ylliX - Online Advertising Network

Terrifier (2016) – Channel Myanmar

Terrifier(2016) ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတို Terrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Art the clown ဟာအရင်က All hallows’ eve ဇာတ်လမ်း နဲ့The 9th circle ဇာတ်လမ်းတိုတို့မှာလည်းပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။ တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာပီဇာဆိုင်ကိုသွားကြပါတယ်။ ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီးတယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။ တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက်သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။ တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီးအနီးအနားကဂိုထောင်တစ်ခုထဲကိုသန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန်ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကိုသူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်းလှည့်ကြည့်လိုက်တဲ့အခါ…     Translated […]

တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲဟု AA ဆို – Myanmar Now

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်သည့် အမ်းမြို့နယ်ရှိတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် (AA) က  ယနေ့ (အောက်တိုဘာ ၂၅ ) တွင် ပြောသည်။ အမ်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ကာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာကာ မြို့နယ် တစ်ခုလုံး သိမ်းပိုက်ရန်အထိ စစ်ရေးကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ “အမ်းမြို့မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရေး တိုက်ပွဲဆက်ပြင်းထန်နေတယ်။ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်လို့ပြင်းထန်နေတယ်။ မောင်တောမှာ၊ နောက်ဆုံးလက်ကျန် စခန်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ် “ဟု AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။ တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလက်များကို လတ်တလောထုတ်ပြော၍ မရသေးဟု ၎င်းက ဆိုသည်။ AA သည် စစ်ရေးအရအရေးပါသော မဲတောင်ဗျူဟာကုန်းစခန်းကို […]

 ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော – Myanmar Now

စစ်အာဏာရှင်ပြုတ်ကျရန် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက  ယနေ့ (အောက်တိုဘာ ၂၅) ကျရောက်သည့် အဖွဲ့ ထူထောင်ခြင်း ၆၄ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ဖြစ်ပေါ်လာသည့် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင်မည့် အချိန်ကောင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။ “KIO အနေနဲ့လည်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း တော်လှန်ရေးအင်အားစုတိုင်းနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြတ်ပြတ်ဖို့ တော်လှန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်အချို့ တရုတ်နိုင်ငံ ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့သည်။ […]

အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း  Starlink သုံးနေရ – Myanmar Now

နိုင်ငံတွင်း ဒေသအများအပြားကို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားသည့် စစ်ကောင်စီလည်း ၎င်း၏တပ်များ ဆက်သွယ်ရေး အဆင်ပြေနိုင်ရန်အတွက် Starlink ဂြိုဟ်တုအင်တာနက် သုံးနေကြောင်း  အထောက်အထား မကြာသေးမီက ပေါ်ပေါက်လာသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ကာလအတွင်း စစ်ရဟတ်ယာဉ်က  ပင်လည်ဘူးရဲစခန်းသို့ ချပေးသော အထုပ်များ ထိုစခန်းကို  ဝိုင်းထားသည့် တော်လှန်ရေးအင်အားစုထံ ရောက်သွားရာ ထိုအထုပ်များထဲတွင် ကျည်ဆန်အများအပြား ၊ အီနာဂါဗုံးသီးများနှင့် ဆက်သွယ်ရေးစက် တချို့အပြင် Starlink ဂြိုလ်တု အင်တာနက်စက်တစ်လုံးပါဝင်နေခြင်း ဖြစ်သည်ဟု   တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  “လာချပေးတာတော့ ရဲစခန်းထဲကို လာချပေးတာ။  Mi- 17နဲ့လာပို့တာဆိုတော့ အောက်ကနေ လေယာဥ်ပစ် စက်သေနတ်နဲ့ ပစ်တော့ ရဲစခန်းထဲ မချနိုင်ဘဲ ချလို့ရတဲ့နေရာချပေးခဲ့တာ” ဟု Guerilla Ranger တပ်ဖွဲ့  ခေါ် […]

