ylliX - Online Advertising Network

လမ်းမှာဆုံတဲ့ မိန်းကလေးကို နှုတ်ဆက်မိလို့ ချစ်သူကို ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

လမ်းမှာဆုံတဲ့ အတန်းဖော်ဟောင်း မိန်းကလေးကို နှုတ်ဆက်မိတဲ့ အမျိုးသားတစ်ယောက်ဟာ သဝန်တိုလွန်းတဲ့ ရည်းစားဖြစ်သူရဲ့ ဓားချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား ဂရင်စပန်ဟာ အောက်တိုဘာလ ၂၁ ရက် အစောပိုင်းက ရည်းစားဖြစ်သူ နာတာချာနဲ့အတူ လက်ချင်းချိတ် လမ်းလျှောက်လာတုန်း လမ်းထောင့်အနီးမှာ အတန်းဖော်ဟောင်း မိန်းကလေးနဲ့ ဆုံလို့ နှုတ်ဆက်ခဲ့ပါတယ်။ အတန်းဖော်ဟောင်း မိန်းကလေးက ” အဆင်ပြေရဲ့လား”လို့ သာမန်နှုတ်ဆက်စကားသာ ဆိုခဲ့ပေမဲ့ သဝန်တိုလွန်းတဲ့ နာတာချာကတော့ ဝှက်ယူလာတဲ့ဓားကို ထုတ်ပြီး မိန်းကလေးရဲ့ လက်မောင်းကို ဓားနဲ့ထိုးခဲ့တာပါ။ အတန်းဖော်ဟောင်း မိန်းကလေး လဲကျသွားပြီးနောက်မှာ နာတာချာက နောက်တစ်ချက် ထပ်ထိုးဖို့ ရွယ်ခဲ့ပေမဲ့ မိန်းကလေးက တားဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လမ်းသွားလမ်းလာတစ်ယောက်က ဝင်ဆွဲလို့ […]

မြန်မာနဲ့ ပဋိပက္ခနိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းဆုမွန်တောင်း

ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။ Source link

ယူကရိန်းစစ်ဒုက္ခသည် သန်း ၆ ဥရောပတဝန်း ထွက်ပြေး

ရုရှားစစ်ကြောင့် ယူကရိန်းနိုင်ငံသား သန်း ၆ ကျော် ဥရောပပြည်ပထွက်ပြေးကြရတာမှာ ၆ သောင်းကျော်က ကလေးနှင့်အမျိုးသမီးတွေဖြစ်ပြီး ဟန်ဂေရီနိုင်ငံမှာ ခိုလှုံနေကြရပါတယ်။ VOA အရှေ့ဥရောပဗျူရိုတာဝန်ခံ Myroslava Gongadze၏ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။ Source link

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်ကြီးကို ကျောင်းဆောင်အမည် ပြောင်းလဲပြီး ဂုဏ်ပြု

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်အမျိုးသမီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ် မူလတန်းကျောင်းမှာ ကျောင်းဆောင်ကို သူ့အမည် မှည့်ခေါ်ခဲ့ပါတယ်။ ကလုဒင်းဝီလ်ဆန်ဟာ ကျောင်းစောင့်အလုပ်တင် မကဘဲ ပိုက်ပြင်တာ၊ ကျောင်းကားမောင်းတာ စတဲ့အလုပ်တွေလည်း ဝင်လုပ်ခဲ့ပြီး ကျောင်းအတွက် လိုအပ်တဲ့နေရာတိုင်းမှာ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့သူပါ။ ဒါပေမဲ့ သူ အမြတ်နိုးဆုံးအလုပ်ကတော့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ပေးရတဲ့ ကျောင်းစောင့်အလုပ်ပါပဲ။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ဆွီဒီဘော့အာသရီး ကျောင်းခရိုင်အဖွဲ့အစည်းက မူလတန်းကျောင်းရဲ့ ကျောင်းဆောင်ကို ကလုဒင်းဝီလ်ဆန်သင်ကြားရေးစင်တာလို့ အမည်ပေးပြီး ကျောင်းစောင့်ကြီး ကလုဒင်းဝီလ်ဆန်ကို ဂုဏ်ပြုဖို့ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။ ” ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ မပြောလိုပါဘူး။ သူရဲကောင်းလည်း မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါက ကလေးတွေအတွက် လုပ်ပေးခဲ့တာပါ” လို့ ကလုဒင်းဝီလ်ဆန်က […]

