ylliX - Online Advertising Network

တရုတ်ဒရုန်းကုမ္ပဏီကို စစ်ခေါင်းဆောင် သွားရောက်လေ့လာ – Myanmar Now

နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်   တရုတ်နိုင်ငံ၏ နည်းပညာမြို့ဖြစ်သော ချုံချင့်မြို့သို့ သွားရောက်ပြီး ဒရုန်းထုတ် လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။  Zhongyue Aviation UAV Firefighting-Drone Co.,Ltd. အမည်ရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက် ပြီး ဒရုန်းပစ္စည်းများ  ကြည့်ရှုနေပုံကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများကို လေ့လာခဲ့သည်ဟု ဆိုထားသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းက  ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည်အထိ အကြီးအကျယ် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည်   ယခုနှစ်ဆန်းမှစတင်၍ ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြု […]

The Witch. Revenge (2024) – Channel Myanmar

    The Witch. Revenge (2024)   အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတို့လည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲ့တစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲ့ကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ့၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။   (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Drama, History, Fantasy, WarDuration….01:35:53Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Son […]

Let Go (2024) – Channel Myanmar

    အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်၊ လင်ယောကျ်ားတာဝန်တွေနဲ့ ပိပြီး စိတ်ဖိအားတွေကြားပိတ်မိနေတဲ့သက်လတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်တဲ့စတဲလာဟာ တစ်နေ့မှာတော့ ကင်ဆာရောဂါကြောင့် သေရတော့မယ်ဆိုတာသိလိုက်ရပါတယ်။ စတဲလာက ရောဂါကိုကြောက်ရမယ့်အစား အစစအရာရာလိုက်လုပ် ပေးနေရဆဲဖြစ်တဲ့ မူကြိုအရွယ်သားငယ်လေး၊ စိတ်အပြောင်းအလဲ မြန်ဆန်တဲ့ ဆယ်ကျော်သက်အရွယ်သမီးကြီးနဲ့ စိတ်ပိုင်းဆိုင်ရာအရ အားမကိုးရတဲ့ယောကျ်ားကို ချန်ထားခဲ့ရမှာ ပိုကြောက်နေခဲ့ပါတယ်။ ဒါကြောင့် စတဲလာက စိတ်ဝမ်းကွဲနေတဲ့မိသားစုတွေပြန်ပေါင်းစည်းဖို့ အတွက် သမီးကြီးရဲ့တိုင်ပတ်အကပြိုင်ပွဲကျင်းပရာကို မိသားစုခရီး ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Let Go ရုပ်ရှင်ဟာ အရာရာကိုစိုးရိမ်ကြောက်ရွံနေမယ့်အစား လက်လွှတ်ပေးတတ်ဖို့လည်းလိုအပ်တာကိုပြသထားတဲ့မိသားစု Drama ကောင်းတစ်ခုဖြစ်ပါတယ်။     File size… (1.47GB) / (736MB )Quality… NF WEB-DL 1080p HEVC / 720pFormat…mkv / mp4Duration….1h 50mGenre …..DramaSubtitle….Myanmar […]

The Player (1992) – Channel Myanmar

The Player (1992) အညွှန်း***************************IMDb rating …… 7.5/10Rotten Tomatoes 98%(ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေး မပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာ အားလုံးသိကြမယ်ထင်ပါရဲ့) Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး…. စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကိုကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့်ဆုံးဖြတ်ပေးရပါတယ်… ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါ စာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်… ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ… တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်… ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်… အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်… အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ…… ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ […]