Control (2023) – Channel Myanmar

Control (2023) စတယ်လာ ဆိုင်မွန်ဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြည်ထဲရေး အတွင်းရေးမှူးပါ။ဒါပေမယ့် သူဟာ လူမသိသူမသိ လျှို့ဝှက်စွာ ဝန်ကြီးချုပ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေခဲ့တာပါ။တစ်နေ့ ပွဲတစ်ခုကနေ ဝန်ကြီးချုပ်ရဲ့ သမီးလေး အီဗီ့ကို အိမ်ပြန်ပို့ပေးဖို့ စတယ်လာနဲ့ ထည့်ပေးလိုက်ပါတယ်။စတယ်လာရဲ့ကားဟာ နည်းပညာမြင့် အလိုအလျောက် မောင်းတဲ့ စနစ်ပါတဲ့ ကားပါ။အိမ်ကိုပြန်နေရင်း လမ်းမှာပဲ စတယ်လာရဲ့ကားကို ဟက်ကာ တစ်ယောက်က ဟက်ပြီးတော့ ထိန်းချုပ်လိုက်ပါတယ်။ဒီလိုနဲ့ စတယ်လာလည်း ကားထဲမှာ ပိတ်မိသွားပြီးတော့ ဟက်ကာ ပြောသမျှ လိုက်လုပ်ရတော့ပါတယ်။ကိုယ့်ကားထဲမှာကိုယ် ပိတ်မိနေတဲ့ စတယ်လာတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုရုန်းကန်ရမယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကတော့ ဒီလောက်ပါပဲ။ဒီရုပ်ရှင်ဟာ အင်္ဂလန်လူမျိုး ဒါရိုက်တာက ရိုက်ကူးတာဖြစ်လို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူတာကို ခံစားရမှာပါ။အဲအချက်ကို ကြိုက်တဲ့သူလည်းရှိသလို […]

ကသည်းလက်နက်ကိုင်များ ပါဝင်သည့်  တမူးတိုက်ပွဲတွင် နှစ်ဘက် အကျအဆုံးရှိ – Myanmar Now

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အောက်တိုဘာ ၂၃ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့်   စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး  နှစ်ဖက် အကျအဆုံး ရှိကြောင်း၊  စစ်တပ်နှင့်ပူးတွဲလှုပ်ရှားသည့် ကသည်းလက်နက်ကိုင် ၁ ဦးကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။  နံနက် ၆ နာရီဝန်းကျင်တွင် အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားသည့် ကသည်းသူပုန်များက  နန်မွန်းတားရွာရှိ PDF ဂိတ်ကို  လာရောက်တိုက်ခိုက်သည်ဟု တမူးခရိုင် PDF အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။  “နန်မွန်းတားဂိတ်ထဲကို ဆိုင်ကယ် ၅ စီး၊ ၁၀ ယောက်နဲ့ ဝင်လာပါတယ်။ ဆိုင်ကယ် ၃ စီး၊ ၆ ယောက်က တံတားမှာကျန်ခဲ့ပြီးတော့ ဆိုင်ကယ် ၂ စီး […]

Interbrand ထုတ်ပြန်ချက်အရ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် Samsung Electronics မှ ငါးနှစ်ဆက်တိုက် နံပါတ် ၅ နေရာ၌ ရပ်တည် | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ Samsung Electronics သည် ဂုဏ်သိက္ခာကြီးမားလှသော ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand ၏ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် နံပါတ် ၅ နေရာ၌ ငါးနှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့သည်။ အဆိုပါ သတ်မှတ်ချက်စာရင်းအား ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ တီထွင်နိုင်မှု၊ လွှမ်းမိုးနိုင်မှု၊ ငွေကြေးအရ အောင်မြင်မှု စသည့် နယ်ပယ်အသီးသီး အပေါ် မူတည်၍ Interbrand မှ အကဲဖြတ်အမှတ်ပေးကာ နှစ်စဥ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ထုတ်ပြန်မှုစာရင်း၌ Samsung သည် ကုန်အမှတ်တံဆိပ်တန်ဖိုး ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀.၈ ဘီလီယံအထိ ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။ Samsung Electronics သည် ၄င်း၏ ထုတ်ကုန်များ၌ စွမ်းဆောင်ရည်မြင့် AI နည်းပညာများအား […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=Al-MSbhys_s #Daily_NewsPublished 25 October 2024 ၁။ တရုတ်နယ်စပ်ဂိတ်ပိတ်၍ ရွှေဈေးတက်လာခြင်းမရှိဟု YGEA ထုတ်ပြန်   ၂။ ‌စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျဆင်းလာသော်လည်း ဈေးအမြင့်တန်း၌သာဆက်ရှိနေ   ၃။ ဆင်မကြီး မိုမို (၇၁)နှစ်ပြည့် မွေးနေ့ပွဲ(၃)ရက်တိုင်တိုင်ကျင်းပမည်   ၄။ နီပေါတွင်အဆက်မပြတ်မိုးရွာသွန်းသဖြင့် စိုက်ကွင်းများရေကြီးကာ ခရမ်းချဉ်သီးဈေးနှုန်းအဆမတန်မြင့်တက် … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။   #YMG #Yangon_Times #Yangon_Media_Group Source link

