ylliX - Online Advertising Network
Project Management in a Changing World - Spiceworks Myanmar

Project Management in a Changing World – Spiceworks Myanmar


မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်းပါ။ ဒီနေ့ဆွေးနွေးသွားချင်တဲ့ အကြောင်းအရာကတော့ ပရောဂျက်စီမံခန့်ခွဲမှုလုပ်ဖို့အတွက် ဘယ်လိုမျိုးအရည်အချင်းတွေ လိုအပ်မလဲ၊ နောက်လာမယ့် အနာဂတ်အတွက် ဘယ်လိုအရည်အချင်းတွေ ထပ်ဖြည့်ဖို့လိုမလဲဆိုတာနှင့်ပတ်သက်ပြီး လက်ရှိညီမတာဝန်ယူနေရတဲ့လုပ်ငန်းခွင်နှင့် အလုပ်အပေါ်အခြေ‌ခံပြီး အကျဉ်းချုပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ညီမအတွေ့အကြုံနှင့် လက်ရှိညီမလုပ်ကိုင်နေတဲ့ အလုပ်ပေါ်မူတည်ပြီး ဆွေးနွေးတင်ပြမှာဖြစ်လို့ မှားနေတာများရှိရင်လည်း နားလည်ပေးကြဖို့ ‌မေတ္တာရပ်ခံအပ်ပါတယ်။

မာတိကာ
1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု
2. ပရောဂျက်စီမံခန့်ခွဲမှု၏ ပြောင်းလဲနေသောအကြောင်းအရာများ
3. ယနေ့ပရောဂျက်မန်နေဂျာများအတွက် အဓိကကျွမ်းကျင်မှုရှိရန်လိုအပ်သော အရည်အချင်းများ
4. အနာဂတ်ပရောဂျက်စီမံခန့်ခွဲမှုအတွက် လိုအပ်သောအရည်အချင်းများ

1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု
အရင်ဆုံးပရောဂျက်စီမံခန့်ခွဲမှုမှာ လိုအပ်တဲ့အရည်အချင်းတွေအကြောင်းမပြောခင်မှာ ပရောဂျက်လုပ်လျှင် စီမံခန့်ခွဲမှုက ဘာကြောင့်အရေးကြီးလည်းဆိုတာ အရင်ဆွေးနွေးသွားပါမယ်။ ပရောဂျက်တစ်ခု အောင်မြင်စွာပြီးဆုံးကြောင်း သေချာစေဖို့ရန်အတွက် လိုအပ်သောဖွဲ့စည်းပုံ၊ ကိရိယာများနှင့် လုပ်ငန်းစဉ်များကို သေချာစွာပံ့ပိုးပေးနိုင်သောကြောင့် ပရောဂျက်စီမံခန့်ခွဲမှုက ပရောဂျက်တိုင်းအတွက် အရေးကြီးလှပါတယ်။

ပုထုစဉ်လူသားတွေဖြစ်တာနှင့်အညီ ထိန်းချုပ်ခြင်းမရှိသောအလုပ်၊ လွတ်လပ်မှုကိုပို၍လိုချင်ကြတာဖြစ်ပေမယ့်လို့ တကယ့်လွတ်လပ်မှုအစစ်ဆိုတာက ထိန်းချုပ်စီမံနိုင်စွမ်းကနေပဲရနိုင်ပါတယ်။ တကယ်လို့ မိမိကသာ ငွေကိုကောင်းစွာထိန်းချုပ်စီမံနိုင်လျှင် မိမိအနာဂတ်မှာ Financial Freedom ရနိုင်သလို စိတ်ကိုကောင်းစွာထိန်းချုပ်စီမံနိုင်လျှင် Mindfulness ဆိုတဲ့ အေးချမ်းမှုကို ရရှိနိုင်ပါတယ်။

ထို့အတူ ပရောဂျက်စီမံခန့်ခွဲမှုလုပ်ပေးတဲ့လူရှိတဲ့အတွက် အချိန်နှင့်ဘတ်ဂျက်ကို စီမံခန့်ခွဲခြင်း၊ ပရောဂျက်လုပ်နေစဉ်ဖြစ်လာနိုင်သော အန္တရာယ်များကို လျှော့ချခြင်းနှင့် ပရောဂျက်အရည်အသွေးထိန်းသိမ်းခြင်းတို့တွင် ကူညီပေးသည့်အပြင် ဆက်သွယ်ရေးနှင့် လိုအပ်သောဆုံးဖြတ်ချက်ချခြင်းတွင်လည်း ကူညီပေးနိုင်ပါတယ်။ ပရောဂျက်စီမံခန့်ခွဲမှုမရှိပါက ပရောဂျက်များသည် နှောင့်နှေးမှုများခြင်း၊ ကုန်ကျစရိတ်များလွန်းခြင်းနှင့် ၎င်းတို့၏အောင်မြင်မှုကို ထိခိုက်စေနိုင်သည့် အခြားပြဿနာများကို ကြုံတွေ့ရနိုင်ချေ ပိုများပါတယ်။

ယနေ့ကမ္ဘာကြီးတွင် ပရောဂျက်စီမံခန့်ခွဲမှုသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေပြီဖြစ်ပြီး ပရောဂျက်တစ်ခုလုံးကို စီမံခန့်ခွဲသည့် ပရောဂျက်မန်နေဂျာတစ်ဦး လိုအပ်သည့်အရည်အချင်းများသည်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က လိုအပ်သည့်အရည်အချင်းများနှင့် အလွန်ကွာခြားပြီး အနာဂတ်တွင်လည်း ဆက်လက်တိုးတက် ပြောင်းလဲနေဦးမည်ဖြစ်ပါတယ်။

2. ပရောဂျက်စီမံခန့်ခွဲမှု၏ ပြောင်းလဲနေသော အကြောင်းအရာများ
ပရောဂျက်စီမံခန့်ခွဲမှုလောကသည် နည်းပညာ၊ global collaboration နှင့် ပရောဂျက်အလိုက်လိုအပ်ချက်များ မြင့်မားလာမှုအပေါ်မူတည်ပြီး ပြောင်းလဲနေကြောင်း ညီမ၏အတွေ့အကြုံအရ အောက်ပါသုံးသပ်ချက် (၃) ခုဖြင့် ဆွေးနွေးသွားချင်ပါတယ်။
Point 1: Remote and Cross-Cultural Teams
Point 2: Increasing Role of Technology
Point 3: Agile Methodologies

Point 1: Remote and Cross-Cultural Teams
အကြီးမားဆုံး အပြောင်းအလဲများထဲမှ တစ်ခုသည် work from home ဟုခေါ်သော remote job များတိုးလာခြင်းနှင့် global communication တိုးလာခြင်းဖြစ်ပါတယ်။ ဥပမာ လက်ရှိပရောဂျက်လုပ်ရသည့်အခါ ဂျပန်၊ ဖိလစ်ပိုင်နှင့် မြန်မာမှ team အဖွဲ့များနှင့် အလုပ်လုပ်ရာတွင် နေရာအသီးသီးမှ မတူညီသောအချိန်များ၊ မတူညီသောလူမျိုးများနှင့် remote communication ဖြင့်ဆက်သွယ်ပြောဆိုသောအခါ ရှင်းလင်းသော ဘာသာစကားဆက်သွယ်မှုအ‌ရေးကြီးပုံနှင့် မတူညီသောယဉ်ကျေးမှုကွဲပြားမှုများကို နားလည်သဘောပေါက်ခြင်း၏အရေးပါမှုကို သိရှိခဲ့ရပါတယ်။

Point 2: Increasing Role of Technology
ယနေ့ခေတ် ပရောဂျက်မန်နေဂျာများသည် ပရောဂျက်စီမံခန့်ခွဲမှုပလက်ဖောင်းများ (ဥပမာ Notion, Jira, Trello) နှင့် online ဆက်သွယ်ရေးကိရိယာများ (ဥပမာ Zoom, Google Meet) ကဲ့သို့သော ဒစ်ဂျစ်တယ်ကိရိယာများဖြင့် အကျွမ်းတဝင်ရှိရပါမည်။ ထို့မျှသာမက အထူးသဖြင့် Front-end နှင့် back-end developer များကဲ့သို့ နည်းပညာအဖွဲ့များနှင့် ပြောဆိုဆက်ဆံရာတွင် လိုက်လျောညီထွေရှိစေရန် နည်းပညာသည် မရှိမဖြစ်လိုအပ်ပါတယ်။

Point 3: Agile Methodologies
ယနေ့ခေတ်သုံးစွဲသူ user ၏အတွေ့အကြုံအပေါ် အခြေခံ၍ ထပ်တလဲလဲ‌ပြုပြင်ပြောင်းလဲခြင်း၊ ထိုအပြောင်းအလဲများကို တုံ့ပြန်ခြင်းနှင့် ပရောဂျက်ပေါ်မူတည်၍ အချို့ပရောဂျက်များသည် ပရောဂျက်တစ်ခုလုံးအတွက်လိုအပ်သော data များပံ့ပို့နိုင်ခြင်းမရှိဘဲ အသေးအမွှားလေးများမှပေးပို့ခြင်းစသော front-end web development ပရောဂျက်များတွင်တွေ့ကြုံရသော ပြောင်းလဲမှုများအတွက် များပြားလှသော ပရောဂျက်စီမံခန့်ခွဲမှုနည်းဗျူဟာများထဲမှ Agile Methodologies သည်အလွန်အသုံးဝင်သော ချဉ်းကပ်မှုဖြစ်လာပါတယ်။

