ylliX - Online Advertising Network

ကိုယ့်ရဲ့ Energy ကို ဘယ်လိုမြှင့်တင်ရမလဲ ? | HapEye.net

လူတစ်ယောက်မှာ Aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Energy ဆိုတာ ရှိပါတယ်။ကိုယ့်ရဲ့ Energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီးEnergy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွှမ်းပါတယ်။အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး Attract လုပ်တတ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို Negative Energy တွေ စပြီး ပေးပါတော့တယ်။ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို Positive Energy အဖြစ် ပြောင်းလဲကြည့်ပါ။ Meditationပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှူရှိုက်ပြီး […]

ကိုယ့်တန်ဖိုး ကိုယ်သိပါ။ | HapEye.net

ဘဝမှာ ကိုယ့်ဆီက လိုတာထက် အမြဲပိုရချင်သူ၊ ကိုယ့်ရဲ့တန်ဖိုးကို အသိအမှတ်မပြုတဲ့သူ၊ ကိုယ့်ဘက်ကို ဘယ်တော့မှ မကြည့်ပဲ သူ့ရဲ့ အကျိုးကို ဦးစားပေးတဲ့သူနားမှာ ကြာကြာမနေပါနဲ့။ ဒီလိုလူနား နေတာများရင် ကြာလာတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်မေ့လာမယ်။ ကိုယ်က အစွမ်းကုန်ကြိုးစားပေမယ့် ဘယ်တော့မှ မလုံလောက်သေးဘူးလို့ ခံစားလာရမယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံဖို့ ခက်ခဲလာမယ်။ ကိုယ့်ရဲ့တန်ဖိုးကို သိအောင်ကြိုးစားပါ။ ကိုယ်အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို သတ်မှတ်ပါ။ ကိုယ့်ကို တန်ဖိုးထားတဲ့သူအနားမှာတဲ့ နေပါ။ ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။ OpenMoreOnline ဘဝနေနည်း Source link

ကိုယ့်ရဲ့ Dark Side ကို လက်ခံပေးပါ | HapEye.net

လူ့ဘဝဆိုတာ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ခံစားမိဖို့ ပြန်လည်သင်ယူရတဲ့ ခရီးရှည်တစ်ခုပဲ။ ကလေးဘဝက ရင်ထဲမှာ ချစ်ခြင်းတရားနဲ့ မွေးဖွားလာတယ်။ ကြီးပြင်လာရင်း ကြုံတွေ့ရတဲ့ လောကဓံတွေ၊ အဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ ကောင်းကင်ပြာကို ဖုံးအုပ်သွားတဲ့ တိမ်စိုင်တိမ်မည်းတွေလိုပဲ ရင်ထဲက ချစ်ခြင်းတရားကို ဖုံးလွှမ်းသွားတယ်။ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ပြန်ရှာဖွေဖို့ ကိုယ့်ရဲ့ Dark Side လို့ခေါ်တဲ့ အတိတ်ကအဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်လာတဲ့ နာကျင်ရတဲ့ ခံစားချက်တွေကို လက်ခံပေးနိုင်ဖို့ လိုပါတယ်။ ဒါတွေကို လက်ခံပေးနိုင်မှပဲ လွှတ်ချနိုင်မှာပါ။ တိမ်စိုင်တိမ်မည်းတွေနဲ့တူတဲ့ ခံစားချက်အဟောင်းတွေကို လွှတ်ချနိုင်မှပဲ ကောင်းကင်ပြာနဲ့တူတဲ့ ရင်ထဲက ချစ်ချင်းတရားကို ပြန်ပြီးခံစားမိမှာပါ။ ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။ OpenMoreOnline […]

ကိုယ်ချင်းစာစိတ် | HapEye.net

မွန်းကျပ်တဲ့အရသာကို သိလို့ တစ်ဖက်လူကို လွတ်လပ်မှု ဘယ်လိုပေးရမလဲဆိုတာ တွေးပေးတတ်တယ်။ စိတ်ဖိစီးမှုကို ခံစားဖူးလို့ တစ်ဖက်လူကို စိတ်သက်သာရအောင် ပြောပေးတဲ့အကျင့်ရှိတယ်။ ရပိုင်ခွင့်တွေ ဆုံးရှုံးဖူးလို့ တစ်ဖက်လူရဲ့ ရပိုင်ခွင့်ကို လေးစားနားလည်ပေးတတ်တယ်။ ကျရှုံးဖူးလို့ တခြားသူတွေ ရှုံးနိမ့်တဲ့အခါ အပြစ်တင်မယ့်အစား အားပေးဖြစ်တယ်။ ဆုံးရှုံးဖူးလို့ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးထားရကောင်းမှန်း သိတယ်။ ဘဝမှာ အဆိုးတွေကြုံတဲ့အခါ အဲ့ဒီအဆိုးတွေကို နောက်လူတွေ ထပ်မခံစားရအောင် ကိုယ့်ဆီကပဲ စပြီး ပြင်ဖိုကြိုးစားတယ်။ ဒါကို ကိုယ်ချင်းစာစိတ် လို့ သတ်မှတ်နိုင်ပါတယ်။ နေ့စဉ် ဘဝတွေဟာ မလွယ်ကူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ် မထားဘဲ ကိုယ်ခံရသလို သူလည်း ခံရမယ်ဆိုတဲ့ စိတ်နဲ့တွေးရင်း နေ့ရက်တွေဟာ သတ်ကွင်းတစ်ခုနဲ့ တူနေပါလိမ့်မယ်။ ဘဝဟာ ဒီလောက် ခက်ခဲမနေသင့်ပါဘူး။ […]

