https://www.youtube.com/watch?v=c2KNLnlkrlE #Daily_NewsPublished 2 November 2024 ၁။ အမြင်မှုန်ဝါးသောကလေးငယ်များကို မျက်စိမကွယ်အောင်မျက်မှန်စောလျင်စွာတပ်ပေးသင့်ဟုဆို ၂။ ပဲခူး၊ ရွှေမောဓောစေတီတော်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ကျင်းပမည် ၃။ ရှမ်းဒေသငရုတ်စိုက်ပျိုးတောင်သူများအတွက် ငရုတ်၊ ကြက်သွန်၊ ဂျင်းသီးနှံကုန်စည်ပြပွဲ ပြုလုပ်မည် ၄။ သမ္မတရွေးကောက်ပွဲမည်သူနိုင်သည်ဖြစ်စေ အမေရိကန်ပြည်သူများစီးပွားရေးအခက်အခဲကိုသာစိုးရိမ်ပူပန်… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး […]
[Unicode] ပတ်တီးကိုင်ရာတွင် နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ လူကြီးမင်းတို့ ဆေးသုတ်လုပ်ငန်းများတွင် မပါမဖြစ်အသုံးပြုရမည့် အဆင့်ဖြစ်သည့် ပတ်တီးကိုင်ရာတွင် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်…. ဆောင်ရန် အချက်များ – ပတ်တီးရိုက်သည့် နံရံများအား လေခိုခြင်းရှိ၊မရှိ အက်ကွဲကြောင်းရှိ၊မရှိ စစ်ဆေးခြင်း များပြုလုပ်၍ အက်ကွဲနံရံ များကို ပြုပြင်ပြီးမှ ပတ်တီးကို အသုံးပြုပေးရန်လိုအပ်ပါသည်။ – ရေငွေ့တိုင်းတာစက် Protimeterဖြင့် တိုင်းတာပြီး နံရံအစိုဓါတ် 15% အောက်ရှိမှသာ အသုံးပြုရမည်။ – အသုံးမပြုမီ မျက်နှာပြင်ရှိ သစ်ဆွေးစများ ၊ အမှိုက်များကို ဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်ရမည်။ – ပတ်တီးကို သမအောင် Mixerဖြင့် မွေ၍ အသုံးပြုပေးရမည်။ – ပတ်တီးမှုန့်နှင့် ရေရောစပ်မှုသည် ညွှန်ကြားချက်အချိုးအတိုင်းဖြစ်ရန် လိုအပ်ပါသည်။ ရှောင်ရန်၊သတိပြုရန် အချက်များ […]
Skip to content အနာဂတ် ဟောကိန်းထုတ်တဲ့ ပညာရှင် ဒေါက်တာ Ian Pearson က နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အမျိုးသမီးတွေဟာ စက်ရုပ်တွေနဲ့ ချစ်ကြိုးသွယ်မှု ပိုများလာမယ်လို့ ပြောပါတယ်။ သူက စက်ရုပ်တွေနဲ့ ချစ်ခင်စုံမက်မှုဟာ ၂၀၅၀ ခုနှစ်မှာ လူအချင်းချင်း ချစ်ခင်စုံမက်မှုထက် ပိုများလာမှာ ဖြစ်ပြီး အမျိုးသမီးများစွာဟာ စက်ရုပ်တွေနဲ့ ဆက်ဆံမှု ပိုများလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ လက်ရှိမှာ Vibrators လို Sex Toys တွေဟာ ရေပန်းစားနေပြီး Pearson က စက်ရုပ်တွေနဲ့ လိင်ဆက်ဆံမှုဟာ မကြာခင်မှာ အဲဒီလမ်းကြောင်းကို လိုက်လာမယ်လို့ ယုံကြည်ထားပါတယ်။ ဉာဏ်ရည်တု (AI) နဲ့ စက်မှု တိုးတက်ဖွံ့ဖြိုးမှုကြောင့် အမျိုးသမီးတွေဟာ သမားရိုးကျ ပေါင်းသင်းဆက်ဆံရေးထက် စက်ရုပ်တွေကို ပိုမို […]
Skip to content Tecno က Megapad 10 အမည်ရ တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပြီး တန်ဖိုးနည်း စွမ်းရည်နိမ့် တက်ဘလက် ဖြစ်ပါတယ်။ တက်ဘလက်မှာ MediaTek Helio G80 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB/256GB Storage ထည့်သွင်းထားပါတယ်။ 10.1” 800x1280p LCD Touchscreen တပ်ဆင်ထားပြီး 450 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 7,000mAh Battery ပါလာပြီး 18W Fast Wired Charging ထောက်ပံ့ထားကာ ၂ နာရီခွဲအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ Tecno […]
[Unicode] မြေငှားဂရန် စာချုပ်တစ်စောင်မှာ ခွင့်ပြုကာလအထိသာ အကျုံးဝင်ပြီး သတ်မှတ်ကာလကုန်ဆုံးရန် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်းကုန်ပါကမြေပိုင်ရှင်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပါသည်။ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ မြေငှားဂရန်မူရင်း အမည်ပေါက်သူကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မြေပိုင်ဆိုင်မှု လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းပြသ၍ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ထို့ပြင် မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာ၌ သက်တမ်းတိုး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့် စွက်ပြီး မြေငှားဂရန်မိတ္တူ ၊ မှတ်ပုံတင်စာချုပ်စာတမ်း မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး) ဌာနသို့ တင်ပြလျှောက်ထားရပါမည်။ မြေငှားဂရန် […]
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နောက် ၃လကျော်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုအချိန်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာသော အချုပ်အခြာအာဏာ ပိုင် နိုင်ငံများ ကမ္ဘာအနှံ့ ပေါ်ထွက်လာသောကာလ ဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော နိုင်ငံတကာစနစ်အဖြစ် ထူထောင်ခါစအချိန်လည်း ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ် အခန်း ၁ “ရည်ရွယ်ချက်နှင့် အခြေခံမူများ” ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ ၁ အရ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို […]
The Usual Suspects (1995) *************************** IMDB……….8.6Rotten…..96% IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် .. ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲအားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ…….တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရောလက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်…….ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် .. ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ..ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ .. ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှုရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင်ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ .. […]
Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ […]
[Unicode] ဩရသသားသမီးဆိုသည်မှာ မိဘနှစ်ပါး သဘောတူလက်ထပ် ထိမ်းမြား၍ ဖြစ်ထွန်းလာသော သားကြီး၊ သမီးကြီးပင်ဖြစ်ပြီး တနည်းဆိုသော် အမွေအနှစ်ရရှိသော တရားဝင်သားရင်းသမီးရင်ပင်ဖြစ်ပါသည်။ ကတ်စုနှင့်မောင်ဆင်အမှု (၂ ရန်ကုန် ၆၉၃ (၇၈၇)ပီစီ) ၊ မအေးရင်နှင့်မမိမိ -၇ ရန်ကုန် ၅၆၉ အဆိုပါဩရသမှာ ၎င်းမှာသားဖြစ်ပါက ဖခင်ကွယ်လွန်ချိန် ၊ သမီးဖြစ်ပါက မိခင်ကွယ်လွန်သောအချိန်တွင် အရွယ်ရောက်ပြီးဖြစ်ပါက ဩရသအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဩရသမှာ မိဘများ၏ အလုပ်များအား ကူညီလုပ်ကိုင်သူဖြစ်ရန် လိုအပ်ကာ ရူးသွပ်သူမဖြစ်ရပါ။ ဆိုလိုသည်မှာ မိဘ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ရမည်။ ဩရသသားသမီးမှာ အရွယ်မရောက်သေးမီ သေဆုံးပါက ဒုတိယသားသမီးအား ဩရသသားသမီးဟု သတ်မှတ်နိုင်သည်။ ဩရသအခွင့်အရေးနှင့် စပ်လျဉ်း၍ ၎င်းကိုယ်စား ၎င်း၏ အမွေဆက်ခံခွင့်ရှိသူမှ တောင်းဆိုနိုင်ခြင်း […]