စစ်တပ်ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ အညာဒေသက ကျန်ရစ်သူ မိသားစုဝင်များ – Myanmar Now

ခုခံတော်လှန်မှုကားကောင်းရာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို အောက်တိုဘာ ၂၃ရက် ဗုဒ္ဗဟူးနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၇၅နှစ်အရွယ် သက်ကြီးပိုင်း ပါဝင်သလို အသက် ၁၈နှစ်မပြည့်သေးတဲ့ ဆယ်တန်းကျောင်းသူလည်း ပါဝင်ခဲ့ပါတယ်။ အိမ်ခြေ ၁၀၀၀ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်တဲ့ ဇရပ်ကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ဇရပ်ကုန်းရွာသားတွေ ဖြစ်ကြတဲ့ အသက် ၇၅နှစ်အရွယ် ဒေါ်ထူး၊ အသက် ၆၃နှစ်အရွယ် ဒေါ်သန်းမြ၊ ဒေါ်သန်းမြရဲ့သမီးဖြစ်သူ အသက် ၁၅နှစ်အရွယ် မဂျူးဂျူး၊ အသက် ၅၅နှစ်အရွယ် ဦးမြင့်လွင်၊ အသက် ၂၇နှစ်အရွယ် မဝေဝေနဲ့ […]

Project Management in a Changing World – Spiceworks Myanmar

မင်္ဂလာပါရှင့်။ ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်းပါ။ ဒီနေ့ဆွေးနွေးသွားချင်တဲ့ အကြောင်းအရာကတော့ ပရောဂျက်စီမံခန့်ခွဲမှုလုပ်ဖို့အတွက် ဘယ်လိုမျိုးအရည်အချင်းတွေ လိုအပ်မလဲ၊ နောက်လာမယ့် အနာဂတ်အတွက် ဘယ်လိုအရည်အချင်းတွေ ထပ်ဖြည့်ဖို့လိုမလဲဆိုတာနှင့်ပတ်သက်ပြီး လက်ရှိညီမတာဝန်ယူနေရတဲ့လုပ်ငန်းခွင်နှင့် အလုပ်အပေါ်အခြေ‌ခံပြီး အကျဉ်းချုပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ညီမအတွေ့အကြုံနှင့် လက်ရှိညီမလုပ်ကိုင်နေတဲ့ အလုပ်ပေါ်မူတည်ပြီး ဆွေးနွေးတင်ပြမှာဖြစ်လို့ မှားနေတာများရှိရင်လည်း နားလည်ပေးကြဖို့ ‌မေတ္တာရပ်ခံအပ်ပါတယ်။ မာတိကာ 1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု 2. ပရောဂျက်စီမံခန့်ခွဲမှု၏ ပြောင်းလဲနေသောအကြောင်းအရာများ 3. ယနေ့ပရောဂျက်မန်နေဂျာများအတွက် အဓိကကျွမ်းကျင်မှုရှိရန်လိုအပ်သော အရည်အချင်းများ 4. အနာဂတ်ပရောဂျက်စီမံခန့်ခွဲမှုအတွက် လိုအပ်သောအရည်အချင်းများ 1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု အရင်ဆုံးပရောဂျက်စီမံခန့်ခွဲမှုမှာ လိုအပ်တဲ့အရည်အချင်းတွေအကြောင်းမပြောခင်မှာ ပရောဂျက်လုပ်လျှင် စီမံခန့်ခွဲမှုက ဘာကြောင့်အရေးကြီးလည်းဆိုတာ အရင်ဆွေးနွေးသွားပါမယ်။ ပရောဂျက်တစ်ခု အောင်မြင်စွာပြီးဆုံးကြောင်း သေချာစေဖို့ရန်အတွက် လိုအပ်သောဖွဲ့စည်းပုံ၊ ကိရိယာများနှင့် လုပ်ငန်းစဉ်များကို သေချာစွာပံ့ပိုးပေးနိုင်သောကြောင့် ပရောဂျက်စီမံခန့်ခွဲမှုက ပရောဂျက်တိုင်းအတွက် […]