ylliX - Online Advertising Network

နယ်မြေဆက်လက်ရှင်းလင်းစဉ် အကြမ်းဖက် AA လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိ

အောက်တိုဘာ ၁၈ ရက်(ယနေ့) ညနေ ၃ နာရီချိန်ခန့်တွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် နခခ(၅)၏ မြောက်ဘက်ခြံစည်းရိုးနှင့် မီတာ ၁၁၀၀ အကွာခန့်တွင် လက်နက်ပစ္စည်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့ –(၁) တရုတ်စက်လတ် ၁ လက်(၂) ၅၀ တောင့်ပါ ကျည်ခါးပတ်တွဲ ၁ ခု(၃) ၇.၆၂ ကျည် ၁၀၀ တောင့်(၄) RPG ဗုံးသီး ၃ လုံး (၅) ဦးထုပ် ၁ လုံး၊ တူရွင်း ၆ ချောင်း အောက် ၁၈ ရက် (ဒီနေ့)အဖိုကတော့ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့လက်နက် ၁၁ လက် ရရှိထားပါတယ်။ […]

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇‌ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်များအတွင်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ ဒေသခံများက ပြောသည်။ နောင်ချို ဗုံးကြဲခံရ “မနေ့က TNLA တွေက သီတင်းကျွတ်ညဆိုတော့ ပွဲတွေလုပ်နေကြတာနေမှာ၊ ၁၀ နာရီထိုးခါနီး ဗုံးမကြဲခင်ထိတော့ သီချင်းသံတွေ ဆူညံနေသေးတယ်။ ၁၀ နာရီလောက်မှာ […]

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး  – Myanmar Now

တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က ကချင်တော်လှန်ရေးတပ်ဖွဲ့  KIO/KIA ခေါင်းဆောင်ပိုင်းကို ယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့က တွေ့ဆုံစဥ် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု မပြုရန်   ပြောကြားခဲ့ကြောင်း သိရှိရသည်။  တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်  ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တို့က ဆိုသည်။ ယင်ကျန်းမြို.သည် KIO/KIA ဌာနာချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်နှင့်  နယ်မြေထိစပ်နေသည််။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း(ဓာတ်ပုံ- Xinhua) ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တရုတ်ဘက်ကတောင်းဆိုသော်လည်း KIA က လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ နှစ်ဘက်တွေ့ဆုံနေစဥ်ပင်  ကချင်ပြည်နယ်အတွင်း တရုတ်မြန်မာနယ်စပ်မြို့များဖြစ်သည့်ပန်ဝါနှင့် ချီဖွယ်မြို့များရှိ စစ်ကောင်စီစခန်းများကို KIA က အရှိန်မပြတ််ထိုးစစ်ဆင်နေခဲ့သည်။  […]

မင်းကွန်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၃ ဦး ပစ်သတ်ခံရ – Myanmar Now

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီလက်နက်ကိုင်များ အောက်တိုဘာ ၁၆ ရက်နေ့က ပစ်ခတ်ခံရပြီး ဒုရဲအုပ်များအပါအဝင် ရဲ ၃ ဦး သေဆုံး၊  စစ်သား ၁ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။ ယင်းနေ့ နံနက်က မန္တလေးမြို့နှင့် ဧရာဝတီမြစ်တစ်ခုသာခြားသည့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း(တောင်)ရွာ၊ နောင်တော်ကြီးဘုရားအနီး ဆိုင်တွင်  စစ်ကောင်စီလက်နက်ကိုင် ၁၄ ဦးခန့် ရောက်ရှိနေစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။ ဒုရဲအုပ်သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်း၊ ဒုတပ်ကြပ်(ရဲ) ဇော်မင်းနိုင်တို့ ပွဲချင်းပြီး သေဆုံးသည်ဟု မင်းကွန်းဒေသခံများက ပြောကြသည်။ “ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့ကပစ်တာလည်းတော့ မသိဘူး။ ရဲ ၃ ယောက် သေတယ်။ စစ်သား ၁ ဦး ထိတယ်။ သေနတ်နှစ်လက်ရသွားတယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးက […]

ကံပိုင်တည် နယ်ခြားစောင့်တပ်ကိုဖယ်ရှားရန် KIA အပြင်းအထန်ထိုးစစ်ဆင်နေ – Myanmar Now

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီသစ္စာခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့်  ပန်ဝါနှင့် ကန်ပိုင်တည်မြို့များကို ပိတ်ဆို့ ထိုးစစ်ဆင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  က ယမန်နေ့(အောက်တိုဘာ ၁၇)တွင် ပြောသည်။   နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့အတွင်း  တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ စစ်တပ်က ကချင်အထူးဒေသ(၁) ဟု သတ်မှတ်ခဲ့သည့် ထိုနယ်မြေများထဲမှ  တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသ၊ လုပြည်ကျေးရွာအနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို အောက်တိုဘာ ၁၅ တွင် KIA သိမ်းပိုက်ပြီးနောက် ထိုးစစ်ကိုအရှိန်မြှင့်နေခြင်းဖြစ်သည်။ တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ […]

လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင် – Kachin News Group (KNG)

တနိုင်း– လီဒိုလမ်းမပေါ်  ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။  ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး”လို့ပြောပါတယ်။ နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။ ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့ ၆ နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။ တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။ အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူ”လို့ပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင် appeared first on Kachin News Group (KNG). Source link

ပလက်ဝတွင် CDF ထောက်ပံ့သံသယဖြင့် ဒေသခံ ၅ ဦး အဖမ်းခံရ  – Myanmar Now

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သား အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် (AA ) က ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။  ဆမီးမြို့၊ ဝက်မကျေးရွာမှ  အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံများဖြစ်သည့် ဦးအေး လွင်၊ ဦးကြာလုံး၊  ဦးဝင်းကြည်၊ ဦးကြာဝှက်၊ ဦးမန်းနှေးတို့သည် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။  ဇန်နဝါရီလဆန်းကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့်၊ ကုလားတန်မြစ် ဖြတ်သန်းစီးဆင်းနေပြီး အချက်အချာကျသည့် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထိန်းချုပ် ထားသည်။   AA […]

နမ့်ဖက်ကာမြို့နယ်တွင် ဗုံးသီးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး ၂ ဦး သေဆုံး – BUR.MIZZIMA.COM

မြန်မာသတင်း, သတင်း ပုံအညွှန်း- စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးအပိုင်းအစမြင်ကွင်း (ပုံဟောင်း) ငုခတ္တာ (မဇ္ဈိမ) ။ ။ မပေါက်ကွဲသေးသော လက်နက်ကြီး ဗုံးသီးတလုံးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးမှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ (၁) နယ်မြေ မန်အောင်ခရိုင်၊ နမ့်ဖက်ကာမြိုနယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ ပန်ခါးရွာတွင် ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထို ၆၀ (မမ) လက်နက်ကြီး ဗုံးသီးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း TNLA က ယနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် ထုတ်ပြန်သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အမျိုးသား နှစ်ဦးသည် ပန်ခါးရွာတွင်နေထိုင်သည့် ခွန်ဂျာချောင် (အသက် […]

အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ – Western News

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ […]

တရုတ်က အိမ်နီးချင်းတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာလို့ ထိုင်ဝမ် ပြော – Ayeyarwaddy Times

တရုတ်က အိမ်နီးချင်းတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာလို့ ထိုင်ဝမ် ပြော – Ayeyarwaddy Times Source link