စိတ်အကြည်ဓာတ်ကို ဘယ်လိုထိန်းမလဲ | HapEye.net

စိတ်အကြည်ဓာတ်ကို Good Vibe လို့ သုံးကြတယ်။ ကိုယ့်ရဲ့စိတ်က ကြည်လင်နေတယ်၊ ရှင်းလင်းနေတယ်၊ အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ ဒီနေ့ခေတ်မှာ ခေတ်မီတိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ လိုအင်ဆန္ဒတွေများလာကြတယ်။ ဘာလုပ်လုပ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လုပ်ဖို့ထက် ခပ်လောလော၊ ခပ်ပြာပြာ လုပ်လာကြတယ်။ တစ်ယောက်ကို တစ်ယောက် မေတ္တာထားဖို့ထက် ကိုယ့်ရဲ့ အတ္တတွေကို ရှေ့တန်းတင်လာကြတယ်။ ယှဉ်ပြိုင်မှုတွေဟာ ကောင်းမွန်တဲ့ ယဉ်ပြိုင်ပုံကနေ သူတစ်ပါးကို နင်းချတဲ့ ယှဉ်ပြိုင်ပုံတွေ ပြောင်းလာတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ အဆိပ်အတောက်တွေများလာပြီး နေ့စဉ်ဘဝမှာ အကြည်ဓာတ်ကို ထိန်းထားဖို့ ခက်ခဲလာတယ်။ ဒီတော့ အကြည်ဓာတ်ကို ဘယ်လိုထိန်းရမလဲ။ အဖြေကတော့ ကိုယ့်ဆီမှာပဲ ရှိပါတယ်။ တစ်ခြားသူက ကိုယ့်ကို ရန်လိုလာတဲ့အခါ ဒါဟာ ရန်လိုတဲ့ သူရဲ့ စိတ်ထဲက […]

ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက် လှုပ်ရှားကစားပါ | HapEye.net

”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဟူသော စကားရပ်၏ တန်ဖိုးသည် နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်တွင်မှ ပေါ်လွင်လာလေ့ ရှိသည်။ လူအများစုအဖို့ နေထိုင်ကောင်းချိန်၊ ကျန်းမာရေး ကောင်းမွန်လာချိန်တွင် ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို အမှတ်တမဲ့ ဖြစ်နေလေ့ရှိသည်။ ဖျားနာကာ ရောဂါဘယဖြစ်ပွား၍ မထနိုင် မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ တစ်နည်းအားဖြင့် လူဖြစ်ရှုံးသွားရနိုင်သည်။ ထို့ကြောင့် ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်ရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကြံ့ခိုင်ဖျတ်လတ် သွက်လက်ခြင်းတို့ ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်သည်။ သို့မှသာ အကောင်းဆုံးသော အရာများ၊ အောင်မြင်မှုများကို ရယူဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မြန်မာစကားတွင် ”အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”ဟူ၍ရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု […]

ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း | HapEye.net

ဒီမေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိဖူးလား။ ဘာလို့ င့ါဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတာလဲ။ မေးဖူးတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါ။ ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေတုန်းကနဲ့မတူပဲ တိုးတက်မှုတွေ မြန်ဆန်လာပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးက သူတွေနဲ့ ချိတ်ဆက်လို့ရမယ့် Facebookလိုမျိုး Social Mediaတွေ ပေါ်လာတယ်။ အင်တာနက် ဖွင့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှ သတင်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရလာတယ်။ နည်းပညာတိုးတက်မှုရဲ့ ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ အချိန်ကုန်သက်သာပြီး ဘာမဆို မြန်မြန်ရလာတာပါပဲ။ ဒါပေမယ့် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေက တွဲပြီးပါလာပါတယ်။ အချိန်နဲ့အမျှ သတင်းတွေ ကြည့်လို့ရနေတယ်။ စက္ကန့်မလပ် လူတိုင်းနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ပြင်ပက အကြောင်းအရာတွေနဲ့ ပြည့်နှက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာအလွန်နည်းပါးလာပါတယ်။ […]