အိမ်ဖြူတော်မှာ နောက်ဆုံးကျင်းပတဲ့ ‌ဟောလိုးဝင်းပွဲမှာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ခဲ့တဲ့ အမေရိကန်သမ္မတကတော်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့က အိမ်ဖြူတော်မှာ ဟောလိုးဝင်းပွဲကျင်းပဆင်နွှဲခဲ့ပါတယ်။ သမ္မတကတော်ဂျေးလ်ဟာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ထားခဲ့တာပါ။ သမ္မတကတော်ဟာ ပန်ဒါတွေ ဝါရှင်တန်ဆီ ပြန်လာတော့မယ်လို့ အခုနှစ်အစောပိုင်းမှာ အမျိုးသားတိရစ္ဆာန်ရုံရဲ့ကြေညာချက်မှာ ပါဝင်ခဲ့တာပါ။ ပန်ဒါတွေက အောက်တိုဘာလအလယ်မှာ ဝါရှင်တန်ကို ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကို ကြိုဆိုတဲ့အနေနဲ့ ဂျေးလ်က ပန်ဒါဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတကတော်ဂျေးလ်ဟာ ဟောလိုးဝင်းပွဲမှာ ပညာရေးဆိုင်ရာ အကြောင်းအရာပါအောင်လည်း ထည့်သွင်းခဲ့ပြီး စာဖတ်ခြင်းကို အားပေးတိုက်တွန်းဖို့ “Hallo-Read” လို့ အမည်ပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာလည်း မြက်ခင်းပြင်မှာ စုရုံးနေတဲ့ ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ ကလေးအုပ်စုကို Spooky Pumpkins ဆိုတဲ့ ဝတ္ထုတိုကို ဖတ်ပြခဲ့ပါတယ်။ နေဝင်တဲ့အချိန်ကျ သမ္မတနဲ့အတူ အပြင်ဘက်သို့ထွက်လာပြီး လက်ဆောင်တွေပေးကမ်းရင်း အချိန် တစ်နာရီကြာ […]

အနုစိတ်လွန်းတဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးသူ ဗြိတိန်ပန်းချီဆရာ

ဗြိတိန်နိုင်ငံမှ အနုပညာရှင်တစ်ဦးဟာ မှန်ချပ်ကို ကန်းဗတ်စလို အသုံးပြုပြီး တူနဲ့အက်ကြောင်းဖော်ကာ အံ့အားသင့်စရာ ပုံတူပန်းချီကားတွေ ဖန်တီးခဲ့ပါတယ်။ လန်ဒန်မြို့မှာ နေထိုင်တဲ့ နီယယ်ရှူကလာဟာ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားရင်း စိတ်ထွက်ပေါက်အနေနဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးခဲ့တာပါ။ မှန်ချပ်ကို ဆောက်နဲ့ ထွင်းရာမှာ အက်ကြောင်းတစ်ခု နေရာမှားသွားရုံနဲ့ ပန်းချီကားတစ်ချပ်လုံး သဲထဲရေသွန် ဖြစ်သွားနိုင်တာကြောင့် တကယ့်ကို အနုစိတ်ဖန်တီးရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရှူကလာက သူ့ရဲ့မှန်အက်ကြောင်း ပန်းချီကားကို လူမှုကွန်ရက်ပေါ် တင်ရာမှာ ၄ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၄ သန်း ရှိလာခဲ့ပြီး သူလည်း ကျော်ကြားသွားခဲ့ပါတယ်။ နောက်နှစ်မှာတော့ သူဟာ လူမှုကွန်ရက်မှာ နှစ်သက်အားပေးသူ ၁ သိန်းကျော် ရှိလာခဲ့တာပါ။ ” မှန်အက်ကြောင်းပန်းချီက အရောင်တစ်ရောင်တည်းဆိုတော့ ဖန်တီးရတာ တော်တော်ခက်တယ်။ […]

အာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်လာ

နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်သက်ဆင်းလာနိုင်ခဲ့ပါပြီ။ နာဆာရဲ့ Crew 8 Mission အရ မက်သရူးဒိုမီနစ်၊ မိုက်ကယ်ဘားရက်၊ ဂျင်းနက်အက်၊ ဂရီဘန်ကင်တို့ဟာ ပြီးခဲ့တဲ့မတ်လတုန်းက SpaceX ကုမ္ပဏီရဲ့ Dragon capsule လွန်းပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ကြတာပါ။ လွန်းပျံယာဉ်တံခါးပေါက်မှာ အက်ကြောင်းထင်လာတဲ့ ဖြစ်ရပ်ကြောင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံမှုတွေ လုပ်ခဲ့ရပြီး နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာကြာ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက သူတို့လေးယောက်ကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ဖို့ Boeing ကုမ္ပဏီရဲ့ Starliner လွန်းပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပေမဲ့ ချွတ်ယွင်းမှု၊ လုံခြုံရေးစိတ်မချရမှုတွေကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး အာကာသယာဉ်မှူး လေးဦးဟာလည်း နိုင်ငံတကာအာကာသစခန်းမှာ ဆက်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ […]

မင်္ဂလာဆောင်တော့မယ့်တွဲဖက်လေယာဉ်မှူးကို ခရီးသည်တွေက လက်ထပ်ခြင်းဆိုင်ရာ အကြံဉာဏ်တွေရေးသားကာ အံ့အားသင့်စေခဲ့

စေ့စပ်ထားပြီး မကြာခင် လက်ထပ်တော့မယ့် တွဲဖက်လေယာဉ်မှူးကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးသည်တွေက ချိုမြိန်တဲ့အံ့အားသင့်မှုတစ်ခုလုပ်ခဲ့ကြပါတယ်။ Southwest Airlines လေယာဉ်မောင် ဂျွန်ဖန်က လေယာဉ်မှူး ကာတစ် မာဒန်ကို သူတို့လေယာဉ်ရဲ့တွဲဖက်လေယာဉ်မှူး ဝါရမ် ဝုကီက လေယာဉ်ဆင်းသက်ပြီး သိပ်မကြာခင် လက်ထပ်တော့မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့ လေယာဉ်ခရီးစဉ်ကို သူ့အတွက် အမှတ်တရဖြစ်အောင် လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဂျွန်ဖန်က ခရီးစဉ်မစတင်ခင် ခရီးသည်တွေကို ဝါရမ်အကြောင်းပြောပြကာ စာရွက်လေးတွေမှာ အိမ်ထောင်ရေးအကြံဉာဏ်တွေ ချရေးပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီနောက် လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေဆီက ရေးသားထားတဲ့စာရွက်တွေစုဆောင်းခဲ့ပါတယ်။ သူတို့တွေက ဝါရမ်အတွက် Love is in the Air ဆိုတဲ့ ခေါင်းဆောင်းကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ လေယာဉ်ဆိုက်ရောက်တဲ့အချိန် ဝါရမ်ကို မင်္ဂလာပွဲအတွက် […]

ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြု – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်အောက်တိုဘာ ၂၇ ရက် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သို့ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့တာ အပါ အဝင် ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက အတည်ပြု လိုက်ပါတယ်။ မေလအတွင်း လိုင်ချင်တေး သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ် အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာအပါအဝင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်အ ပေါ် စစ်ရေးဖိအားပေးမှု တိုးမြှင့်လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီ ယံတန်ကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ခန့်မှန်းချေ ဒေါ်လာ ၈၂၆ သန်းတန်ကြေရှိ ရေဒါစနစ်တွေ ပါဝင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။ “အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့လုံခြုံရေးကို တိုးတက်စေကာ နိုင်ငံရေး […]

တာဇံသရုပ်ဆောင် Ron Ely အသက် ၈၆ နှစ်မှာ ကွယ်လွန်

၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ NBC ဇာတ်လမ်းတွဲ Tarzan မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ron Ely ဟာ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်သွားပြီဆိုတာကို သူ့ရဲ့သမီးဖြစ်သူ စာရေးဆရာမ Kiki Ely က သူ့ဖခင်ကို ဟီးရိုးတစ်ယောက်အဖြစ် ခေါ်ဝေါ်ဖော်ပြကာ အတည်ပြုပေးခဲ့တာပါ။ သူ့ဖခင်က အခုဆို သူ့မိခင်နဲ့အစ်ကိုဖြစ်သူတွေတို့နဲ့ ပြန်လည်ဆုံတွေ့နေပြီဆိုတာ သိနေတယ်လို့လည်း သူက ဆိုထားပါတယ်။ တာဇံဇာတ်ကောင်အဖြစ် လူသိများတဲ့ Ron က အဲ့ဒီဇာတ်ကားရိုက်ကူးရင်း ခြင်္သေ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး ပခုံးကို နှစ်ကြိမ် ထိခိုက်ခဲ့ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ပြီး စာရေးဆရာဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ […]