အနာဂတ် ဟောကိန်းထုတ်တဲ့ ပညာရှင် ဒေါက်တာ Ian Pearson က နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အမျိုးသမီးတွေဟာ စက်ရုပ်တွေနဲ့ ချစ်ကြိုးသွယ်မှု ပိုများလာမယ်လို့ ပြောပါတယ်။
သူက စက်ရုပ်တွေနဲ့ ချစ်ခင်စုံမက်မှုဟာ ၂၀၅၀ ခုနှစ်မှာ လူအချင်းချင်း ချစ်ခင်စုံမက်မှုထက် ပိုများလာမှာ ဖြစ်ပြီး အမျိုးသမီးများစွာဟာ စက်ရုပ်တွေနဲ့ ဆက်ဆံမှု ပိုများလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ လက်ရှိမှာ Vibrators လို Sex Toys တွေဟာ ရေပန်းစားနေပြီး Pearson က စက်ရုပ်တွေနဲ့ လိင်ဆက်ဆံမှုဟာ မကြာခင်မှာ အဲဒီလမ်းကြောင်းကို လိုက်လာမယ်လို့ ယုံကြည်ထားပါတယ်။
ဉာဏ်ရည်တု (AI) နဲ့ စက်မှု တိုးတက်ဖွံ့ဖြိုးမှုကြောင့် အမျိုးသမီးတွေဟာ သမားရိုးကျ ပေါင်းသင်းဆက်ဆံရေးထက် စက်ရုပ်တွေကို ပိုမို ရွေးချယ်လာကြမှာ ဖြစ်ပါတယ်။
၂၀၅၀ ခုနှစ်မှာ Pearson က လူသားအချင်းချင်း လိင်ဆက်ဆံမှုထက် စက်ရုပ်တွေနဲ့ လိင်ဆက်ဆံမှု ပိုများလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
ဉာဏ်ရည်တု နည်းပညာပါတဲ့ စက်ရုပ်တွေဟာ လူသားတွေနဲ့ တော်တော် တူလာပြီး စိတ်ခံစားမှုတွေလည်း ပါလာကြပါတယ်။ Pearson ဟောကိန်းထုတ်ထားသလို ၂၀၅၀ ခုနှစ်မှာ အမျိုးသမီးတွေဟာ စက်ရုပ်တွေနဲ့ လိင်ဆက်ဆံမှု ပိုများလာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : Tech Explorers
Share This Story, Choose Your Platform!
Go to Top