ylliX - Online Advertising Network
 ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော - Myanmar Now

 ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော – Myanmar Now


စစ်အာဏာရှင်ပြုတ်ကျရန် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက  ယနေ့ (အောက်တိုဘာ ၂၅) ကျရောက်သည့် အဖွဲ့ ထူထောင်ခြင်း ၆၄ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ဖြစ်ပေါ်လာသည့် မြန်မာပြည်သူများ၏

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို

တွန်းလှန်ချေမှုန်းနိုင်မည့် အချိန်ကောင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။

“KIO အနေနဲ့လည်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း တော်လှန်ရေးအင်အားစုတိုင်းနဲ့

လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြတ်ပြတ်ဖို့ တော်လှန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်

တိန့်ရှီးကျွင်းခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်အချို့

တရုတ်နိုင်ငံ ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် စစ်ကောင်စီတပ်ကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု

မလုပ်ရန် တရုတ်ကိုယ်စားလှယ်များက KIA ကို ဖိအားပေးခဲ့သည်ဟု သိရသည်။

KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် တွေ့ဆုံခဲ့ပြီး ထိုသို့ ဖိအားပေးခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်များက ပြောသည်။ 



ဤအတောအတွင်း KIO က နောက်ဆုံးသိမ်းပိုက်ထားသည့် ပန်ဝါမြို့ကို တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အားပေးပို့မှု ဖြတ်တောက်လိုက်သလို နယ်စပ်ဝင်ပေါက်ကိုလည်း ပိတ်လိုက်သည်၊ 

မြေရှားသတ္တုတူးဖေါ်သည့် လုပ်ငန်းခွင်အချို့ ရပ်ဆိုင်းသွားသည်ဟု ပန်ဝါဒေသခံ တစ်ဦးက

ပြောသည်။

“မြေရှားဆိုက်(လုပ်ငန်းခွင်)တွေ မပိတ်သေးဘဲ ဖွင့်တဲ့ဆိုက်တွေလည်း ဖွင့်နေတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

“မီးက ရတဲ့နေရာရတယ်၊ မရတဲ့နေရာမရဘူး။ ဖုန်းလိုင်းတွေက မရတာကြာပြီ၊ ဈေးတွေကဖွင့်တယ်၊ အကုန်လုံးပုံမှန်ပါပဲ”

တရုတ်ဖိအားကြားမှ KIA တပ်များက  ချီဖွေ၊ ဆော့လော်၊ ပန်ဝါစသည့်မြို့များကို ယခုလအတွင်း ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ တရုတ်ကလည်း KIA ထိန်းချုပ်လိုက်သည့် နယ်စပ်ဂိတ်များကို ပိတ်ဆို့သည့်နည်းဖြင့် ဖိအား ဆက်ပေးနေသည်။

ပန်ဝါဒေသသည် ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)ကို အသွင်ပြောင်းခဲ့သည့် 

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များ၊

ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်များက ထိန်းချုပ်ခဲ့သည့် ဒေသဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ KIA နှင့် ပူးပေါင်း လက်တွဲကြရန်လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းသည်။

“လာမယ့်အချိန်တွေမှာ ကိုယ့်ပြည်သူ့စစ်အဖွဲကို ရုပ်သိမ်းပြီး KIO နဲ့အတူ လမ်းစဉ်တစ်ခုတည်းမှာ လျှောက်လှမ်းဖို့ ဒီမိန့်ခွန်းကနေ ထပ်မံသတိပေးလိုက်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

“ဗမာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေမှာ အားတက်သရော ပါဝင်နေသူတွေနဲ့ နား၊ မျက်စိ

အဖြစ်ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIO အနေနဲ့ ညှိနိုင်းတဲ့နည်းလမ်းနဲ့ စည်းရုံးနေခဲ့ပါတယ်။

ဒီမှာ တချို့ ပြည်သူစစ်အဖွဲ့တွေ ရပ်နားသွားခဲ့တာရှိသလို တချို့ကတော့ ဆက်လုပ်နေတာတွေလည်း တွေ့နေရပါတယ်”

ပန်ဝါမြို့သိမ်းတိုက်ပွဲပြီးသည့်နောက် ဦးဇခုန်တိန့်ယိန်းလက်အောက်ခံ ပြည်သူ့စစ်အချို့

လက်နက်များနှင့်အတူ KIA ထံ ခိုလှုံခဲ့ပြီး အလားတူ ထပ်မံ ပူးပေါင်းလာသူများလည်းရှိသည်ဟု

သိရသည်။

လတ်တလောတွင်  ကန်ပိုက်တည်မြို့အနီးတဝိုက်တွင်

  ပြည်သူစစ်အချို့နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေသည်။

ထို့ပြင် KIA တပ်က သိမ်းပိုက်ထားသည့် မိုးမောက်မြို့နှင့် အဆိုပါ မြို့အနီးရှိ

ခမရ(၄၃၇)တပ်စခန်းတို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ရန် မကြာခဏ

ထိုးစစ်ဆင်နေပြီး  တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်က မြေပြင်အင်အား အများအပြားအပြင် လက်နက်ကြီးပစ်ကူ၊ ဒရုန်းနှင့်

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါ အပြင်းအထန်ပြုလုပ်နေသည်ဟု သိရသည်။

ထို့ပြင် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များ

ပူးပေါင်းတပ်ထိုင်ထားသည့် စခန်းအချို့ကိုလည်း KIA, KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

KIO ဗဟိုကော်မတီက အမြစ်ပြတ်စစ်ဆင်ရေးကော်မတီ(Ru Nu Dan Majan Masing Komiti)

အမည်ပေးထားသည့် ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းထားပြီး KIA 

သိမ်းပိုက်ထားသည့် မြို့၊ရွာများတွင် အုပ်ချုပ်ရေးယန္တရားကို ထိုကော်မတီက ဦးဆောင်တည်ဆောက်နေသည်ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာရာ  KIA သည် လက်နက်ကိုင်ခုခံလိုသူ အများအပြား စစ်ပညာသင်ယူနိုင်ရန် အကူအညီပေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်လာသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *