတပ်က လက်နက်မျိုးစုံ အသုံးပြုခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ “မန္တလေးနဲ့ မတ္တရာကြားကတော့ အကုန်ဆုတ်ပေးလိုက်ရပြီ။ သူတို့(စစ်ကောင်စီ) သိမ်းပိုက်သွားပြီ။ သူတို့က စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ လက်နက်ကြီးတွေလည်း ဘက်ပေါင်းစုံက ညှပ်ပစ်တယ်။ ဓာတုလက်နက်တွေနဲ့ပါ တိုက်ခိုက်တယ်။ အဆိပ်ငွေ့တွေ ကြဲချတယ်”ဟု ၎င်းက ဆိုသည်။ အခြားတိုက်ပွဲများကဲ့သို့ပင် မတ္တရာမြို့နယ်ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင််း မရှိပေ။ နိုဝင်ဘာ ၁၇၊ နံနက် ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်သည် […]