ylliX - Online Advertising Network

“MNDAA က တရုတ်ကို အာဏာဖီဆန်မှာလား။ နောက်ဆုတ်မှာလား” – သျှမ်းသံတော်ဆင့်

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ကုန်သွယ်ရေး အနေနဲ့ရော စစ်ရေးအခြေအနေနဲ့ရော အရပ်သားတွေရဲ့ အခြေအနေရော အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြောလို့ရလား။ ဒီကိစ္စ အခြေအနေကို သုံးသပ်ပေးပါအုံး။ ဖြေ။ ။ ဒီကိစ္စ အခြေအနေ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး၊ စစ်ရေး အခြေအနေရယ်၊ နောက်ပြီး လူမှုရေး အခြေအနေလို့ခေါ်တဲ့ အရပ်သားတွေရဲ့ အခြေအနေ အားလုံးဟာ အကျပ်အတည်းထဲ ဆိုက်ရောက်နေတယ်ဆိုတာ ဘာမှငြင်းစရာမလိုပါဘူး။ […]

ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု – Kachin News Group (KNG)

ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး  ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု appeared first on Kachin News Group (KNG). Source link

တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခု နောက်ဆုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ တိမ်းရှောင်သွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။ “သီပေါက တပ်တွေ ကျပြီးတဲ့နောက် တောင်းခမ်းဘက် လှည့်မယ်ဆိုတာ စစ်ကောင်စီကလည်း သိတယ်။ သူတို့လည်း ပြင်ဦးလွင်ဘက်ကကော၊ ရပ်စောက်ဘက်ကကော ရသမျှ အင်အား ဖြည့်နေတာပဲ။ လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ လက်နက် ရိက္ခာ […]

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇‌ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်များအတွင်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ ဒေသခံများက ပြောသည်။ နောင်ချို ဗုံးကြဲခံရ “မနေ့က TNLA တွေက သီတင်းကျွတ်ညဆိုတော့ ပွဲတွေလုပ်နေကြတာနေမှာ၊ ၁၀ နာရီထိုးခါနီး ဗုံးမကြဲခင်ထိတော့ သီချင်းသံတွေ ဆူညံနေသေးတယ်။ ၁၀ နာရီလောက်မှာ […]

လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု – Kachin News Group (KNG)

တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။ လုပီပြည်သူ့စစ်တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ “လုပီတပ် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်အထိ သိမ်းပိုက်လိုက်ပြီ လို့ အဲလောက်အထိပဲ သတင်းရသေးတယ်။ အပြီးသတ် သိမ်းနိုင်တာက ၁၂ နာရီခွဲ ၁ နာရီလောက်မှာ သိမ်းလိုက်တာလို့ ကြားတယ်။ ဘယ်လို ပုံစံနဲ့ သိမ်းလိုက်တဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီးတော့ တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ တပ်ရင်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ခုခံကာကွယ်ပေးခဲ့ပေမယ့် လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီးတော့  စစ်အင်အား တပ်ရင်းတစ်ခုစာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ တပ်ရင်းတစ်ခုလုံးသိမ်းပိုက်မှုအပြီး KIA တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီးတော့ ကချင်အလံစိုက်ထူလိုက်ပြီလို့လည်း သိရပါတယ်။ ပန်ဝါမြို့နဲ့ အနီးဆုံး ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လုပီနယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်ပြီဖြစ်တာကြောင့် ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။ လက်ရှိ အဲ့ဒီဒေသမှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ဖုန်းအင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေနဲ့ အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေနဲ့ ဆော့လော် မြို့ နှစ်ခုကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး တပြိုင်နက် လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကချင်နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ KIA တပ်တွေဟာ အခုလအတွင်းမှာပဲ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လာနိုင်လို့လည်း သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု appeared first on Kachin News Group (KNG). Source link

“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်” – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ […]

မိုးမောက်ဘက်ကို စစ်ကောင်စီ ထိုးစစ်ပြန်ဆင်၊ ဖားကန့်နဲ့ဝိုင်းမော်မှာ တိုက်ပွဲဆက်လက်ပြင်းထန် – THE 74 MEDIA

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော်နဲ့မိုးမောက်မြို့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့သလို ဖားကန့်နဲ့ ဝိုင်းမော်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်လာတဲ့အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link