RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]
မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပနေသည့် (၁၅) ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်က ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာကစားသမား ရဲထွန်းနောင်သည် ယနေ့ နို၀င်ဘာ ၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံပေါင်း ၆ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်သော ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် နို၀င်ဘာ ၁၀ ရက်တွင် Over Oll Championship ပြိုင်ပွဲသို့ […]
Breaking News (အမ်း) နိုဝင်ဘာ ၉ ရက် (ယနေ့)မနက်ပိုင်းအချိန်က မ ၃၇၁ အနီးရှိ အကြမ်းဖက် AA များအား Drop Bomb ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းရာ –(၁) AA အလောင်းများ (ရေတွက်ဆဲ)(၂) သေနတ် ၁၅ လက် AK-47 ၅ လက် M-22 ၄ လက် MA-1 ၂ လက် MA-2 ၁ လက် MA-3 ၃ လက်(၃) ခဲယမ်းများ၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့ပါသည်။ နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် အလောင်း/ လက်နက်များ ထပ်တိုးရရှိပါက ထပ်မံဖော်ပြပေးပါမည်။ အလောင်းကောက်ပြီး ပြန်ပြန်ပြေးတတ်တဲ့ အကြမ်းဖက် AA လည်း အခုတော့ အလောင်းတောင် […]
၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် လာဇီယိုအသင်းက ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ချယ်လ်ဆီးအသင်းကလည်း အာမေးနီးယား ကလပ်အသင်းကို ရှစ်ဂိုးပြတ်သွင်းယူကာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံး နိုင်ပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ ယူရိုပါလိဂ် ပွဲစဉ် ၄ ကို နိုဝင်ဘာ ၆၊ ၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်း နိုင်ပွဲစတင်ရရှိသော်လည်း ရေပန်းအစားဆုံး စပါးအသင်းမှာမူ ရှုံးပွဲစတင်ကြုံတွေ့ခဲ့သည်။ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများ အနက် စပါးအသင်းမှာ ဂါလာတာစာရေး အသင်းကို အဝေးကွင်း၌ (၃-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး မန်ယူအသင်းက PAOK အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုး၊ ဘီလ်ဘာအိုအသင်းက […]
Photos – CTUM Myanmar 001 (မဇ္ဈိမ) ။ ။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူမည့် အတည်ပြုချက်တရပ်ကို ILO အုပ်ချုပ်မှုကော်မတီ၏ နိုဝင်ဘာလ ၆ ရက်နေ့ အစည်းအဝေးတွင် ချမှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို (ILO) ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုအတည်ပြုချက်က ၂၀၂၅ နှစ်လယ်တွင် ပြုလုပ်မည့် အဖွဲ့ချုပ်ညီလာခံတွင် စစ်ကောာင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချရန် ညွှန်ကြားချက်ပေးလိုက်ခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။ “လာမယ့် […]
စစ်ကျောင်းကြီးများ တည်ရှိရာ ပြင်ဦးလွင်မြို့နယ်နှင့် နီးကပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၃ ရွာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ ပြင်ဦးလွင်မြို့၏အရှေ့ဘက်၊နောင်ချိုမြို့မြောက်ဘက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းရှိ တောင်ခမ်းကျေးရွာ၊ မန္တလေး-လားရှိုး လမ်းမကြီးပေါ်ရှိ သဲခေါ်ရွာနှင့် ဂန့်ကော်ကျေးရွာတို့ ဖြစ်သည်။ ယနေ့ (နိုဝင်ဘာ ၈ ရက်) နေ့လယ်ပိုင်းတွင် ဂန့်ကော်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပါဝင်သည့် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နှစ်ဘက် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။ ထိုရွာရှိစစ်စခန်းကို အောက်တိုဘာ ၂၈ ရက်တွင် လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဂန့်ကော်ရွာသည် စစ်တပ်မြို့ဖြစ်သည့် […]
RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲခေါင်ဒေသနိုင်ငံ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ထိုင်းဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်၊ နိုဝင်ဘာ ၆ တွင် တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး၊ လာအိုဝန်ကြီးချုပ် ဆုန်စေးတို့နှင့် သီးခြားစီ တွေ့ဆုံခွင့် ရခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း နိုင်ငံအများအပြားက စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိ၊ ကန့်သတ်ပိတ်ပင်ထားစဉ် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်လေ့ရှိသည့် အစည်းအဝေးကျင်းပသည့်နေရာသို့ စစ်ခေါင်းဆောင် သွားရောက်ပြီး ထိုသို့ တွေ့ဆုံနိုင်ခဲ့ရုံသာမက ရွေးကောက်ပွဲအစီအစဉ်အတွက် ထောက်ခံမှု ရယူနေခြင်း […]
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတိုနေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်ထားသည်။ အလားတူ ယင်းကဲ့သို သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် တစ်နှစ်၊ တစ်နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် သုံးနှစ်၊ သုံးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ငါးနှစ်၊ ငါးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ၁၀ နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ Related […]
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်တော(ဘအင်း)ရွာအတွင်း အကြမ်းဖက် PDF များ ဝင်ရောက်ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့်ကျွန်းလှပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လက်လုပ်စိန်ပြောင်း၊ လက်လုပ်ဗုံးသီးများနဲ့ PDF အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်… Related Source link