ylliX - Online Advertising Network

တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ် – BUR.MIZZIMA.COM

ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်​နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်​ရေး(လဝက)နှင့်အထွေ​ထွေအုပ်ချုပ်​ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မ​​ပေး​​​ကြောင်းနီးစပ်သူများထံကသိရသည်။ တရား​ရေး၊စားသုံးသူ​ရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မ​ပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကို​ပြောသည်။ ပြီးခဲ့သည့် ​အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် ​တောလမ်းမှ ထွက်​ပြေးတိမ်း​ရှောင်​ရန်ကြိုးပမ်းခဲ့​သော်လည်းတိုက်ပွဲပြင်းထန်မှု​ကြောင့် လှည့်ပြန်ခဲ့ရ​ကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အ​ထွေ​ထွေအုပ်ချုပ်​​ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်နီးစပ်သည့်​ဒေသခံများကို မြို့မှထွက်ခွာခွင့်​ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မ​ပေး​​​ကြောင်း သတင်းရရှိသည်။ “​​ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူ​တွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျ​သေးဘူး။ ​​မေ့​မေ့​ပျောက်​ပျောက်လိုပုံစံလုပ်ပြ​နေတာ။ ​အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူး​ပြောလာတယ်”ဟုအမ်းမြို့သစ်​ဒေသခံတဦးကမဇ္စျိမကို​ပြောသည်။ လက်ရှိအမ်းမြို့​ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]

ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး – BUR.MIZZIMA.COM

ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့​ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အလွန် စစ်ကောင်စီရဲ့ ထိန်းချုပ်မြို့တွေ လက်လွှတ်ရအုံးမလား (ဆောင်းပါး) – BUR.MIZZIMA.COM

တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]

လေးကေ့ကော်လက်လွှတ်လိုက်ရပြီးနောက် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ် အပြင်းအထန်ကြိုးစား – BUR.MIZZIMA.COM

ပုံအညွှန်း – မြဝတီကြိုဆိုပါ၏ ဆိုင်ပုဒ်ရှေ့တွင် တွေ့မြင်ရသည့် ဗျူဟာ၃၂စစ်ဆင်ရေးမှူးဗိုလ်ဒါဘောနှင့် တော်လှန်ရေးရဲဘော်များ (ပုံဟောင်း) ဟန်ထူးဇော် မြ၀တီမြို့အနီး လေးကေ့ကော်ဒေသကိုလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်များက အာရှလမ်းမကြီးကို စိုးမိုးနိုင်ရေး မြေပြင်စစ်ကြောင်းထိုးမှု အပြင်းအထန်လုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်. လေးကေ့ကော်မြို့သစ်နှင့် ၃၁ မိုင်အကွာ၊ မြ၀တီမြို့နှင့် ၂၁ မိုင်အကွာတွင်တည်ရှိသော ရင်ကွဲတောင်ကို စစ်ကောင်စီတပ်များက သိမ်းပိုက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။ ရင်ကွဲတောင်ခြေရင်းတွင် ပဲခူးတိုင်းဘုရားကြီးမှသည် ကရင်-ထိုင်းနယ်စပ် စစ်ရေးနှင့် စီးပွားရေးအရ မဟာဗျူကျသော မြ၀တီမြို့သို့ဆက်သွယ်ထားသော အာရှလမ်းမကြီးရှိသည်။ မြ၀တီ ကုန်သွယ်ရေးစခန်းသည် တရက်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းခွဲ ကုန်သွယ်မှုပမာဏရှိသည်။ ” မြေပြင်ကတော့ အင်အားများတယ်။ ထိုးစစ်ပြင်းပြင်းထန်ထန်လုပ်နေတယ်။ အရင်ပုံစံမဟုတ်ဘူး။ အတင်းဝင်လုံးတာ၊ လက်နက်ကြီးပစ်ကူပေးပြီး တတ်တယ်” ”ဟု ကရင်စစ်ဘက်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ […]

နမ့်ဖက်ကာမြို့နယ်တွင် ဗုံးသီးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး ၂ ဦး သေဆုံး – BUR.MIZZIMA.COM

မြန်မာသတင်း, သတင်း ပုံအညွှန်း- စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးအပိုင်းအစမြင်ကွင်း (ပုံဟောင်း) ငုခတ္တာ (မဇ္ဈိမ) ။ ။ မပေါက်ကွဲသေးသော လက်နက်ကြီး ဗုံးသီးတလုံးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးမှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ (၁) နယ်မြေ မန်အောင်ခရိုင်၊ နမ့်ဖက်ကာမြိုနယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ ပန်ခါးရွာတွင် ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထို ၆၀ (မမ) လက်နက်ကြီး ဗုံးသီးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း TNLA က ယနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် ထုတ်ပြန်သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အမျိုးသား နှစ်ဦးသည် ပန်ခါးရွာတွင်နေထိုင်သည့် ခွန်ဂျာချောင် (အသက် […]

စစ်ကောင်စီနှင့် အိန္ဒိယတို့ ကန်ဒေါ်လာ ၂၅၀,၀၀၀ တန် စီမံချက်များအတွက် လက်မှတ်ရေးထိုး – BUR.MIZZIMA.COM

001 မဇ္ဈိမ။ ။ စစ်ကောင်စီနှင့် အိန္ဒိယနိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ တန်ဖိုးရှိ စီမံချက်များ ဖော်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ ငါးစောင်ကို ယမန်နေ့ (အောက်တိုဘာလ ၁၄) က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)” အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံက စီမံချက်တခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၅)ထုတ် စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ QIP စီမံချက်သည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၁၀ ခုထဲမှ တခုအပါအဝင်ဖြစ်ပြီး […]

ခွဲခြားမှုတွေအပြင် စစ်ကောင်စီကိုပါ အတူရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ LGBT စုံတွဲ | ဆူးခင်းလမ်းက ပန်းသတင်း EP-11 – BUR.MIZZIMA.COM

မဇ္ဈိမ။ ။ အာဏာသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်အထိ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေထဲ ကရင်နီပြည်က လိင်တူချစ်သူ လူငယ်စုံတွဲလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကရင်နီပြည်နယ်မှာ ကရင်နီဧည့်သည်ဆေးခန်းနာမည်နဲ့ ဒေသခံတွေ တော်လှန်ရေးရဲဘော်တွေကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေကြသူတွေပါ။ လက်ရှိ တော်လှန်ရေးကာလမှာ သူတို့ ဘယ်လို ပါဝင်ဖြတ်သန်းနေပါသလဲ။ လိင်စိတ်ကွဲပြားသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ အမြင်ကရော ပြောင်းလဲလာနေပြီလားဆိုတာနဲ့ ပတ်သက်လို့ ဒီတပတ်ရဲ့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။ Source link