Surprised by Oxford (2023) – Channel Myanmar

  Surprised by Oxford (2023) IMDb Rating (6.2) / Rotten Tomatoes (70%)   ဒီဇာတ်လမ်းမှာတော့ စာအရမ်းကြိုးစားပြီး ဉာဏ်ကောင်းလွန်းလို Oxford တက္ကသိုလ်ကို ပညာသင်ဆုနဲ့ တက်ခွင့်ရသွားတဲ့ Caro Drake ဆိုတဲ့ မိန်းကလေးက UK ကို ရောက်လာပြီး Oxford မှာ ကျောင်းလာတက်တယ်။ Caro က သူ့အရင်အတိတ်က အဖေ့ရဲ့စွန့်ပစ်မှုကိုခံခဲ့ရတဲ့ traumaကြောင့် ဉာဏ်ကောင်းသလောက် ​ခံစားချက်ပိုင်းနဲ့ပတ်သက်ရင် နှလုံးသားတံခါးပိတ်ထားတတ်တဲ့ စက်ရုပ်လိုကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ Kent Weber လိုခေါ်တဲ့ ဘာသာရေးကိုင်းရှိင်းပြီး သူ့လိုပဲဉာဏ်ကောင်းတဲ့ ကောင်ချောလေးနဲ့တွေ့ပြီးနောက်မှာတော့ Kent ရဲ့ Caro ယုံကြည်မှုတွေအပေါ် စိန်ခေါ်ငြင်းဆိုမှုတွေကြောင့်… Caroဘဝရဲ့ အချစ်၊ ဘာသာရေးနဲ့ ဘဝရဲ့အဓိပ္ပါယ်ကို […]

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com

လင်မယားနှစ်ဦးနှင့် သက်ဆိုင်သည့် ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားများခွဲခြား၍ သတ်မှတ်နိုင်ပါသည်။ ၁။ ပါရင်းပစ္စည်း ၂။ အထက်ပါပစ္စည်း ၃။ ခန်းဝင်ပစ္စည်း ၄။ မင်းပေးပစ္စည်း ၅။ လက်ထပ်ပွှားပစ္စည်း ၆။ နှစ်ပါးစုံပစ္စည်း ၇။ သီးခြားပိုင်ဆိုင်သည့်ပစ္စည်း ဟူ၍ ဖြစ်ပါသည်။ ပါရင်းပစ္စည်းဆိုသည်မှာ တစ်ဦးမှ အိမ်ထောင်ပြုစဉ် ပါရှိလာသော ပစ္စည်းကို ဆိုလိုပြီး ပစ္စည်းပါ လာသူ ခင်ပွန်း/ဇနီးမှ (၃)ပုံ (၂)ပုံရရှိပြီး ကျန်တစ်ဦးမှ (၃)ပုံ (၁)ပုံရရှိပါသည်။ ပါရင်းပစ္စည်းမှာ လက်ထပ်ပွှားပစ္စည်း၊ ခန်းဝင်ပစ္စည်းနှင့် ကြာလျှင် ရောထွေးသွားတတ်ပြီး လက်ထက်ပွှားပစ္စည်းဖြစ်သည်ဟု အငြင်းပွှားတတ်ပါသည်။ ပါရင်းပစ္စည်းမြေပေါ်တွင် အိမ်ဆောက်လိုက်ပါက လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးကာ လက်ထက်ပွှားပစ္စည်း ဖြစ်သွားတတ်ပါသည်။ အထက်ပါပစ္စည်းဆိုသည်မှာ အိမ်ထောင်ကြီးချင်း လက်ထက်ကြလျှင် ပါရှိလာသောပစ္စည်းကို ဆိုလိုပါ သည်။ […]

နှစ်ပေါင်း ၁၄၀၀ ကျော်အထိ အသက်ရှည်နေသော တရုတ် Xi’an မြို့မှ ကမ္ဘာဦးသစ်ပင် (သို့မဟုတ်) Ginkgo သစ်ပင် ဆောင်းဦးရောက်တိုင်း အဝါနုရောင်ရွက်များဖြင့် ဝေဖြာလှပလျက်ရှိနေ – iMyanmarHouse.com

ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။     နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။     ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။     ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။   […]

