ylliX - Online Advertising Network

အာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်လာ

နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ် ပြန်လည်သက်ဆင်းလာနိုင်ခဲ့ပါပြီ။ နာဆာရဲ့ Crew 8 Mission အရ မက်သရူးဒိုမီနစ်၊ မိုက်ကယ်ဘားရက်၊ ဂျင်းနက်အက်၊ ဂရီဘန်ကင်တို့ဟာ ပြီးခဲ့တဲ့မတ်လတုန်းက SpaceX ကုမ္ပဏီရဲ့ Dragon capsule လွန်းပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့ကြတာပါ။ လွန်းပျံယာဉ်တံခါးပေါက်မှာ အက်ကြောင်းထင်လာတဲ့ ဖြစ်ရပ်ကြောင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံမှုတွေ လုပ်ခဲ့ရပြီး နိုင်ငံတကာအာကာသစခန်းမှာ အချိန်ကြာကြာ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက သူတို့လေးယောက်ကို ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ဖို့ Boeing ကုမ္ပဏီရဲ့ Starliner လွန်းပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပေမဲ့ ချွတ်ယွင်းမှု၊ လုံခြုံရေးစိတ်မချရမှုတွေကြောင့် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး အာကာသယာဉ်မှူး လေးဦးဟာလည်း နိုင်ငံတကာအာကာသစခန်းမှာ ဆက်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ […]

ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီး

ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ ကမ္ဘာ့အားအကောင်းဆုံး သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှ သံလိုက်စက်ကွင်းသုံး သုတေသနအဆောက်အအုံတွေမှာ အသုံးပြုတဲ့ resistive magnet သံလိုက်အမျိုးအစားပါပဲ။ resistive magnet ဆိုတာ ရိုးရိုးသံတုံးကိုပဲ ကွိုင်တွေနဲ့ရစ်ပတ်ဖန်တီးထားတဲ့ သံလိုက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အမျိုးသား သံလိုက်စက်ကွင်းဓာတ်ခွဲခန်းက ၄၁.၄ တက်စလာ အားပြင်းတဲ့ သံလိုက်ကို စမ်းသပ်ပြနိုင်ခဲ့ပြီး အခုနောက်ဆုံး တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ သံလိုက်စက်ကွင်းကတော့ ၄၂.၀၂ တက်စလာ အားပြင်းကာ ကမ္ဘာ့အားအကောင်းဆုံးသံလိုက်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အခုလို စွမ်းဆောင်နိုင်တဲ့ သံလိုက်ကို ဖန်တီးနိုင်ခဲ့တာဟာ superconductor လို ကွယ်ဝှက်ထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကို ရှာဖွေနိုင်မယ့်၊ ရူပဗေဒဖြစ်စဉ်သစ်တွေကို လေ့လာနိုင်မယ့် အားပြင်းသံလိုက်စက်ကွင်းတွေ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ […]

ရက်ကွန်းဝံအကောင် ၁၀၀ လောက် ခြံထဲရောက်လာလို့ အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီ တောင်းခဲ့ရ

ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ […]

စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးပြိုင်ကားက လမ်းအမြန်နှုန်းစံချိန်တွေကို ချိုးဖျက်ဖို့ ရှိနေ

စွန့်ပစ်ပစ္စည်းတွေကို အသုံးပြု တည်ဆောက်ပြီး ရေဆိုးကနေတစ်ဆင့် ပြန်လည်ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားဟာ လမ်းအမြန်နှုန်း စံချိန်အများအပြားကို ချိုးဖျက်နိုင်ဖို့ ရှိနေပါတယ်။ ဝါးဝစ်တက္ကသိုလ်မှ ထုတ်လုပ်ရေးအဖွဲ့ဝင် ကျောင်းသားတွေက Waste2Race Le Mans Prototype (LMP3) ပြိုင်ကားကို တည်ဆောက်ခဲ့ကြတာပါ။ နောက်ကြည့်မှန်တွေကို သကြားမုန်လာပင်ရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး recycled လုပ်ထားတဲ့ ကာဗွန်ဖိုက်ဘာတွေကိုလည်း အစိတ်အပိုင်းငယ်တွေအဖြစ် အသုံးပြုထားပါတယ်။ ကားစတီယာရင်ကို သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ပဲ ဖန်တီးထားတာဖြစ်ပြီး ဘက်ထရီကတော့ တိုက်ကြေကားတစ်စီးကနေ ထုတ်ယူထားတာပါ။ Severn Trent Water စွမ်းအင်ကုမ္ပဏီရဲ့ စွန့်ပစ်ရေဆိုးကနေ ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင် အသုံးပြုပြီး LMP3 ပြိုင်ကားကို မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီကားဟာ တစ်မိုင်နဲ့ တစ်ကီလိုမီတာ ခရီးအကွာအဝေးနှစ်ခုလုံးအတွက် တာထွက်အမြန်ဆုံး၊ ပန်းဝင်အမြန်ဆုံးစံချိန်ကို […]

အိန္ဒိယနိုင်ငံသားတီထွင်တဲ့ အဝတ်လျှော်စက် ကမ္ဘာ့အသေးငယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန်တင်

အိန္ဒိယနိုင်ငံသားတစ်ဦး တီထွင်ခဲ့တဲ့ တစ်လက်မသာသာ အဝတ်လျှော်စက်ဟာ ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဆီဘင်ဆာဂျီ တီထွင်ခဲ့တဲ့ အဝတ်လျော်စက်ဟာ အလျား ၁.၂၈ လက်မ၊ အနံ ၁.၃၂ လက်မ၊ အမြင့် ၁.၅၂ လက်မပဲရှိပြီး အဝတ်လျော်စက်တစ်လုံးရဲ့ လုပ်ဆောင်မှုမျိုး လုပ်နိုင်ပါတယ်။ အဝတ်လျှော်၊ ရေညှစ်၊ လည်ပတ် စတဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်ပြနိုင်ခဲ့တာကြောင့် ကမ္ဘာ့အသေးငယ်ဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။ အလေးချိန်အားဖြင့် ဝ.၈၈ အောင်စပဲ လေးလံပြီး အဲဒီပမာဏက Oreo ကွတ်ကီး နှစ်ချပ်စာလောက်ပဲ ရှိပါတယ်။ Ref: World’s smallest washing machine is smaller than a TamagotchiNZ ( ရိုးရာလေး) Post […]