ylliX - Online Advertising Network
Good Vibe

စိတ်အကြည်ဓာတ်ကို ဘယ်လိုထိန်းမလဲ | HapEye.net


စိတ်အကြည်ဓာတ်ကို Good Vibe လို့ သုံးကြတယ်။ ကိုယ့်ရဲ့စိတ်က ကြည်လင်နေတယ်၊ ရှင်းလင်းနေတယ်၊ အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။

ဒီနေ့ခေတ်မှာ ခေတ်မီတိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ လိုအင်ဆန္ဒတွေများလာကြတယ်။

ဘာလုပ်လုပ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လုပ်ဖို့ထက် ခပ်လောလော၊ ခပ်ပြာပြာ လုပ်လာကြတယ်။

တစ်ယောက်ကို တစ်ယောက် မေတ္တာထားဖို့ထက် ကိုယ့်ရဲ့ အတ္တတွေကို ရှေ့တန်းတင်လာကြတယ်။

ယှဉ်ပြိုင်မှုတွေဟာ ကောင်းမွန်တဲ့ ယဉ်ပြိုင်ပုံကနေ သူတစ်ပါးကို နင်းချတဲ့ ယှဉ်ပြိုင်ပုံတွေ ပြောင်းလာတယ်။

ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ အဆိပ်အတောက်တွေများလာပြီး နေ့စဉ်ဘဝမှာ အကြည်ဓာတ်ကို ထိန်းထားဖို့ ခက်ခဲလာတယ်။

ဒီတော့ အကြည်ဓာတ်ကို ဘယ်လိုထိန်းရမလဲ။ အဖြေကတော့ ကိုယ့်ဆီမှာပဲ ရှိပါတယ်။

တစ်ခြားသူက ကိုယ့်ကို ရန်လိုလာတဲ့အခါ ဒါဟာ ရန်လိုတဲ့ သူရဲ့ စိတ်ထဲက မလုံခြုံမှု၊ စိတ်ပင်ပန်းမှုတွေကနေ အခြေခံလာတယ် ဆိုတာကို နားလည်ပြီး ရန်ကို ရန်နဲ့ မတုံ့ပြန်ဘဲ အကျိုးသင့်၊ အကြောင်းသင့်ပဲ ပြန်ပြောမယ်။ တစ်ဖက်က ပိုပြီးလွန်လာရင် ဆက်မပြောသေးဘဲ ခဏရှောင်ပေးလိုက်မယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ‘သူမှန်၊ ကိုယ်မှား’ လား၊ ‘ကိုယ်မှန်၊ သူမှား’ လား၊ တစ်ယောက်ယောက်တော့ နိုင်မှရမယ်လို့ မတွေးဘဲ နှစ်ယောက်စလုံးအတွက် အဆင်ပြေမယ့် ဖြေးရှင်းနည်းကို ရှာမယ်။

ကောင်းတာတွေကို တွေးရင် ကောင်းတာတွေ ဖြစ်လာပြီး အဆိုးတွေကို တွေးရင် အဆိုးတွေဖြစ်လာတယ် ဆိုတာကို ယုံမယ်။

နေ့စဉ်ဘဝမှာ ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ ကြုံလာတဲ့အခါ ဒေါသထွက်ပြီး မဆဲဆိုဘူး။ အဲ့ဒီအစား ကောင်းတဲ့ အတွေးကိုပဲ အာရုံစိုက်တွေးမယ်။

စိတ်ကို မထိန်းနိုင်ဘဲ ဒေါသထွက်နေတဲ့အခါ ကိုယ့်ဒေါသကို တခြားသူဆီ ပုံမချဘူး။ စကားပြောချင်စိတ် မရှိသေးရင် လူတွေနဲ့ မတွေ့သေးဘဲ တစ်ယောက်တည့်း ခဏလေးနေလိုက်မယ်။

လူတစ်ယောက် အမှားလုပ်တဲ့အခါ အပြစ်တင်ဝေဖန်ဖို့ထက် နောက် ထပ်မမှားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကိုပဲ ပြောမယ်။

ဒီလိုနဲ့ အကြည်ဓာတ်ကို ကိုယ့်စီကနေစလိုက်တဲ့အခါ ကိုယ့်ရဲ့ အကြည်ဓာတ်တွေဟာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့လာမယ်။

တဖြည်းဖြည်းနဲ့ အဆိပ်အတောက်များတဲ့ ပတ်ဝန်းကျင်ကနေ အကြည်ဓာတ်တွေများတဲ့ ပတ်ဝန်းကျင်ဖြစ်လာမယ်။

တစ်ခုထပ်ပြီးပြောပါရစေ။ ကိုယ်ကနေ စပါ။

တစ်ခြားသူတွေက အဆိပ်အတောက်ဖြစ်နေပြီး ကိုယ်တစ်ယောက်ထဲ ကောင်းနေလို့ အဆင်မပြေဖူးလို့တွေးရင် အကြည်ဓာတ်ကို ဘယ်တော့မှ မရနိုင်ပါဘူး။

အကြည်ဓာတ်ကိုထိန်းဖို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။ အကြည်ဓာတ်ကို ကိုယ့်ဆီကနေ စတင်ပါ။

ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။

OpenMoreOnline

ဘဝနေနည်း





Source link

Leave a Reply

Your email address will not be published. Required fields are marked *