The House of Us (2019) – Channel Myanmar

The House of Us(2019)*********************** ကလေးဘဝ..လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာ မိဘဟာအရေးကြီးဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်း ကလေးဘဝရဲ့ … ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ။ မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ… ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့ ဖြစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့… နာကျင်မှုနဲ့ စိတ်ဒဏ်ရာလေးတွေက ရတတ်စမြဲပါ။ ဒီကားလေးထဲမှာ အဲဒီလိုအဖြစ်အမျိုးမျိုးကြုံကြတဲ့… ကလေးလေး (၃)ယောက်ရှိပါတယ်။ တစ်ယောက်က အဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး.. ကျန်(၂)ယောက်က မိဘတွေက အလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစုတွေက ကလေးတွေပါ။ သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့ အရမ်းခင်တယ်ကြပါတယ်။ အိမ်ရဲ့အဆင်မပြေမှုတွေကြား.. အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်း ပျော်ရွှင်ကြရတယ်… နောက်တော့ သူတို့ကလေး(၃)ယောက်တိုင်ပင်ကြတယ်။ သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီး… မိဘတွေမကွာရှင်းရအောင်ရယ်၊ အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်… ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီကားလေးဟာ […]

စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့လေးသို့ ရောက်ရန်  ၂ နာရီသာ လိုတော့ကြောင်း မြေပုံညွှန်းဆိုချက်ကိုကြည့်ကာ စိတ်ရွှင်လန်းလာသည်။  မိတ်ဆွေတစ်ဦးနှင့်အတူ  မန္တလေးမှ ကျောက်ဆည်မြို့အထိ  တစ်နာရီခွဲနီးပါး ဆိုင်ကယ်စီး ခရီးနှင် လာခဲ့ရသည်။  တိုက်ပွဲများနီးကပ်လာပြီး လူနေမှုကြပ်တည်းခက်ခဲလှသည့် မန္တလေးမြို့မှ ရွှေ့ပြောင်းသွားလိုသောကြောင့် ရွာငံသို့ သွားနေခြင်းဖြစ်သည်။ မန္တလေးနှင့်ကျောက်ဆည်မြို့ ဆိုင်ကယ်ခရီးမှာ နာရီဝက်ကျော်မျှသာ ရှိသော်လည်း လမ်းတွင်   ရဲကင်းဂိတ်အများအပြားရှေ့   ဆိုင်ကယ်ရပ်၊ လမ်းလျှောက်အစစ်အဆေးခံနေကြရသောကြောင့် အချိန်ကုန်လွန်းလှသည်။  ထိုအခြေအနေသည် အာဏာသိမ်းပြီးနောက်မှ ဖြစ်ပေါ်လာခြင်းပင်။  နိုင်ငံအနှံ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခဲ့သည့် စစ်တပ်က ၃နှစ်ကျော်အကြာ အာဏာသိမ်းမှုဆန့်ကျင်သူတို့မှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်သူတို့၏ ရန်ကြောင့်  နောက်ကျောမလုံ ဖြစ်နေကြသည်။ အတွေးစတို့ ခေတ္တရပ်တန့်သွားသည်။     ကျောက်ဆည်မြို့နယ်အတွင်း  သံရွာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် အလုံပိတ်ကင်းမျှော်စင်နှစ်ခု ရှိသည်၊ […]

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ – iMyanmarHouse.com

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ မေးခွန်း(၁) – လယ်ယာမြေကို အိမ်ဆောက်၊ ဆိုင်ခန်းဆောက် ၊အခြားနည်းဖြင့် အသုံးပြုရန်အတွက် မည်သို့လျှောက်ထားနိုင်ပါသနည်း။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူလိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၃၀ နှင့် အညီ တိုင်းဒေသကြီး ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်လျှောက်လွှာဖြင့် အောက်ပါအချက်အလက်များ ပါဝင်ကာ သက်သေခံမြေပုံနှင့်အတူ ပုံစံ-(၁၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ – လျှောက်ထားသူ၏ အမည် – မှတ်ပုံတင်အမှတ် – အဘအမည် – အလုပ်အကိုင် – အမြဲနေထိုင်သည့်နေရပ်လိပ်စာ – လျှောက်ထားသည့်မြေ၏ အကြောင်းအရာ – […]