3. ယနေ့ပရောဂျက်မန်နေဂျာများအတွက် အဓိကကျွမ်းကျင်မှုရှိရန်လိုအပ်သော အရည်အချင်းများ
Front-end web development ပရောဂျက်များကို စီမံခန့်ခွဲသည့်ပရောဂျက်မန်နေဂျာတစ်ဦးအနေဖြင့် ယနေ့ခေတ်ပတ်ဝန်းကျင်နှင့် အနာဂတ်တွင် အောင်မြင်မှုရရှိရန် အချို့သောကျွမ်းကျင်မှုများသည် အရေးကြီးကြောင်း သိရှိခဲ့ရပါတယ်။

3.1 Communication and Collaboration
အထူးသဖြင့် global teams ဖြင့် ပရောဂျက်များကို စီမံခန့်ခွဲသည့်အခါတွင် ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံရေးသည် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ပရောဂျက်ဒါရိုက်တာများ၏ လိုချင်သောအချက်အလက်များအား သတ်မှတ်တာပဲဖြစ်ဖြစ်၊ ပရောဂျက်တွင်ပါဝင်မည့် သက်ဆိုင်သူတွေကို နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကို ရှင်းပြတာပဲဖြစ်ဖြစ် communication ဟာပရောဂျက်တစ်ခုရဲ့မတူညီတဲ့ အခန်းကဏ္ဍတွေကြား ကွာဟချက်ကို ပေါင်းကူးပေးကြောင်းတွေ့ရှိခဲ့ရပါတယ်။

ဥပမာအားဖြင့် ဂျပန်ဒါရိုက်တာများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရသည့်အခါ ပရောဂျက်အချက်အလက်များကို ပုံမှန်စစ်ဆေးရန်၊ ပြောင်းလဲနေသောအပ်ဒိတ်များကို အမြဲဆက်သွယ်အကြောင်းကြားရန်နှင့် ဦးစားပေးလိုချင်သော အချက်အလက်များအပေါ် လိုက်လျောညီထွေဖြစ်စေရန် စီမံခန့်ခွဲမှုများပြုလုပ်ပေးရသည့်အခါ communication ဟုခေါ်သော ပြောဆိုဆက်ဆံခြင်းနှင့် collaboration ဟုခေါ်သော ပူးပေါင်းဆောင်ရွက်တတ်ခြင်း၏အရေးပါမှုကို ကောင်းစွာသဘောပေါက်နားလည်ပြီး ညီမအတွက်တော့ ပရောဂျက်မန်နေဂျာတစ်ဦးအနေဖြင့် မရှိမရှိလိုအပ်သောအရည်အချင်းတစ်ခုအနေဖြင့် သတ်မှတ်ထားပါတယ်။

3.2 Technical Understanding
မိမိတာဝန်ယူရသော ပရောဂျက်များတွင် လိုအပ်သည့် နည်ပညာများအား စဉ်ဆက်မပြတ်လေ့လာနေခြင်းကလည်း ပရောဂျက်စီမံခန့်ခွဲမှုတွင် ထိထိရောက်ရောက်ဦးဆောင်နိုင်စေပါတယ်။ နည်းပညာများနှင့်အဆက်မပြတ်နေမှသာ developer အဖွဲ့၏လိုအပ်သည့်အရာများ၊ ပရောဂျက် Task များအတွက် အချိန်စီမံခန့်ခွဲပေးနိုင်ခြင်း၊ ပရောဂျက်ပြုလုပ်‌နေစဉ် ရှုပ်ထွေးသောပြဿနာတစ်ခုကြုံတွေ့သောအခါ နည်းပညာဆိုင်ရာအသိပညာဖြင့် မည်သို့ပြုလုပ်ရမည်ဆိုသော အမြန်ဆုံးဖြတ်ချက်များချနိုင်စေပြီး ပရောဂျက်ကို လမ်းကြောင်းပေါ်ရှိစေနိုင်မှာ ဖြစ်ပါတယ်။

3.3 Adaptability and Agility
ပရောဂျက်မန်နေဂျာတစ်ယောက်အတွက် လျင်မြန်မှုနှင့် လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်စွမ်းကလည်း အရေးကြီးလှပါတယ်။ အပြောင်းအလဲမြန်သော နည်းပညာလောကတွင် လိုအပ်ချက်များသည်လည်း နေ့ချင်းညချင်း ပြောင်းလဲနိုင်ပါတယ်။ ပရောဂျက်၏ အစိတ်အပိုင်းများအား ပြောင်းလွယ်ပြင်လွယ်နိုင်ရန် စီမံခန့်ခွဲဖို့လိုအပ်သလို ပရောဂျက်မန်နေဂျာတစ်ယောက်အနေဖြင့် ပရောဂျက်၏ လိုအပ်ချက်အပြောင်းအလဲ၊ မမျှော်လင့်ထားသော team အဖွဲ့အဝင်အပြောင်းအလဲများကြုံတွေ့နိုင်တာဖြစ်သည့်အတွက် ထိုအပြောင်းအလဲများတွင် မှန်ကန်သောဆုံဖြတ်ချက်များ မြန်မြန်ဆန်ဆန်ချမှတ်နိုင်ဖို့အတွက်လည်း အရေးကြီးလှပါတယ်။

4. အနာဂတ်ပရောဂျက်စီမံခန့်ခွဲမှုအတွက် လိုအပ်သောအရည်အချင်းများ
ပရောဂျက်မန်နေဂျာတစ်ယောက်အနေဖြင့် ယနေ့ခေတ်တွင် ပိုင်ဆိုင်ထားသောအရည်အချင်းတွေကို ကျွမ်းကျင်ဖို့ကအရေးကြီးပေမယ့် အနာဂတ်အတွက်ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ တိုးတက်နေသော နည်းပညာပြောင်းလဲမှုပေါ်လိုက်ပြီး ပရောဂျက်စီမံခန့်ခွဲမှုသည်လည်း ဆက်လက်တိုးတက်နေမည်ဖြစ်ပြီး ပိုမိုအရေးကြီးလာမည်ဟု ယုံကြည်သော အောက်ဖော်ပြပါ အချက်သုံးချက်နှင့်ပတ်သက်ပြီး အကျဉ်းချုပ်တင်ပြသွားပါမည်။
Point 1: AI and Automation
Point 2: Continuous Learning and Adaptation
Point 3: Emotional Intelligence and Leadership

Point 1: AI and Automation
Artificial Intelligence ဟုခေါ်သော AI နှင့် automation ကိရိယာများသည် ပရောဂျက်စီမံခန့်ခွဲမှုတွင် အကျိုးသက်ရောက်မှုရှိလာပါတယ်။ ပုံမှန်လုပ်ငန်းဆောင်တာများကို အလိုအလျောက်လုပ်ဆောင်ခြင်းမှ ပရောဂျက်ဒေတာကို ခွဲခြမ်းစိတ်ဖြာခြင်းအထိ AI နည်းပညာများသည် ပရောဂျက်မန်နေဂျာများအား မဟာဗျူဟာကျကျ ဆုံးဖြတ်ချက်ချခြင်းအပေါ် ပိုမိုအာရုံစိုက်ရန် ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့် ပရောဂျက်တိုးတက်မှုကို ခြေရာခံရန် သို့မဟုတ် နှောင့်နှေးမှုများ ဖြစ်နိုင်ချေကိုခန့်မှန်းရန် အလိုအလျောက်စနစ်သုံးကိရိယာများကို အသုံးပြုခြင်းသည် အချိန်ကုန်သက်သာပြီး တိကျမှုကို တိုးတက်စေနိုင်သည်။ သို့သော် မှန်ကန်သော data များ၊ development အဖွဲ့များနှင့် အမြဲ communication ပြုလုပ်ပြီး ပရောဂျက်၏ပြောင်းလဲမှုဖြစ်စဉ်များကို အမြဲအပ်ဒိတ်ထားရှိစေဖို့ လိုအပ်ပါတယ်။

Point 2: Continuous Learning and Adaptation
ခေတ်ရေစီးကြောင်းပေါ်အမှီလိုက်၍ နည်းပညာအသစ်များဖြင့် အပ်ဒိတ်လုပ်နေခြင်းသည်လည်း အနာဂတ်တွင် အရေးကြီးသောအရည်အချင်းတစ်ခုအနေဖြင့် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ အနာဂတ်ပရောဂျက်မန်နေဂျာများသည် လုပ်ငန်းနယ်ပယ်ပြောင်းလဲမှုများကို လိုက်လျောညီထွေရှိစေရုံသာမက ၎င်းတို့၏လုပ်ငန်းအသွားအလာတွင် ကိရိယာအသစ်များနှင့် နည်းလမ်းများကို ပေါင်းစပ်ရန်အတွက် အမြဲအဆင်သင့်ဖြစ်‌နေစေရန် တောင်းဆိုလာမှုများ ရှိလာနိုင်မှာဖြစ်ပါတယ်။

မိမိလုပ်ငန်းနှင့်သက်ဆိုင်သော webinars များတက်ရောက်ပြီး လုပ်ငန်းဘလော့ဂ်များကို လိုက်ကြည့်ခြင်းဖြင့် နောက်ဆုံးပေါ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့် စီမံခန့်ခွဲမှုဗျူဟာများအကြောင်း အပ်ဒိတ်ပြုလုပ်ထားခြင်းဖြင့် အနာဂတ်ပရောဂျက်စီမံခန့်ခွဲမှုတွင် လိုက်လျောညီထွေရှိဖို့ ကူညီပေးနိုင်မယ်လို့ထင်ပါတယ်။

Point 3: Emotional Intelligence and Leadership
အနာဂတ်ပရောဂျက်မန်နေဂျာများအတွက် နောက်ထပ်အရေးကြီးသော အရည်အချင်းတစ်ခုဖြစ်သည့် ခေါင်းဆောင်မှုအရည်အချင်းသည် စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် (emotional intelligence) ဆီသို့ ဆက်လက်ပြောင်းလဲသွားမည်ဟု ထင်ပါတယ်။ အနာဂတ်တွင် ပရောဂျက်များပိုမိုရှုပ်ထွေးလာနိုင်ပြီး team အဖွဲ့များသည်လည်း ပိုမိုကွဲပြားလာနိုင်သည်နှင့်အမျှ လူသားများအချင်းချင်းနားလည်မှုနှင့် စီမံခန့်ခွဲခြင်းသည် အလုပ်များကို စီမံခန့်ခွဲခြင်းကဲ့သို့အရေးကြီးလာပါတယ်။

စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် (emotional intelligence) နှင့် ခေါင်းဆောင်မှုအရည်အချင်းများအပေါ် အာရုံစိုက်ခြင်းဖြင့် ပရောဂျက်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရုံသာမက လုပ်ငန်းခွင်အတွက်ပိုမိုအကျိုးရှိစေပြီး အပြုသဘောဆောင်သော အလုပ်ပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဤချဉ်းကပ်မှုများသည် ပရောဂျက်စီမံခန့်ခွဲမှု၏ တိုးတက်ပြောင်းလဲနေသော တောင်းဆိုချက်များကို ယနေ့နှင့်အနာဂတ်တွင် လမ်းညွှန်နိုင်ရန် ကူညီပေးပါလိမ့်မည်။

နိဂုံးချုပ်အားဖြင့် ပရောဂျက်စီမံခန့်ခွဲမှုသည် အချိန်ဇယားများကို လိုက်နာခြင်းနှင့် အလုပ်များကိုစီမံခန့်ခွဲခြင်းအတွက်သာ မဟုတ်ဘဲ အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် နည်းပညာကိုအသုံးချခြင်းနှင့် မတူကွဲပြားသောအဖွဲ့များကို ထိရောက်စွာ ဦးဆောင်ခြင်းအကြောင်းဖြစ်ပါသည်။ ပရောဂျက်များကို စီမံခန့်ခွဲသောပရောဂျက်မန်နေဂျာများအတွက် ဆက်သွယ်ရေး၊ လိုက်လျောညီထွေရှိမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အရေးကြီးပါသည်။ ပရောဂျက်စီမံခန့်ခွဲမှုလောက တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဤကျွမ်းကျင်မှုများသည် ယနေ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင် ရုံသာမက အနာဂတ်တွင်ပါ ဦးဆောင်နိုင်စေမည်ဖြစ်ပါသည်။

ယခု blog အားဖတ်ရှုပြီး ပရောဂျက်မန်နေဂျာလုပ်ကိုင်ရန် စိတ်ဝင်စားသောသူများအတွက် အကျိုးတစ်စုံတရာရရှိလိမ့်မယ့်လို့မျှော်လင့်ပါတယ်။ အနာဂတ်တွင် ပိုမိုအောင်မြင်သော ပရောဂျက်စီမံခန့်ခွဲသူများ ဖြစ်ကြပါစေလို့ဆန္ဒပြုရင်း ညီမရဲ့ ဘလော့ဂ်ကို အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

The post Project Management in a Changing World appeared first on Spiceworks Myanmar.



Source link

Leave a Reply

Your email address will not be published. Required fields are marked *