ylliX - Online Advertising Network

မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ် – Myanmar Now

အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေးဈေးချိုတော်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များရှိ ပြည်ပသွင်းကုန် နိုင်ငံခြားပစ္စည်းများကို အခွန်ဆောင်တင်သွင်းခြင်းဟုတ်မဟုတ် စစ်ကောင်စီကစစ်ဆေးနေကြောင်းသိရသည်။ နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတွင် ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်အပြီး  အောက်တိုဘာ တတိယပတ်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ဈေးကွက်ထဲအထိ ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်သည်။ ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် မန္တလေးဈေးချိုတော်အတွင်း နိုင်ငံခြားပစ္စည်းရောင်းချသော အလှကုန်ပစ္စည်းဆိုင်နှင့် ကုန်သိုလှောင်ရုံများကို အင်အား ၁၅ ဦးခန့်ပါဝင်သည့် ရဲ၊ စည်ပင် စသည့်  ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု မန္တလေးဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]

မန္တလေးအနီး ငါန်းမြာကြီးရွာကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ် – Myanmar Now

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များက တစ်ပတ်ကျော်ကြာ  တိုက်ခိုက်ခဲ့ ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည် မန္တလေးမြို့တောင်ဘက်၊ ငါန်းဇွန်မြို့နယ်ရှိ  ၎င်းတို့ထိန်းချုပ်ထားသည့် ငါန်းမြာကြီးရွာမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသည်။  အရပ်သားများနှင့်တော်လှန်ရေးရဲဘော်များ၏ ထိခိုက်မှုလည်း များလာသလို လက်နက်၊ ခဲယမ်း ဖြည့်တင်းရန် ခက်ခဲလာ၍  နှစ်လကြာထိန်းချုပ်နိုင်ခဲ့သည့် ငါန်းမြာကြီးရွာမှ ဆုတ်ခဲ့ရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ (CSDOM) တာဝန်ခံ ကိုနွေဦးက Myanmar Now ကို ပြောသည်။  “စစ်ကြောင်းက တောက်လျှောက် အောက်ကနေ မြေပြင် စစ်ကြောင်းလည်း ထိုးတယ်။ ရေကြောင်း ကနေလည်း အကာအကွယ်ပြုထားတယ်။ စစ်ကြောင်းရဲ့ နောက်မှာ လေယာဉ်တွေကလည်း အဲဒီရက် ကတည်းက စခန်းသိမ်းပြီးသွားကတည်းက နေ့စဉ်နဲ့အမျှ တစ်ရွာပြီး တစ်ရွာလိုက်ပြီး […]

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြုတ်ကျဖို့နေ့ရက်တွေ တရုတ်ကြောင့် အလှမ်းဝေးသွားလား – Myanmar Now

မြန်မာစစ်တပ် လုံးဝပြိုလဲသွားမယ့် အခြေအနေကို တရုတ်ဘက်က မလိုလားဘူးဆိုတာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အခုအချိန်မှာ ပေါ်လွင်သွားပါပြီ။ မြန်မာပြည်မှာ စစ်အာဏာရှင် ပြုတ်ကျသွားမှာကို တရုတ်ဘက်က ဘာကြောင့် စိုးကြောက်နေတာပါလဲ။ တရုတ်ရဲ့ ဒီရပ်တည်ချက်ကြောင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြုတ်ကျဖို့ နေ့ရက်တွေ ပိုပြီး အလှမ်းဝေးသွားတယ်လို့ ပြောနိုင်ပါသလား။ တော်လှန်ရေးအင်အားစုတွေကကော တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့ ဆက်ဆံကိုင်တွယ်ဖို့ သင့်ပါသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်တပ်မတော်ရဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်းဖြစ်၊ လက်ရှိ ဟာဝိုင်ယီပြည်နယ်၊ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနရဲ့ ပါမောက္ခဖြစ်သူ ဒေါက်တာမီမီဝင်းဘတ် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စထွန်းအောင် Source link

အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌(၁)နှစ်အလုပ်လုပ်ကိုင်နိုင်မည်

 https://www.youtube.com/watch?v=b77Asj-nAGo ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားနိုင်တဲ့ ခွင့်ပြုချက် ရရှိပြီးပါက ၎င်းနိုင်ငံအတွင်းမှာ တစ်နှစ်နေထိုင်အလုပ်လုပ်ကိုင်နိုင်မယ်လို့ ထိုင်းနိုင်ငံဘန်ကောက်ရှိ မြန်မာသံရုံးကအသိပေးကြေညာ ထားပါတယ်။#Local_NewsPublished 24 October 2024 #ထိုင်းနိုင်ငံ #ယာယီနေထိုင်#YMG/NN #Yangon_Times Source link

MSAN အိတ်ချိန်းများနှင့် ချိတ်ဆက်ထားသော NGN (Next Generation Network) စနစ် ကို ပိုမိုခေတ်မီသော vIMS (Virtual IP Multimedia Subsystem) စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်သွားပါမည် | Myanmar Tech Press

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊  ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့ရှိ MSAN အိတ်ချိန်းများနှင့် ချိတ်ဆက်ထားသော NGN (Next Generation Network) စနစ် ကို vIMS (Virtual IP Multimedia Subsystem) စနစ်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ https://bit.ly/3BVoEh1 ဖော်ပြပါလင့်ခ်ရှိ အော်တိုတယ်လီဖုန်းနံပါတ် သုံးစွဲသူများအနေဖြင့် အဆင့်မြှင့်တင်မှု ဆောင်ရွက်နေစဉ် အတွင်း သက်ဆိုင်ရာရက်အလိုက် အချိန်အနည်းငယ်မျှ ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲအချို့ ကြုံ့တွေ့နိုင်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ Image: MPT […]

ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် CNA ဗိုလ်ကြီး တစ်ဦးသေဆုံး – Myanmar Transparency News

◾ လက်ရှိတိုက်ပွဲအတွင်း CNA/CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်း ရေးသားနေကြ ၂၄.၁၀.၂၀၂၄Written By Zun ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဗိုလ်ကြီး ဆလိုင်း မင်းထွန်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းမှာ ပလက်ဝမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ထန်တလန်မြို့တစ်နေရာ၌ သေဆုံးခဲ့ကာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က  သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ သေဆုံးသည့် ဆလိုင်းမင်းထွန်းမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ရွာဇာတိဖြစ်ကြောင်း၊ လွန်ခဲ့သော၂၀၁၃ ခုနှစ်ကပင် CNA သို့ ဝင်ရောက်ခဲ့ရာ CNA ရဲမေတစ်ဦးနှင့် အကြောင်းပါကာ […]

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲအား ဝင်ဆာရဲတိုက်ရှိ စံအိမ်ကို တရားဝင်စွန့်လွှတ်ရန် ပြောခဲ့ရာ ဟယ်ရီတို့စုံတွဲက ပေါ်တူဂီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူ – iMyanmarHouse.com

[Unicode] ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့စုံတွဲကို ခမည်းတော် ချားလ်စ်ဘုရင်က ဝင်ဆာရဲတိုက်ဝန်းရှိ အိမ်တော်မှ နှင်ထုတ်ခဲ့သောကြောင့် ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် အခြေချရန် နေအိမ် မရှိတော့ချေ။ မင်းသားဟယ်ရီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် တော်ဝင်မိသားစု၏ အတွင်းရေးများကို ဖွင့်ချခဲ့မှုကြောင့် ချားလ်စ်ဘုရင်က အမျက်ရှကာ သူ၏ နန်းတက်ပွဲမတိုင်မီကတည်းက ဟယ်ရီတို့ စုံတွဲကို နှင်ထုတ်ထားခြင်း ဖြစ်သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ https://www.imyanmarhouse.com/news/read/1056943   သို့သော် နန်းတက်ပွဲကာလတွင်မူ ဟယ်ရီတို့စုံတွဲကို ချားလ်စ်ဘုရင်က ပွဲတက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်းခဲ့သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ် […]

At Midnight (2023) – Channel Myanmar

  At Midnight (2023) ဆိုဖီဝိုင်လ်ဒါက နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်ရှင် ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သုံးကားတွဲကားရဲ့ နောက်ဆုံးဇာတ်ကားကိုရိုက်ဖို့ မက္ကဆီကန်ကိုရောက်ရှိနေပါတယ်။ ဒီဇာတ်ကားအပြီးမှာတော့ သူကိုယ်တိုင်ခေါင်းဆောင်ခွင့်ရမယ့် spin-off ရိုက်ရဖို့လည်းမျှော်လင့်နေတာပါ။ ဇာတ်ကားမှာသူ့ရဲ့သရုပ်ဆောင်ဖက်လည်းဖြစ် အပြင်မှာလည်းရည်းစားဖြစ်တဲ့ အဒမ်ရဲ့ဖောက်ပြန်မှုကို သူမိသွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်ဖို့ကြိုးစားရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တည်းနေတဲ့ဟိုတယ်ရဲ့ မန်နေဂျာ Alejandro ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တာပါ။ အစပိုင်းမှာ အလွဲတစ်ခုနဲ့စခဲ့ကြပေမယ့် ပိုမိုရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေပိုလာပြီး အဆင့်တက်ချင်လာချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာ ဟာသလေးတွေစွက်ပြီး ပေါ့ပေါ့ပါးပါးရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ချောချောလှလှတွေ၊ သာယာတဲ့ရှုမျှော်ခင်းတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ rom/com တွေရဲ့အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.6 GB) / (1.1 GB)Quality….WEB-DL 1080p HEVC / […]

မြန်မာ-တရုတ်ဆက်ဆံရေး ပြင်ဆင်ချိန်တန်ပြီ – Myanmar Now

ယနေ့အချိန်အခါသည် မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အလေးအနက် ပြန်လည်သုံးသပ်ရန် အချိန်ဖြစ်သည်။ မကြာသေးခင်က တရုတ်အစိုးရ၏ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလာခဲ့သော စစ်ကောင်စီဖက် ရပ်တည်ချက်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအမှားအတွက် တရုတ်အစိုးရသည် အဓိကတာဝန်ရှိသူ ဖြစ်လာပါလိမ့်မည်။  တရုတ်အစိုးရ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ် ဆန့်ကျင်သော ရပ်တည်ချက်နှင့် စစ်ကောင်စီကို ထောက်ခံအားပေးကူညီမည့် ရပ်တည်ချက် ထွက်ပေါ်လာပြီး နောက် တရုတ်ခေါင်းဆောင်များသည် မြန်မာ့အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိ၊ မြန်မာပြည်သူ များ၏ဆန္ဒသဘောထားကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်းမရှိ၊ တရုတ်ဆန့်ကျင်ရေးနှင့် တရုတ် အကျိုးစီးပွားကို ခြိမ်းခြောက်နေသည်မှာ စစ်ခေါင်းဆောင်များသာ ဖြစ်သည်ကို မသိမြင်လေရောလား စသည့် စိတ်ပျက်လက်ပျက် ဝေဖန်သံများ […]

ပဲခူးမြို၊ ဖားအောက်တောရကျောင်းတွင် ယောဂီတစ်ဦး ကြိုးဆွဲချသေဆုံး – Myanmar Transparency News

၂၄.၁၀.၂၀၂၄Written by KL ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၁)ရပ်ကွက်၊ ပဲခူးမြို့ရှောင်လမ်းဘေးရှိ ဖားအောက်တောရကျောင်းတွင် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ယောဂီအမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ် ဦးကိုးမန်းတင်ဖြစ်ပြီး တရားအားထုတ်နေထိုင်သည့် တစ်ထပ်ဆောင်အခန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။ ယောဂီအမျိုးသားကြီးမှာ လွန်ခဲ့သော ၄ လခန့်မှစ၍ တရားအားထုတ်ရန်ရောက်လာခဲ့ခြင်းဖြစ်ပြီး မိသားစုကိစ္စဖြင့် စိတ်ညစ်နေသူဖြစ်ကြောင်း အနီးတွင်နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ “ယောဂီကြီးက အနေအေးတဲ့သူလို့လည်း သိရတယ်။ ဘေးခန်းမှာနေတဲ့ ယောဂီက ဆွမ်းခံဖို့အတွက် သွားခေါ်တဲ့အချိန်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ ယောဂီအမျိုးသား ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ အမှတ်(၂)နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ထားကြောင်း သိရသည်။ Continue Reading Source link